နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု များ ကြောင့် ထိခိုက်သေဆုံးသူ အရပ်သား ၃၆ ဦးရှိခဲ့ပြီး ထိုအထဲတွင် ဗုဒ္ဓဘာသာ ကိုရင် ၅ ပါးပျံလွန်ပြီး ၁၄ ပါး ဒဏ်ရာရ

21 March 2025

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု များ ကြောင့် ထိခိုက်သေဆုံးသူ အရပ်သား ၃၆ ဦးရှိခဲ့ပြီး ထိုအထဲတွင် ဗုဒ္ဓဘာသာ ကိုရင် ၅ ပါးပျံလွန်ပြီး ၁၄ ပါး ဒဏ်ရာရ

၂၀၂၅ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း တအာာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်း ချုပ်ထားသော နောင်ချိုမြို့နယ်ရှိ ဒေသများကို စစ်ကောင်စီက လေကြောင်း၊ လက်နက် ကြီး နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုသည် နောင် ချိုမြို့ရှိဘုန်းကြီးကျောင်း တစ်ကျောင်းကို ပစ်မှတ်ထားတိုက် ခိုက်ခြင်းဖြစ်ပြီး ထိခိုက်သေ ဆုံးသူအများစုမှာ ငယ် ရွယ် သော ဗုဒ္ဓဘာသာ ကိုရင်များ ဖြစ်သည်။

မတ်လ ၈ ရက်နေ့ ည ၇နာရီတွင် စစ်ကောင်စီသည် နားကျောင်းခမ်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည် ၄ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေး ၁ဦး ဒဏ်ရာရရှိကာ နေအိမ် ၁လုံး ထိခိုက်ပျက်စီးခဲ့သည်။ ထိုသို့ လက်နက်ကြီး ပစ် ခတ် မှုကြောင့် ကျေးရွာသားများသည် မိမိတို့ နေအိမ်ကို စွန့်ခွာပြီး အခြားရွာများကို ထွက်ပြေး တိမ်းရှောင် ခဲ့ကြရ သည်။

မတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီတွင် စစ်ကောင်စီသည် နောင်တောကျေးရွာအုပ်စု ယာပြင် ကျေးရွာအနီးရှိ ကြံစိုက်ခင်းပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲခဲ့သဖြင့် ကြံခုတ်နေသော အမျိုးသမီး ၃ ဦး သေဆုံးကာ အခြား အရပ်သား ၅ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယာပြင်ကျေး ရွာ သည် ဓနုကျေးရွာဖြစ်ပြီး ကျေး ရွာသားအများစုသည် ကြံစိုက်သော တောင်သူများ ဖြစ်ကြသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၅:၃၀ နာရီတွင် စစ်ကောင်စီက နောက်ချိုမြို့ အရှေ့စွန်းရှိ စိန်ရတနာ ပရိယတ္တိ စာသင် တိုက်ကို ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၄လုံး ကြဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။ ထိုတိုက် ခိုက်မှုကြောင့် အရပ်သား ၁၁ဦး (ဘုန်းကြီး ၂ ပါး၊ ကိုရင် ၅ ပါး၊ အမျိုးသမီး ၂ ဦး၊ အမျိုး သား ၂ ဦး) သေဆုံးခဲ့ပြီး ၈ဦး (ကိုရင် ၁၄ ပါး၊ အမျိုးသမီး ၃ဦး၊ အမျိုးသား ၁ဦး) ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အချို့သည် ဗုံးကြဲသဖြင့် ပွဲချင်းပြီးသေ ဆုံးခဲ့ပြီး ကိုရင် ၄ပါးမှာ ထွက်ပြေးရန်ကြိုးစားစဉ် စက်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ထိုအချိန်သည် နေ့ပိုင်း အ ချိန်သာရှိသေးပြီး ကိုရင်များသည် အနီရောင် သင်္ကန်းများ ဝတ်ဆင်ထားကာ အရပ်သားများဖြစ် ကြောင်း ကို ထိုသို့ ပစ်ခတ်သတ်ဖြတ်ခဲ့သော စစ်ကောင် စီ လေယာဉ်မှူးများက ကောင်းစွာ မြင်နိုင်ကြသည်။ ဒဏ်ရာ ပြင်း ထန်စွာ ရရှိခဲ့သော ကိုရင်တစ်ပါးသည် မတ်လ ၁၇ ရက်နေ့တွင် ဆေးရုံ၌ သေဆုံးခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦး ၄ လုံး ပျက်စီးခဲ့ပြီး ထိုအထဲတွင် ပင်မဘုန်း ကြီး ကျောင်း အဆောက်အဦး၊ သံဃာနားနေဆောင်တစ်လုံးနှင့် ကိုရင်နားနေဆောင်နှစ်လုံး တို့ ပါဝင် သည်။ အနီးနားရှိ ကား ၃ စီးနှင့် နေအိမ် ၂လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထိုဘုန်းကြီးကျောင်းတွင် ဘုန်းကြီး ၅ ပါး၊ ကိုရင် အပါး ၆၀ (အသက် ၅ နှစ်မှ ၁၆ နှစ်အတွင်း) သတင်းသုံး နေထိုင်ကြပြီး နောင်ချို မြို့မှ စစ်ဘေးရှောင် ၂၀၀ ကျော်သည်လုံ ခြုံ ရေးအတွက် ညအချိန်တွင် ထိုဘုန်းကြီးကျောင်းတွင် အိပ်စက်ကြသည်။ ထိုဘုန်းကြီးကျောင်းတွင် လက်နက် ကိုင်တစ်ဦးတစ်ယောက်မျှ နေထိုင်ခြင်းမရှိပါ။

စစ်ကောင်စီ၏ လေယာဥ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခံရသော သံဃာငယ်များ
စစ်ကောင်စီ၏ ပေါင် ၂၅၀ ဗုံးကြောင့် ပျက်စီးသွားသော စိန်ရတနာပရိတ္တိစာသင်တိုက်အဆောက်အဦးများ

မတ်လ ၁၇ ရက် နေ့လည် ၁၁:၄၅ နာရီတွင် စစ်ကောင်စီသည် နောင်ချိုမြို့အနောက်ဘက် ၅ကီလိုမီတာ အကွာ တွင်ရှိ သော ကျောက်ကြမ်းကျေးရွာအတွင်းသို့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံး၂လုံးကြဲပြီး စက်သေ နတ် များဖြင့် ပစ်ခတ်ခဲ့သည်။ ထိုကြဲလိုက်သော ဗုံးများသည် တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းမှ ၇၀၀ မီတာ ကွာဝေးသော နေရာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုဗုံးကြဲမှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက် စီးခဲ့သည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှု များကြောင့် အရပ်သားထိခိုက်သေဆုံးမှု စာရင်း (မတ်လ ၈ရက်မှ ၁၇ရက်၊ ၂၀၂၅ခုနှစ်)

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                1 825 425 4099         Signal (မြန်မာ)


pdf ဖိုင် ရယူရန် in English | Myanmar

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia