22 March 2025
National Unity Government, Ministry of Human Rights
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုယ်စား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ် အား ကျေးဇူးတင်ရှိပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကျင်းပသော အထူးကိုယ်စားလှယ်၏ ဂျီနီဗာ သတင်းစာ ရှင်းလင်းပွဲ ကိုလည်း ကြိုဆိုပါသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား အထူးပင်ကျေးဇူးတင်ရှိပြီး ၎င်း၏ လုပ်ပိုင်ခွင့်ကို အပြည့်အဝ ထောက်ခံအားပေးပါသည်။ Mr Andrews ၏ အသံသည် ကျွန်ုပ်တို့ ပြည်သူများအတွက် အားကောင်းသော အသံဖြစ်သည်။ ၎င်း၏ နောက်ဆုံး အစီရင်ခံစာ၊ သတင်းစာ ရှင်းလင်းပွဲနှင့် ကောင်စီသို့ အစီရင်ခံတင်ပြမှုများသည် စုပေါင်း သဝဏ်လွှာတွင် အကြမ်းဖက်စစ်အုပ်စု၏ ငွေကြေးနှင့် လက်နက်များကို နိုင်ငံတကာက ပိတ်ဆို့အရေးယူခြင်းသည် ထိုးနှက်မှု ကြီးမားသော်လည်း ၎င်း၏ ကြောက်မက်ဖွယ်ရာ ဆိုးရွား ရက်စက်ကြမ်းကြုတ်မှုများကို ထိန်းချုပ်တားဆီးရန် လုံလောက်သော အင်အားမရှိ သေးပေ။
အထူးကိုယ်စားလှယ်က ထည့်သွင်းပြောကြားရာတွင် “ဤတိုက်ခိုက်မှုများသည် အသက် အန္တရာယ်ကို ထိခိုက်စေရုံမျှမက ၎င်းတို့ကို မရပ်တန့်ပါက သေဆုံးသူဦးရေသည် ပို၍ အဆမတန် မြင့်တက်လာ လိမ့်မည်” ဟု ပြောကြားခဲ့သည်။
မတ်လ ၂၀၂၅ ထိ ကျွန်ုပ်တို့ နိုင်ငံလူဦးရေ၏ သုံးပုံတပုံ လူဦးရေသန်း ၂၀ သည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း ဒဏ်ခံရသူ အရေအတွက် အများဆုံးနိုင်ငံလည်းဖြစ်သည်။ အထူး ကိုယ်စားလှယ်က ပြင်းထန်သော အကူအညီ ဖြတ်တောက်မှုများသည် “ကျိုးကြောင်း ဆင်ခြင်မှု အနည်းငယ်ဖြင့် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များသည် အကျိုးဆက်ကို ထည့်သွင်း မစဉ်းစားထားထားသည်မှာ ထင်ရှားပါသည်” ဟုဖော်ပြခဲ့သည်။ မြန်မာနိုင်ငံရှိ သန်းနှင့်ချီသော လူများကို အကူအညီများဖယ်ရှားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာကို ထက်ဝက်လျှော့ချခဲ့သည်။ အထူးကိုယ်စားလှယ်က “တခွန်းတည်း ပြောရလျှင် ယုံကြည်မှုကို ဖောက်ဖျက်ခြင်း ဖြစ်သည်” ဟု တင်ပြခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မြေပြင်တွင် အရှုံးများနှင့် ရင်ဆိုင်နေရပြီး တော်လှန်ရေး အင်အားစုများ၏ လက်ဝယ်တွင် မြေပြင်ဆုံးရှုံးမှုများကို ကြုံတွေ့နေရသည်ဟူသည့် မြေပြင် လက်တွေ့အခြေအနေကို မစ္စတာ တွမ်အင်ဒရူးစ်က ဖော်ပြခဲ့သည်။ နိုင်ငံတကာ လုပ်ဆောင်ချက်များအတွက် ၎င်း၏ ပန်ကြားချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အခြားဒီမိုကရေစီအင်အားစုများ ဗဟိုပြုသည့် အဖြေများကို ပံ့ပိုးပေးရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို မဟာမင်းကြီး၏ တောင်းဆိုချက်နှင့်လည်း ကိုက်ညီပါသည်။
အချုပ်အားဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအပေါ် လက်ရှိညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကြရာတွင် အထူးကိုယ်စားလှယ် တောင်းဆိုခဲ့သည့်အတိုင်း “ရက်စက် ကြမ်းကြုတ်မှုများကို လက်မခံဆန့်ကျင်ကြောင်း ဖြောင့်မှန်သူများ၏ သဘောထားကို ထုတ်ဖော်ပြောဆိုရန်၊ ထုတ်ပြန်ချက်ကို ဖော်ထုတ်ရန်” မြန်မာနိုင်ငံအနေဖြင့် တောင်းဆိုအပ်ပါသည်။ ထိုသို့ တောင်းဆိုရာတွင် အကြမ်းဖက်စစ် ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေ၏ တောင်းဆိုချက်အပေါ် ထောက်ခံမှု၊ စစ်အစိုးရ၏ အတင်းအကြပ် စစ်မှုထမ်းစေခြင်းအား ရှုတ်ချခြင်းနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ဒဏ်ပေး၍ ပိတ်ဆို့အရေးယူခြင်း၊ မြန်မာနိုင်ငံ အတွက် ပိုမိုကျယ်ပြန့်သော အာဆီယံ ချဉ်းကပ်မှု၊ နိုင်ငံရေး ကတိကဝတ်များနှင့် UNCT ၏ ကုလသမဂ္ဂ၏ တားဆီးကာကွယ်နိုင်သည့် စွမ်းရည်ကို ခိုင်မာ အားကောင်းစေရန် နှင့် Rosenthal အစီရင်ခံစာ၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် အတွက် ဆောင်ရွက်နေသည့် ထင်ရှားသည့် ဆောင်ရွက်ချက်များအပေါ် အထွေထွေ အတွင်းရေးမှူးချုပ်က အစီရင်ခံတင်ပြရန် တောင်းဆိုချက်တို့ ပါဝင်သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.