18 March 2025
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop)ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခ ရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို မြန်မာ့အရေးလှုပ်ရှားတဲ့ နယ်ပယ်စုံက အဖွဲ့အစည်းပေါင်း ၂၉၀ က မတ်လ ၁၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အဲဒီလို စစ်ဆေးပြီး တွေ့ရှိချက်တွေကို အများပြည်သူသိအောင်ချပြဖို့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့တာပါ။
ဒီအပြင် အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရပ်တန့်ပြီး မြန်မာ့အရေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်ရိုက်ကိုင်တွယ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဂျူလီဘစ်ရှော့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ သတ္တုလုပ်ငန်းတွေ၊ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခတွေ ရှိနိုင်တာကြောင့် ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးဖို့ ဆိုပြီး Justice For Myanmar(JFM) က မတ်လ ၉ ရက်နေ့က တောင်းဆိုလိုက်တဲ့နောက် အရပ်ဘက်အဖွဲ့တွေကလည်း အခုလို ထပ်မံဆောင်းဆိုလာတာ ဖြစ်ပါတယ်။
ဂျူလီဘစ်ရှော့ကတော့ Julie Bishop & Partners (JBP) ကုမ္ပဏီဟာ လုပ်ငန်းဆိုင်ရာ မဟာဗျူဟာ ဆန်းစစ်အကဲဖြတ် လမ်းညွှန်ပေးတဲ့ ပုဂ္ဂလိက အကြံပေးကုမ္ပဏီ ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ဘယ်ကုမ္ပဏီ၊ ဘယ်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ အကြံပေးတာ မရှိခဲ့ဖူးကြောင်း RFA ကို မတ်လ ၁၂ ရက်နေ့က အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။
သူ့အနေနဲ့ ကုလသမဂ္ဂရဲ့ ကျင့်ဝတ်နဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အဝလိုက်နာကြောင်းလည်း ပြောပါတယ်။
အိတ်ဖွင့်ပေးစာပို့တဲ့ အရပ်ဘက်အဖွဲ့တွေထဲမှာပါဝင်တဲ့ သွေစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရသူ ကိုမိုက်က အထူးကိုယ်စားလှယ်အနေနဲ့ အကျိုးစီးပွား ပဋိပက္ခမရှိဘူးဆိုတာကို သက်သေပြဖို့ လိုတယ်လို့ ပြောပါတယ်။
“ဂျူလီဘစ်ရှော့ သည် တရုတ်အစိုးရပိုင် သတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်စပ်ပြီး လုပ်ကိုင်နေတဲ့လူ ဖြစ်တယ်။ အဲတော့ သူ့ရဲ့ ကိုယ်ကျိုးစီးပွား၊ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး သို့မဟုတ် သူအလုပ်လုပ်နေတဲ့ဟာသည် တရုတ်အစိုးရ ကျေနပ်အောင် လုပ်ရတဲ့ အလုပ်မျိုးဖြစ်တယ်။ အဲတော့ အဲဒီလိုမျိုး အကျိုးစီးပွား ပဋိပက္ခမရှိပါဘူး ဆိုတာ ဘယ်လိုသက်သေပြမလဲ။ အကောင်းဆုံးနည်းကတော့ ကျွန်တော်တို့က ဂျူလီဘစ်ရှော့ ကို အလုပ်ခန့်ထားတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်တိုင်က အဲဒါကို စစ်ဆေးပြီးတော့ အတည်ပြုပေးဖို့လိုတယ်”
အရပ်ဘက်အဖွဲ့အစည်း ၂၉၀ ရဲ့ ထုတ်ပြန်ချက်မှာလည်း ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေ အပေါ် အန္တရာယ်ဖြစ်စေမဲ့ အကျိုးစီးပွားတွေရှိနေတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ တာဝန်ဆက်ပေးထားမယ်ဆိုရင် ဒါဟာ ကျိုးကြောင်းဆင်ခြင်မှုနည်းပါးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.