[မီဒီယာဖိတ်ကြားလွှာ] ကြံရာပါအဖြစ်မှ မူအပေါ်ကိုအခြေခံသော ခေါင်းဆောင်မှုဆီသို့ – မြန်မာပြည်သူများအပေါ် အာဆီယံ၏ တာဝန်ယူမှု တာဝန်ခံမှု

[မီဒီယာဖိတ်ကြားလွှာ] ကြံရာပါအဖြစ်မှ မူအပေါ်ကိုအခြေခံသော ခေါင်းဆောင်မှုဆီသို့ – မြန်မာပြည်သူများအပေါ် အာဆီယံ၏ တာဝန်ယူမှု တာဝန်ခံမှု

မီဒီယာဖိတ်ကြားလွှာ
Myanmar National Organizing Committee for ACSC/APF
အာဆီယံအရပ်ဘက်လူထုအဖွဲ့အစည်းများညီလာခံ/အာဆီယံလူထုဖိုရမ် ၂၀၂၅
ကွာလာလမ်ပူမြို့၊ မလေးရှားနိုင်ငံ
(အွန်လိုင်း။ ။ စက်တင်ဘာ ၁ – ၃၁)/(လူတွေ့။ ။ အောက်တိုဘာ ၁၄ – ၁၅)

မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၃ ဖွဲ့ဖြင့် စုဖွဲ့ထားသော Myanmar National Organizing Committee (Myanmar NOC) for ACSC/APF သည် အွန်လိုင်းနှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် လူတွေ့ ပုံစံနှစ်မျိုးဖြင့် ကျင်းပမည့် ၂၀၂၅ အာဆီယံအရပ်ဘက်လူထုအဖွဲ့အစည်းများညီလာခံ/ အာဆီယံလူထုဖိုရမ် (ACSC/APF 2025) ကို ပါဝင်တက်ရောက်မည်ဖြစ်သည်။ ACSC/APF 2025 သည် ၁) နီယိုလစ်ဘရယ်ဝါဒ (Neoliberalism) နှင့် ဒေသတွင်းအစားထိုးသီးခြားစုစည်းမှုပုံစံ (Alternative Regionalism)၊ ၂) နိုင်ငံအဆင့်အကြမ်းဖက်မှု၊ စစ်ဘက်ဆိုင်ရာတိုးချဲ့လုပ်ဆောင်မှုဝါဒ၊ တစ်မျိုး သားလုံးလွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ ၃) နည်းပညာလက်ဝါးကြီးအုပ်မှု၊ ဒစ်ဂျစ်တယ်အာဏာရှင်ဝါဒနှင့် အင်တာနက်လွတ်လပ်ခွင့်၊ ၄) ဂေဟဆိုင်ရာအကျပ်အတည်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး၊ စိုက်ပျိုးမြေယာနှင့် မြို့ပြအရေးကိစ္စများ၊ ၅) တိုင်းရင်းသားနှင့် ဖယ်ကြဥ်ခံပြည်သူများနှင့် ဂျန်ဒါဆိုင်ရာ တရားမျှတမှု၊ ၆) ငြိမ်းချမ်းရေး တည်ဆောက်မှု၊ လူသားဘေးကင်းလုံခြုံရေးနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု၊ ၇) စီးပွားရေးဆိုင်ရာတရားမျှတမှုနှင့် အလုပ်သမားပြည်သူများ၊ ၈) CSO များ၏ ရေရှည်တည်တံ့ မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းဟူသော ဆုံမှတ်နယ်ပယ်ကြီး (Convergence Space) ရှစ်ခုအောက်တွင် အွန်လိုင်းအလုပ် ရုံဆွေးနွေးပွဲများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ လူတွေ့ဆွေး နွေးပွဲများကို မလေး ရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၁၄ နှင့် ၁၅ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်သည်။

ACSC/APF သည် အာဆီယံဒေသမှ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပြည်သူများက နိုင်ငံတွင်း၊ ဒေသတွင်း၊ နှင့် ကမ္ဘာလုံးဆိုင်ရာနယ်နိမိတ်အနှံ့ရှိ အရေးကိစ္စများစွာကို ဆွေးနွေး၊ ညှိနှိုင်းအဖြေရှာသည့် နှစ်စဥ်ညီလာခံတစ်ခု ဖြစ်သည်။ ယခုနှစ် ညီလာခံ၏ ပင်မနောက်ခံအကြောင်းအရာမှာ “ဖုံးကွယ်ခံထားရသောအာဆီယံ” (“The Hidden ASEAN”) ဖြစ်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် Myanmar NOC သည် International Peace Bureau – Philippines၊ Thai Action Committee for Democracy in Burma (TACDB) ၊ ALTSEAN-Burma နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအာရှဖိုရမ် (FORUM-ASIA) တို့နှင့်အတူ နိုင်ငံအဆင့်အကြမ်းဖက်မှု၊ စစ်ဘက်ဆိုင်ရာတိုးချဲ့မှုဝါဒ၊ တစ်မျိုး သားလုံး လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ဟူသော အကြောင်းအရာ ခေါင်းစဉ်အောက်တွင် “ကြံရာပါအဖြစ်မှ မူအပေါ်ကို အခြေခံသော ခေါင်းဆောင်မှုဆီသို့ – မြန်မာပြည်သူများအပေါ် အာဆီယံ၏ တာဝန်ယူမှု တာဝန်ခံမှု” ဟုအမည်ရသော အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဒေသတွင်းအဖွဲ့ကြီးဖြစ်သည့် အာဆီယံက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် ဆက်လက်ကြိုးပမ်းနေလျက် ရှိရာ ဤအလုပ်ရုံဆွေးနွေးပွဲသည် စစ်အုပ်စုအဆိုးအညစ်ကို အဆုံးသတ်ပြီး အားလုံးပါဝင်သော အောက်ခြေမှ အထက်သို့ဦးတည်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် မြန်မာပြည်သူများ၏ အားထုတ်ကြိုးပမ်း မှုများနှင့် တရားမဝင်စစ်အုပ်စု၏ နောက်ဆုံးဖြစ်ပေါ်နေသော မြန်မာနိုင်ငံကို ထိန်းချုပ်ရန်ကြိုးပမ်းမှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံလေ့လာချက်တစ်ရပ်နှင့် ဖိလစ်ပိုင်နိုင်ငံမှ ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဌအဖြစ် လွှဲပြောင်းတာဝန်မယူမီ အကြံပြုတိုက်တွန်းချက်များ အပါအဝင်၊ မလေးရှားနိုင်ငံ၏ ခေါင်းဆောင်မှုကာလအတွင်း မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံ၏ချဥ်းကပ်ပုံအပေါ် လေ့လာသုံးသပ်ချက်နှင့် ဆန်းစစ်အကဲဖြတ်ချက်များ ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ နေ့ရက်/အချိန်  –  ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉၊ တနင်္လာ/ နေ့လယ် ၁ မှ ၃ နာရီထိ  (ဘန်ကောက်အချိန်)

တင်ပြဆွေးနွေးသူ – Debbie Stothard၊ တည်ထောင်သူနှင့် ညှိနှိုင်းဆောင်ရွက်ရေးမှူး၊  ALTSEAN-Burma

ပါဝင်ဆွေးနွေးမည့်သူများ

  • ဦးစိန်လှိုင်၊ အမှုဆောင်ဒါရိုက်တာ၊ ညီမျှခြင်းမြန်မာ
  • ဆန်ထွယ်၊ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင်၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)
  • မီးလေး၊ အဖွဲ့ဝင်၊ Southern Initiatives

အလုပ်ရုံဆွေးနွေးပွဲအတွက် စာရင်းပေးသွင်းရန် – https://us06web.zoom.us/webinar/register/WN_kt_oM6AzTdGKvqZUxWI1qw?#/registration

မီဒီယာများ ထပ်မံစုံစမ်းလိုပါက ဆက်သွယ်ရန်

Myanmar National Organizing Committee, MMNOC.ACSCAPF@proton.me

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia