19 March 2025
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိနေမှုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉၀ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။
မတ်လ၊ ၁၇ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ထံ ပေးပို့ခဲ့တာလို့သိရပါတယ်။
ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antnio Guterres) အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ (Julie Bishop) ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိ၊ မရှိကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တွေ့ရှိချက်များကို အများပြည်သူသို့ အသိပေးချပြရန် လက်မှတ်ရေးထိုးထားသော မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၉၀ ဖွဲ့တို့က တောင်းဆိုလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
အထူးကိုယ်စားလှယ်၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော Shenghe Resources နှင့် China Communications Construction Company အပါအဝင် ဖြစ်နိုင်ခြေရှိသော သို့မဟုတ် အတည်ပြုထားသော သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများ ရှိနေကြောင်းကို အံ့ဩဖွယ်သိရှိရပြီးသူမ၏ တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်နေမှုသည် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦး အနေဖြင့် ရှိရမည့် သမာသမတ်ကျမှုနှင့် လွတ်လပ်အမှီအခိုကင်းမှုအပေါ် အလွန်ပင်ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေတယ်လို့ဖော်ပြပါတယ်။
ယခုအချိန်သည် မြန်မာနိုင်ငံအကျပ်အတည်းအပေါ် ကုလသမဂ္ဂ၏ အဆင့်နှိမ့်တာဝန်လွှဲအပ်မှုကို နောက်ဆုံး အဆုံးသတ်ရမည့်အချိန်ဖြစ်ကာလက်ရှိဖြစ်ပေါ်နေသည့် အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာပဋိပက္ခကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် အန္တရာယ်ကျရောက်စေသည့် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရုပ်သိမ်းရန် UNGA အား မိမိတို့မှ တိုက်တွန်းတောင်းဆိုအပ်တယ်လို့ဖော်ပြပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.