Statement 190 Views

သတင်းထုတ်ပြန်ကြေညာချက် – မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် သက်ရှင်ကျန်ရစ်သူများနှင့် ထိခိုက်ခံစားရသည့် လူထုများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် အရပ်ဘက်လူထုအဖွဲ့အစည်းများတောင်းဆို

March 31st, 2025  •  Author:   265 Civil Society Organizations  •  7 minute read
Featured image

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၃၀ ရက်နေ့

သတင်းထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် သက်ရှင်ကျန်ရစ်သူများနှင့် ထိခိုက်ခံစားရသည့် လူထုများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် အရပ်ဘက်လူထုအဖွဲ့အစည်းများတောင်းဆို

အကူအညီပေးရေးအဖွဲ့အစည်းများအနေဖြင့် ကယ်ဆယ်ရေးအကူအညီများကို စစ်အုပ်စု၏ အမြတ်ထုတ်မှု မရှိစေရေး သေချာစွာ လုပ်ဆောင်ရမည်

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့ခံစားနေရသော ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူလူထုများအတွက် အလွန်ပင်ဝမ်းနည်း ကြေကွဲရပါကြောင်း အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၅ ဖွဲ့တို့မှ ထုတ်ဖော်ပြသအပ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ဆောင်မှုများ မြင့်တက်လာနေချိန်တွင် နောက်ထပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရခြင်းဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရင်းအမြစ်များကို ချက်ခြင်းစုစည်းပြီး ငလျင်လှုပ်ခတ်မှု၏ဒဏ်ကြောင့် ထိခိုက်ခံစားရသော အသက်ရှင်ကျန်ရစ်သူများနှင့် လူမှုအသိုင်းအဝိုင်းများထံသို့ အရေးပေါ်အကူအညီများ တိုက်ရိုက်ပေးပို့ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (Ethnic Resistance Organizations – EROs)၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံလူထုအခြေပြု အဖွဲ့အစည်းများ နှင့် မြေပြင်ရှိကယ်ဆယ်ရေးလုပ်ဆောင်နေသူများမှတစ်ဆင့် ပေးပို့လုပ်ဆောင်ရမည်။ ထို့အပြင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ကြိုးပမ်းလုပ်ဆောင်မှုများသည် မည်သည့်မိတ်ဖက်အဖွဲ့များ မှတစ်ဆင့် လုပ်ဆောင်သည်ဖြစ်စေ စစ်အုပ်စုမှ ၎င်း၏နိုင်ငံရေးနှင့် စစ်ရေးအရ အမြတ်ထုတ်ရန်အတွက် ခေါင်းပုံဖြတ်ခြင်း၊ ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ်အသုံးချခြင်းများ မရှိစေရေး သေချာစွာ ဆောင်ရွက်ရန် မိမိတို့မှ အလေးပေးတိုက်တွန်းလိုက်သည်။

ပြင်းအား ၇.၇ ရှိပြီး ဆယ်စုနှစ်ခုနှစ်ခုနီးပါးအတွင်း ဒေသတွင်း၌ဖြစ်ပေါ်သော အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည့် သောကြာနေ့က လှုပ်ခတ်သွားခဲ့သောငလျင်သည်  လူပေါင်း ၂,၅၀၀ ကျော်သေဆုံး[1]စေခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများအတွက် များစွားသော ပျက်စီးဆုံးရှုံးမှု များကို ဖြစ်ပေါ်စေခဲ့သည့်အပြင် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများ ပျက်စီးသွားခဲ့ပြီး သောင်းနှင့်ချီသော လူ့အသက်များကိုလည်း ဘေးအန္တရာယ်ကျရောက်စေခဲ့သည်။ လမ်းများနှင့် တံတားများ ပြိုပျက်ကာ ဆေးရုံများသည်လည်း ပြည့်လျှံနေသည်သာမက နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ပျက်စီးမှုများ ထပ်မံဖြစ်လာနိုင်မည်ကို စိုးရိမ်နေကြရသဖြင့် ချက်ချင်းနှင့် ပိတ်ပင်တားဆီးမှုမရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အရေးတကြီး လိုအပ်နေလျက်ရှိသည်။ ငလျင်ဒဏ်ခံရသော ဒေသများထဲတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ပဲခူး တိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့်တောင်ပိုင်းနှင့် နေပြည်တော် တို့ပါဝင်သည်။ ယင်းဒေသအများစုမှာ NUG၊ EROs နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုနှင့် အုပ်ချုပ်မှုအောက်တွင် ရှိသည်။ စစ်အုပ်စုသည် ငလျင်ဒဏ် သင့်ထားသည့် ၎င်းထိန်းချုပ်ထားသောဒေသ၌ဖြစ်စေ၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသ၌ဖြစ်စေ ၎င်းကိုဆန့်ကျင်တော်လှန်သည့် အစုအဖွဲ့များအား တိုက်ခိုက်ရန်နှင့် လွှမ်းမိုးအုပ်စိုးရန်အတွက် နိုင်ငံတကာအကူအညီများကို လက်နက်သဖွယ်အသုံးချရန် ကြိုးပမ်းလိမ့်မည်။ စစ်အုပ်စုလမ်းကြောင်းများ မှတစ်ဆင့် အကူအညီများ ပေးအပ်ခြင်း၏ အန္တရာယ်ရှိမှုကို မြန်မာနိုင်ငံ၏ သမိုင်းက ပြင်းထန်သော သတိများ ပေးထားပြီးဖြစ်သည်။

၂၀၀၈ ခုနှစ် ဆိုင်ကလုံးနာဂစ်ဖြစ်စဉ်တွင် ထိုစဥ်ကစစ်အာဏာရှင်သည် ၎င်းရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အတုအယောင် လူထုဆန္ဒခံယူပွဲ၏ ရလဒ်ကို ခြယ်လှယ်ရန်အလို့ငှါ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေး ကြိုးပမ်းမှုများကို လက်နက်သဖွယ် အသုံးပြုခဲ့သည်။ နိုင်ငံအတွင်းသို့ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပြီး အကူအညီများ အလွန်အမင်းလိုအပ်နေသည့် အသက်ရှင်ကျန်ရစ်သူများကို အကူအညီမပေးဘဲ စစ်တပ်ကရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံမဲများ ပေးမှသာလျှင် အကူအညီများကိုပေးမည်ဟု လုပ်ဆောင်ခဲ့ပြီး ၎င်း၏ထိန်းချုပ်မှုနှင့် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်ကို အာမခံမှုရှိစေရန်အတွက် လူထုတို့၏ဆန္ဒမဲများကို အကူအညီများ နှင့် အတင်းအကျပ် အလဲအလှယ် လုပ်စေခဲ့သည်။ လိုအပ်သူများထံ အကူအညီများ ပေးပို့ရန် ကြိုးပမ်းခဲ့ကြသည့် ဒေသခံစေတနာ့ဝန်ထမ်းများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ အများအပြားကိုလည်း ထိုစဥ်စစ်အာဏာရှင်က ဖမ်းဆီးထောင်ချခဲ့သည်။ ထိုကဲ့သို့ မရှိမဖြစ်သော အခြေခံအကူအညီများကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေခဲ့ခြင်းကြောင့် အရပ်သားကို အစုအပြုံလိုက် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားစေခဲ့သည်။ နောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ အကူအညီများ ဝင်ရောက်ခွင့် ပြုလိုက်သည့် အချိန်တွင်လည်း စစ်အာဏာရှင်နှင့် ၎င်း၏အရာရှိများသည် စစ်အာဏာရှင်နှင့်ဆက်စပ်သော မဲဆန္ဒ နယ်များကို အကျိုးအမြတ်ဖြစ်စေသည့်ကိစ္စများ အပါအဝင် ၎င်းတို့၏ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံရေး အကျိုးအမြတ် အတွက် လှည့်ပြောင်းအလွဲသုံးစားခဲ့ကြသည်။ ဤသည်မှာ နိုင်ငံရေးအာဏာ တည်ဆောက်ရန်နှင့် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် မြန်မာလူထုများ၏ နာကျင်ခံစားမှုများကို ရက်စက်ကြမ်းကြုတ်စွာ ခြယ်လှယ် အမြတ်ထုတ်ခဲ့သော မြန်မာစစ်တပ်၏ လုပ်ရပ်ဥပမာတစ်ခု ဖြစ်သည်။

မြန်မာစစ်တပ်၏ အကူအညီများအပေါ် အမြတ်ထုတ်မှုသည် ယနေ့အချိန်ထိ ဆက်လက်တည်ရှိနေပြီး၊ ယင်းကို မကြာသေးခင်က ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များဖြစ်သော ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမိုခါ၊ ၂၀၂၄ ခုနှစ်တွင်ဖြစ်ခဲ့သည့် တိုင်ဖုန်းယာဂီ၊ နှင့် ၎င်းတို့မှ နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသည့် လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့်ရာဇဝတ်မှုများအပေါ် တုံ့ပြန်သည့် ကယ်ဆယ်ရေးကြိုးပမ်းမှုများအပေါ် စစ်အုပ်စု၏ ပိတ်ဆို့မှုများနှင့် အမြတ်ထုတ်ခြယ်လှယ်မှုတို့က သက်သေအဖြစ်ရှိနေသည်။ သောကြာနေ့ ငလျင်လှုပ်ခတ် ပြီးချိန်၌ပင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် တရားဝင်မှုမရှိဘဲ ၎င်းကကြေညာ ထားသော ဒေသများထဲမှ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချောင်းဦးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးရှိ ဖြူးမြို့နယ်၊ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်ရှိ အရပ်သားနေရာများကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယခုလ၏အစောပိုင်းတွင် မန္တလေးတွင်ရှိသော ဆေးရုံခုနှစ်ခုအား အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု၌ ပါဝင်သော ဆေးဘက်ဆိုင်ရာပညာရှင်များကို ခန့်အပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ပိတ်ပစ်ခဲ့သောကြောင့် လွန်စွာအကန့်အသတ်ရှိခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုသည် ယခုအခါတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။ နောက်ထပ်သော နောက်ခံအခြေအနေတစ်ခုမှာ စစ်အုပ်စုသည် နှစ်ရှည်လများ အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားသည့်အပြင် VPN သုံးစွဲမှုကိုလည်း ပြင်းထန်စွာ လိုက်လံပိတ်ဆို့နေသဖြင့် မြန်မာနိုင်ငံရှိ ဆိုးရွားပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများဆိုင်ရာ သတင်းအချက်အလက်များ စီးဆင်းမှုကို ဟန့်တားနေပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းမှုများ ကိုလည်း သိသာစွာနှောင့်နှေးစေသည်။ ဤကြီးမားကျယ်ပြန့်သည့် မြေငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ ရှိနေသည့်အချိန်၌ပင်လျှင် လူ့အသက်များအပေါ် စာနာစိတ်ကင်းမဲ့သည့် ၎င်း၏လုပ်ရပ်နှင့် ယင်းထက်ပို၍ အရေးကြီးသည့်အချက်မှာ မည်သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုကိုမဆို ခေါင်းပုံဖြတ်အမြတ်ထုတ်လိုသည့် ၎င်း၏စိတ်ဆန္ဒက စစ်အုပ်စုသည် အကူအညီများကို ကြီးကြပ်ရန် သင့်လျှော်မှု မရှိသည်ကို မီးမောင်းထိုးဖော်ပြနေသည်။

ဤအရေးကြီးသောအချိန်တွင် ယနေ့မှစတင်အသက်ဝင်မည့် ငလျင်ဒဏ်သင့်နေရာများ၌ စစ်ရေးဆိုင်ရာထိုးစစ်ဆင်မှုများ နှစ်ပတ်ရပ်ဆိုင်းထားမည်ဆိုသည့် NUG ၏ ထုတ်ပြန်ကြေညာမှုကို မိမိတို့မှ ကြိုဆိုသည်။ သို့သော်တစ်ဘက်တွင် စစ်အုပ်စုသည် ငလျင်ဒဏ်သင့်ဒေသများဖြစ်သော မကွေးတိုင်း ဒေသကြီးရှိ ပေါက်မြို့နယ်၌ ယခုမနက်၌ပင် ဗုံးများဆက်လက်ကြဲချနေခဲ့သည်။ စစ်အုပ်စုဘက်မှလည်း တိုက်ခိုက်မှုများ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရေးနှင့်အတူ စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုများအားလုံး ရပ်တန့်လာစေရေး သေချာစေရန် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကူညီဆောင်ရွက်မှုကို မိမိတို့မှ စောင့်မျှော်နေပါသည်။

ပျက်ဆီးဆုံးရှုံးမှုများကြား၌ပင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုများက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရိုင်းပင်းကူညီပံ့ပိုးနေလျက်ရှိရာ ကုလသမဂ္ဂအေဂျင်စီများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တခြားနိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင် မြန်မာနိုင်ငံ၏ တရားဝင် သက်ဆိုင်သူများဖြစ်ကြသော NUG နှင့် EROs အပြင် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တိုက်ရိုက် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် စစ်အုပ်စုမှ အကူအညီများကို ပိတ်ပင်ခြင်း၊ ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ်အသုံးပြုခြင်းတို့ မရှိစေရေး သေချာစွာ လုပ်ဆောင်ရမည်။ အကူအညီများကို ငလျင်ဒဏ်မှ ရှင်သန်ကျန်ရစ်သူများနှင့် ထိခိုက်ခံစားရသော ပြည်သူလူထုများထံ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ အမြန်ဆုံး ရောက်ရှိစေရန်အတွက် ထိရောက်မှုရှိသည်ဟု သက်သေသာဓကများက ဖော်ပြပြီးသော နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးပို့ရမည် ဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် NUG မှ အရေးပေါ်လုပ်ငန်း ညှိနှိုင်းရေးကော်မတီများ လျင်မြန်စွာအသက်သွင်းနိုင်ခြင်းသည် တိုင်းရင်းသားများ၊ လူထုအသိုင်းအဝိုင်းအား ဦးဆောင်သော မိတ်ဖက်များနှင့်ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်ရန် ၎င်း၏အဆင်သင့် ဖြစ်မှုနှင့် စွမ်းဆောင်ရည်ကို ဖော်ပြနေသည်။ ငလျင်ဒဏ်သင့် လူထုများအတွက် မရှိမဖြစ်လိုအပ်သော အကူအညီများ ပေးနေပြီဖြစ်သော NUG နှင့် မြန်မာ့ငလျင်တုံ့ပြန်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အပါအဝင် အထူးသဖြင့် လူထုရန်ပုံငွေများမှတစ်ဆင့် လျင်မြန်ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုများကို မိမိတို့မှ ချီးမွမ်းသည်။

နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ထောက်ပံ့ရေးအေဂျင်စီများအား မိမိတို့မှ ထပ်မံသတိပေး လိုသည်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် လူသားဆန်မှု၊ ဘက်မလိုက်မှု၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှီအခိုကင်းမှု၊ နှင့် မည်သူမျှထိခိုက်နစ်နာမှုမရှိစေရေး အခြေခံမူများနှင့် ကိုက်ညီရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ မြန်မာ​နိုင်ငံဆိုင်ရာပြည်တွင်းအလုပ်အဖွဲ့သည် လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဆိုပါအခြေခံမူများကို အပြည့်အဝ လိုက်နာရမည်ဖြစ်ပြီး စစ်အုပ်စုနှင့် ယခင်စစ်အာဏာရှင်လက်ထက်များတွင် အကူအညီပေးရေးဆိုင်ရာ ထိတွေ့လုပ်ဆောင်မှုများနှင့် အကူအညီ ပေးအပ်ခြင်းများမှ ရရှိခဲ့သည့် သင်ခန်းစာများကို အမှတ်ရလုပ်ဆောင်ရန် လိုအပ်သည်။ ယခုကပ်ဘေးဆိုး အပေါ်  အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင်ရာတွင် မြန်မာပြည်သူလူထု၏ အသက်၊ ဘေးကင်းလုံခြုံမှုနှင့် ကိုယ်စိတ်နှစ်ပါးဘေးကင်းလုံခြုံမှုများကို တန်ဖိုးထားလုပ်ဆောင်နေကြသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သော အထူးသဖြင့် NUG၊ EROs နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးသော ချဥ်းကပ်မှုအပေါ် ဗဟိုပြုရမည်ဖြစ်ပြီး အကူအညီများဖြန့်ဝေရာတွင် စစ်အုပ်စု၏ ပိတ်ဆို့မှု သို့မဟုတ် အမြတ်ထုတ်မှုများမှ အင်တိုက်အားတိုက် ဝိုင်းဝန်းကာကွယ်ပေးကြရပါမည်။ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် ရှိနှင့်ပြီးသား ဆိုးရွားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး လူသားတို့၏ အသက်များကို တက်ကြွစွာဖျက်ဆီးရန်အတွက် နာမည်ဆိုးဖြင့်ကျော်ကြားသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့် စစ်အုပ်စုမှ နောက်ထပ်ချိုးဖောက်မှုများကို ထပ်မံကျူးလွန်စေရန် အာမခံပေးလိုက်သကဲ့သို့ ဖြစ်ပေမည်။

ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများနှင့် တခြားနိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့် အချိန်များတွင် အကူအညီများကို စစ်တပ်က ခြယ်လှယ်ခဲ့သည့် နာကျည်းဖွယ်သမိုင်းကို ပြန်လည်သတိရပြီး ဒဏ်သင့်ထားပြီး ထိခိုက်လွယ်သော ပြည်သူများကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းနှင့် နောက်ထပ်ဒုက္ခခံစားရမှုများမှ ကာကွယ်ပေးရေး ပြတ်ပြတ်သားသား ဆောင်ရွက်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ မြန်မာပြည်သူများသည် ၎င်းတို့အပေါ် လက်နက်သဖွယ် အသုံးချခံရသည့် အကူအညီမျိုး မဟုတ်ဘဲ ၎င်းတို့၏ ဒုက္ခခံစားရမှုများကို လျော့နည်းသက်သာစေမည့် အကူအညီများနှင့် ထိုက်တန်သောသူများဖြစ်ကြသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • နိုင်သက်၊ မန္တလေး အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ၊ [email protected]
  • လွမ်းသူ၊ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ၊ [email protected]
  • မေ၊ ခွင့်တူမျှတအဖွဲ့ ၊ [email protected]
  • ခွန်ဟိန်း၊ တိုးတက်သော မွတ်စ်လင်မ်လူငယ် အစည်းအရုံး၊ [email protected]
  • ကြည်ငြိမ်း၊ ဗမာ့ကွီးရာအရွေ့အဖွဲ့၊ [email protected]
  • ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]

ယခုသတင်းထုတ်ပြန်ကြေညာချက်ကို အမည်မဖော်ပြလိုသည့်အဖွဲ့အစည်း ၇ ဖွဲ့ အပါအဝင် အဖွဲ့အစည်းစုစုပေါင်း ၂၆၅ ဖွဲ့ တို့က လက်မှတ်ရေးထိုးထားသည်။

  1. #MilkTeaAlliance Calendar Team
  2. #MilkTeaAlliance Friends of Myanmar
  3. 5/ of Zaya State Strike
  4. 8888 Generation (New Zealand)
  5. A-Yar-Taw People Strike
  6. Action Committee of Basic Education Students (ACBES)
  7. Ah Nah Podcast – Conversations with Myanmar
  8. All Aung Myay Thar San Schools Strike Force
  9. All Burma Democratic Front in New Zealand
  10. All Burma Federation of Student Unions (Monywa District)
  11. Alliance of Independent Journalists (AJI)
  12. Alliance of Students’ Union – Yangon (ASU-Yangon)
  13. ALTSEAN-Burma
  14. Anti-Junta Alliance Yangon-AJAY
  15. Anti-junta Forces Coordination Committee (AFCC -Mandalay)
  16. Arakan Rohingya National Union (ARNU)
  17. ASEAN Civil Society Conference/ASEAN People’s Forum Philippines Process
  18. Asia Justice and Rights (AJAR)
  19. Asia Pacific Solidarity Coalition (APSOC)
  20. Asian Cultural Forum on Development (ACFOD)
  21. Assistance Association for Political Prisoners (AAPP)
  22. Association of Human Rights Defenders and Promoters (HRDP)
  23. Association of Spring Rainbow (ASR)
  24. Association Suisse-Birmanie
  25. Athan – Freedom of Expression Activist Organization
  26. Auckland Kachin Community NZ
  27. Auckland Zomi Community
  28. Aung San Suu Kyi Park Norway
  29. Basic Education General Strike Committee (BEGSC)
  30. Basic Education Worker Unions – Steering Committee (BEWU-SC)
  31. Blood Money Campaign (BMC)
  32. Burma Affairs and Conflict Study (BACS)
  33. Burma Action Ireland
  34. Burma Campaign UK (BCUK)
  35. Burma Canadian Network
  36. Burmese Community Group (Manawatu, NZ)
  37. Burmese Rohingya Organisation UK (BROUK)
  38. Burmese Rohingya Welfare Organisation New Zealand
  39. Burmese Women’s Union (BWU)
  40. Campaign for a New Myanmar
  41. Campaign for Popular Democracy
  42. CDM Medical Network (CDMMN)
  43. Chanmyatharzi Township People’s Strike
  44. Chaung Oo Township Youth Strike Committee
  45. Chin Community in Norway
  46. Chin Community of Auckland
  47. Chin Human Rights Organization (CHRO)
  48. Chindwin (West) Villages Women Strike
  49. Civil Information Network (CIN)
  50. Civil Rights Defenders (CRD)
  51. Civil Society Organizations Coordination Committee (Monywa)
  52. Co-operative University Mandalay Students’ Strike
  53. Coalition Strike Committee – Dawei
  54. Community Resource Centre
  55. Creative Home (CH)
  56. CRPH & NUG Supporters Ireland
  57. CRPH Funding Ireland
  58. CRPH Support Group, Norway and members organizations
  59. Daung Sitthe Strike
  60. Dawei (Ashaetaw) Women Strike
  61. Dawei Youths Revolutionary Movement Strike Committee
  62. Defend Myanmar Democracy (DMD)
  63. Democracy for Ethnic Minorities Organization (DEMO)
  64. Democratic Party for a New Society, Norway
  65. Depayin Township Revolution Steering Committee
  66. Depayin Women Strike
  67. Doh Atu – Ensemble pour le Myanmar
  68. Educational Initiatives Prague
  69. Emergency Management Committee – Mandalay
  70. Equality Myanmar (EQMM)
  71. Ethnic Youth General Strike Committee (Mandalay)
  72. ETOs Watch Coalition
  73. Federal Myanmar Benevolence Group (NZ)
  74. Former Political Prisoners and New Generation Group – Monywa
  75. Free Burma Campaign (South Africa) (FBC (SA))
  76. Free Rohingya Coalition (FRC)
  77. Friends Against Dictatorship (FAD)
  78. From Singapore to Myanmar (FS2M)
  79. Gangaw Women Strike
  80. Gender Equality Network (GEN)
  81. General Strike Collaboration Committee (GSCC)
  82. General Strike Committee of Basic and Higher Education (GSCBHE)
  83. General Strike Coordination Body (GSCB)
  84. Generation Wave (GW)
  85. Generations’ Solidarity Coalition of Nationalities (GSCN)
  86. Global Myanmar Spring Revolution (GMSR)
  87. Human Rights and Development Foundation (HRDF)
  88. Human Rights Educators Network (HREN)
  89. Human Rights Foundation of Monland (HURFOM)
  90. Human Rights Working Group
  91. India for Myanmar
  92. Industries Strike
  93. Info Birmanie
  94. Initiatives for International Dialogue (IID)
  95. Inter Pares
  96. International Association, Myanmar-Switzerland (IAMS)
  97. International Campaign for the Rohingya
  98. International Network for Economic, Social and Cultural Rights (ESCR-Net)
  99. International Peace Bureau
  100. Italia-Birmania.Insieme
  101. Jubilee Campaign
  102. Justice & Equality Focus (JEF)
  103. Justice For Myanmar (JFM)
  104. Justice Movement for Community-Innlay
  105. K’cho Ethnic Association (Europe)
  106. Kachin Association Norway
  107. Kachin Legal Aid Group (KLAG)
  108. Kachin State Civilian Movement
  109. Kachin Student Union
  110. Kachin Women Association Thailand (KWAT)
  111. Kalay Township Strike Force
  112. Kalay Women Strike
  113. Karen Human Rights Group (KHRG)
  114. Karen Peace Support Network (KPSN)
  115. Karenni National Women’s Organization (KNWO)
  116. Karenni Society New Zealand Overseas Mon Association. New Zealand
  117. Keng Tung Youth
  118. Kontras
  119. Kyae Lak Myay
  120. Kyain Seikgyi Spring Revolution Leading Committee
  121. Kyauktada Strike Committee (KSC)
  122. La Communauté Birmane de France
  123. Latpadaung Region Strike Committee
  124. LGBT Alliance
  125. LGBT Alliance Myanmar (Kalay Region)
  126. LGBT Alliance Myanmar (Kyaukse Region)
  127. LGBT Community Yangon
  128. LGBT Union – Mandalay
  129. Magway People’s Revolution Committee
  130. Magway Region Human Rights Network
  131. Maharaungmyay Township People’s Strike
  132. Mandalar University Students’ Strike
  133. Mandalay Alliance Coalition Strike
  134. Mandalay Medical Family (MFM)
  135. Mandalay Regional Youth Association – Revolution Core Group
  136. Mandalay Strike Force (MSF)
  137. Mandalay Women Strike
  138. Mandalay Youth Strike
  139. Mandalay-based People’s Strike
  140. Mandalay-Based University Students’ Unions (MDY_SUs)
  141. MayMyo Strike Force
  142. Mekong Watch
  143. Milk Tea Alliance Thailand
  144. Minority Affairs Institute
  145. Monywa LGBT Strike
  146. Monywa People’s Strike Steering Committee
  147. Monywa Women Strike
  148. Monywa-Amyint Road Strike Leading Committee
  149. Monywa-Amyint Road Women Strike
  150. Movement for Alternatives and Solidarity in Southeast Asia
  151. Multi-Religions Strike
  152. Muslim Youth Network
  153. Mya Taung Strike
  154. Myanmar Accountability Project (MAP)
  155. Myanmar Action Group Denmark
  156. Myanmar anti-military coup movement in New Zealand
  157. Myanmar Campaign Network (Australia)
  158. Myanmar Catholic Community In Norway
  159. Myanmar Community Group Christchurch New Zealand
  160. Myanmar Community Group Dunedin New Zealand
  161. Myanmar Community in Italy
  162. Myanmar Community in Norway
  163. Myanmar Emergency Fund – Canada
  164. Myanmar Engineers – New Zealand
  165. Myanmar Global Support Foundation
  166. Myanmar Gonye (New Zealand)
  167. Myanmar Hindu Union
  168. Myanmar Institute of Information Technology Students’ Strike
  169. Myanmar Labor Alliance (MLA)
  170. Myanmar Labour News
  171. Myanmar People Alliance (Shan State)
  172. Myanmar Students’ Union in New Zealand
  173. Myaung Youth Network
  174. MyaYar Knowledge Tree
  175. Myingyan Civilian Movement Committee
  176. Nelson Myanmar Community Group New Zealand
  177. Network for Human Rights Documentation – Burma (ND-Burma)
  178. Network of University Student Unions – Monywa
  179. New Myanmar Foundation (NMF)
  180. New Zealand Campaign for Myanmar
  181. New Zealand Doctors for NUG
  182. New Zealand Karen Association
  183. New Zealand Zo Community Inc.
  184. NLD Organization Committee (International) Norway
  185. No Business With Genocide
  186. 12 Basic Education Branch High School (Maharaungmyay) Students’ Union
  187. North Dagon & East Dagon News
  188. Norway Matu Community
  189. Norway Rvwang Community
  190. Nyan Lynn Thit Analytica
  191. OCTOPUS (Youth Organization)
  192. Pa-O Women’s Union (PWU)
  193. Pale Township People’s Strike Steering Committee
  194. Politics for Women Myanmar
  195. Progressive Muslim Youth Association (PMYA)
  196. Progressive Voice (PV)
  197. Pyi Gyi Tagon Strike Force
  198. Pyithu Gonye (New Zealand)
  199. Queers of Burma Alternative (QBA)
  200. Rainbows Talk
  201. Representative Committee of University Teacher Associations (RC of UTAs)
  202. Rohingya Community in Norway
  203. Rohingya Maìyafuìnor Collaborative Network (RMCN)
  204. Rvwang Community Association New Zealand
  205. Samgha Sammaga-Mandalay
  206. Save Myanmar Fundraising Group (New Zealand)
  207. Save the Natural Resource (SaNaR)
  208. Seinpann Strike
  209. Shan Community (New Zealand)
  210. Shan MATA
  211. Shwe Pan Kone People`s Strike Steering Committee
  212. Sisters 2 Sisters
  213. Sitt Nyein Pann Foundation
  214. Solidarity for People’s Education and Lifelong Learning
  215. Southern Initiative
  216. Southern Youth Development Organization
  217. Stop the War Coalition Philippines
  218. Sujata Sisters Group (NZ)
  219. Support Group for Democracy in Myanmar (NL)
  220. Swedish Burma Committee
  221. Ta’ang Women’s Organization (TWO)
  222. Taze Strike Committee
  223. Taze Women Strike
  224. Thai Action Committee for Democracy in Burma (TACDB)
  225. Thakhin Kodaw Mhine Peace Network (Monywa)
  226. Thayat Chaung Women Strike
  227. The 88 Generation Peace and Open Society (Monywa)
  228. The Ladies Organization
  229. The Mekong Butterfly
  230. Think Centre, Singapore
  231. Twitter Team for Revolution (TTFR)
  232. S. Campaign for Burma
  233. Union Aid Abroad – APHEDA
  234. Unitarian Universalist Service Committee
  235. University Students’ Unions Alumni Force
  236. Volunteers in Myanmar
  237. Wetlet Revolution Leading Committee
  238. Wetlet Township Women Strike
  239. White Coat Society Yangon (WCSY)
  240. Women Advocacy Coalition – Myanmar (WAC-M)
  241. Women Alliance Burma (WAB)
  242. Women for Justice
  243. Women Lead Resource Center (WLRC)
  244. Women Peace Network (WPN)
  245. Women’s Organization Of Political Prisoners (WOPP)
  246. Women’s Peace Network (WPN)
  247. Yadanabon University Students’ Union (YDNBUSU)
  248. Yangon Deaf Group
  249. Yangon Women Strike
  250. Yasakyo Township People`s Strike Steering Committee
  251. Yinmarpin and Salingyi All Villages Strike Committee
  252. Youth Empowerment
  253. Youth for Democratization of Myanmar (UDM)
  254. Zomi Christian Fellowship of Norway
  255. Zomi Community Norway
  256. စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု
  257. ယိမ်းနွဲ့ပါး
  258. သမိုင်းသယ်ဆောင်သူများ

လက်မှတ်ရေးထိုးရန် ထပ်တိုးပေးပို့လာသော အဖွဲ့များ

  1. ASEAN SOGIE Caucus
  2. CAN-Myanmar
  3. Karenni Human Rights Group
  4. SEA Junction
  5. Legal Aid for Human Rights (Shan)

PDF ဖိုင်ကိုရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ


[1] မြန်မာ့ငလျင်တုံ့ပြန်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စာရင်းအရဖြစ်သည်။