AIRBUS SE ဥရောပ လေကြောင်း ကုမ္ပဏီ မှ AviChina တရုတ်အစိုးရပိုင် စစ်လေယာဉ်ထုတ် ကုမ္ပဏီ နှင့် လက်တွဲဖြုတ်ခြင်းကို အထူး ကြိုဆို

AIRBUS SE ဥရောပ လေကြောင်း ကုမ္ပဏီ မှ AviChina တရုတ်အစိုးရပိုင် စစ်လေယာဉ်ထုတ် ကုမ္ပဏီ နှင့် လက်တွဲဖြုတ်ခြင်းကို  အထူး ကြိုဆို

ဥရောပ အကြီးဆုံး လေကြောင်း ကုမ္ပဏီ AIRBUS သည် တရုတ်အစိုးရ စစ်တပ်ပိုင် လေယာဉ်ထုတ်လုပ်ရေးနှင့် စစ်ရေးနည်းပညာ ကုမ္ပဏီ Aviation Industry Corporation of China (AVIC) ၏ လုပ်ငန်းခွဲဖြစ်သော AviChina Industry & Technology Company Limited နှင့် ရင်နှီးမြုပ်နှံမှု ပူးပေါင်း လုပ်ကိုင်ခြင်းကို ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ရပ်တန့်ခဲ့သည့်အပေါ် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign) အနေဖြင့် အထူး ကြိုဆိုလိုက်သည်။

ယခုကဲ့သို့ AIRBUS အနေဖြင့်  AviChina ကုမ္ပဏီနှင့် ရင်းနှီး မြုပ်နှံမှုဆိုင်ရာ လက်တွဲဖြုတ်ခြင်းသည် မြန်မာ စစ်အုပ်စုအတွက် နိုင်ငံရေး အရ အကြီးအကျယ် ထိခိုက်မည်။ အကြမ်းဖက် စစ်အုပ်စုကို လေယာဉ်၊ စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာ ထောက်ပံ့ပေးနေသော တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC အတွက် အရှက်ရဖွယ် ထိုးနှက်ချက်ဖြစ်ပါသည်။

ထို့အပြင် Airbus နှင့် AVIC အကြား ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင်လည်း ဆိုးရွားသည့် ထိခိုက်မှုများရှိလာပေမည်။ ယင်းအချက်သည်ပင် စစ်အုပ်စုမှ ကျုးလွန်နေသည့် ရာဇဝတ်မှုများကို ဂုဏ်သိက္ခာရှိသည့် လူ့အသိုင်းအဝိုင်းမှ လက်မခံကြောင်း ပြသနေပါသည်။ တခြားသော နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်လည်း  စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ဆက်နွယ် ပံ့ပိုး နေခြင်းများကို ချက်ချင်းရပ်တန့်ရမည် ဖြစ်သည်။

AIRBUS  အနေဖြင့်  စစ်အုပ်စု ၏ အကြမ်းဖက် စစ်ဆင်ရေး လေကြောင်း တိုက်ခိုက်မှုများအတွက် အားထားရာ တရုတ် အစိုးရပိုင်  AviChina ကုမ္ပဏီ မှ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်လိုက်ခြင်းသည် ပြည်တွင်း၊ ပြည်ပ တော်လှန်လူထု တဦးချင်းစီ နှင့် အဖွဲ့အစည်း ၃၆၁ ဖွဲ့မှ စစ်အုပ်စု၏ ဖိနှိပ်ခြိမ်းခြောက်မှု အကြမ်းဖက်မှုများ ကြားမှ ရရာနည်းဖြင့်  သွေးစည်းညီညွတ်စွာ ပါဝင်ခဲ့ကြသော #AirBus2AirStrikes လှုပ်ရှားမှု၏ အောင်မြင်မှု ရလဒ် တခု ဖြစ်ပါသည်။

တော်လှန်ရေးနှင့် သပိတ် အင်အားစုများ၊ လူ့အခွင့်အရေး နှင့် သုတေသန အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ အရပ်ဘက် အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများ၊ မသန်စွမ်း၊ အမျိုးသမီးနှင့် အလုပ်သမား၊ လယ်သမား အစုအဖွဲ့များ၊ အကြမ်းမဖက် အာဏာဖီဆန်သူများ (CDMers)၊ စစ်အုပ်စု ယန္တရား အတွင်းမှ တော်လှန်ရေးတွင် ပါဝင်နေသူများ (တော်လှန် ဖရဲသီးများ)၊ နယ်သာလန်နိုင်ငံ နှင့် နိုင်ငံတကာ အခြေစိုက် မြန်မာပြည်သူများ ၏ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအားထုတ် လှုပ်ရှားမှုများကြောင့် ရရှိလာသည့် ပြည်သူ့အောင်ပွဲ ဖြစ်ပြီး ဝမ်းသာ ဂုဏ်ယူ ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ မူလန်က…

“အကြမ်းဖက် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့  လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တရုတ်အစိုးရပိုင် AVIC, AviChina ကုမ္ပဏီတွေကနေ အဓိက အထောက်အပံ့ ရရှိနေတာဖြစ်တယ်။ AIRBUS ကုမ္ပဏီ အနေနဲ့  စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ်  ဆက်လက် ခိုင်မာစွာ ရပ်တည်ဖို့လည်း လိုအပ်ပါတယ်။

လက်ရှိမှာ Airbus ဟာ တရုတ်နိုင်ငံအတွင်းမှာ AVIC နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောက်ရွက်တာတွေရှိနေသေးတဲ့အတွက် Airbus ဟာ သူ့ရဲ့ လုပ်နိုင်စွမ်း  ဩဇာအရှိန်အဝါကို သုံးပြီး AVIC ကို မြန်မာစစ်အုပ်စုနဲ့  စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်ဖို့ ဆက်လက် ဖိအားပေး လုပ်ဆောင်ရပါမယ်” ဟုပြောသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု, bloodmoneycampaign21@protonmail.com


pdf ဖိုင် ရယူရန် in English | Myanmar

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia