မိုင်းဆတ်မြို့တောင်ဘက် နမ့်ခုတ်မြစ်အပေါ်ဘက် ၃၀ ကီလိုမီတာအကွာရှိ ၂၄ နာရီတူးဖော်လျက်ရှိသော ရွှေတူးဖော်မှုများကို ဒေသခံထိုင်းပြည်သူ ၇၀၀ခန့် စုစည်းကာ ကန့်ကွက်ဆန္ဒထုတ်ဖော်

14 March 2025

မိုင်းဆတ်မြို့တောင်ဘက် နမ့်ခုတ်မြစ်အပေါ်ဘက် ၃၀ ကီလိုမီတာအကွာရှိ ၂၄ နာရီတူးဖော်လျက်ရှိသော ရွှေတူးဖော်မှုများကို ဒေသခံထိုင်းပြည်သူ ၇၀၀ခန့် စုစည်းကာ ကန့်ကွက်ဆန္ဒထုတ်ဖော်

ယနေ့ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် နမ့်ခုတ်မြစ်ကို ကာကွယ်ရန် တာတွန်းကျေးရွာ မယ်အိုင်ခရိုင် ချင်းမိုင်တွင် ဒေသခံပြည်သူ ၇၀၀ ကျော်ခန့်သည် မြို့နယ်စာသင်ကျောင်း၌ စုဝေးကာ နမ့်ခုတ်မြစ်သို့ ချီတက်လမ်းလျှောက်ခဲ့ကြသည်။

ဒေသခံပြည်သူများသည် ရှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တစ်လျှောက်ရှိ သတ္တုတူးဖော်မှုနှင့် သစ် တော ခုတ်ထွင်းမှုများကြောင့်ဖြစ်ပေါ်လာသော ယမန်နှစ်က မကြုံစဖူး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်မှု များကဲ့ သို့ နယ်စပ်ဖြတ်ကျော်အကျိုးသက်ရောက်မှုများကို ကန့်ကွက်သည့် ဆိုင်းဘုတ်များကို ကိုင်ကာဆန့် ကျင်ခဲ့ ကြသည်။

ဒေသခံဦးဆောင်သူများမှ ဖတ်ကြားသော ထုတ်ပြန်ကြေညာချက်တွင် “မိုးခေါင်မှု၊ ရေကြီးမှု၊ တော မီး လောင်မှု၊ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ဟာ လူတိုင်းရဲ့ ဘဝနဲ့နေထိုင်မှုကို သိသိ  သာသာ သက်ရောက်မှုရှိပါတယ်၊ ဒီကပ်ဘေးတွေဟာ လူတွေက လုပ်ယူတာဖြစ်ပြီးတော့ နမ့်ခုတ်နဲ့ တခြား မြစ်တွေကို ဖျက်ဆီးနေတဲ့ သစ်တောခုတ်ထွင်းတာ၊ ရည်ရွယ်ချက်နဲ့တောမီးရှို့တာ၊ သတ္တုတူးတာနဲ့ ဆည်ကြီးတွေကို ဆောက်တာတွေကြောင့်ဘဲဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် မိမိတို့လူမှု အသိုင်းအဝိုင်း တစ်ခုလုံးကို  ဤသက်ရောက်မှုများအပေါ် အသိပညာရှိစေရန်နှင့် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ အသက်မွေးဝမ်း ကြောင်းနှင့် အနာဂတ်ကို ထိခိုက်စေနှင့်သည့် သဘာဝသယံဇာတဖျက်စီးမှုများကို ရပ်တန့် နိုင်ရေးအတွက် သတိပေးလိုပါသည်။

ပွဲဦးဆောင်စီစဥ်သူများက ယခုလှုပ်ရှားမှုသည် ပြည်သူလူထုများအကြား သဘာဝကပ်ဘေးများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို အသိပညာပေးရန်၊ ထိုပြသနာများကို ဖြစ်ပေါ်စေသည့် အကြောင်း အရာ များကို အဓိကဦးတည်ရန်နှင့် ယခုဖြစ်စဥ်များကိုတာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးခြင်းသည် မိမိတို့ကိုသာမက အနီးအနားနိုင်ငံများရှိ လူများကိုပါ ထိခိုက်စေနိုင်သည်ဆိုသည်ကို သိရှိ စေရန်” ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

၂၀၂၃ ခုနစ်မှစတင်ကာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ထိန်းချုပ် ထားသော မိုင်းဆတ်မြို့တောင်ပိုင်းနှင့် မိုင်းယွန်းမြို့တို့ရှိ နမ့်ခုတ်မြစ်ကမ်းတစ်လျှောက်တွင်  အကြီးစား ရွှေတူးဖော်မှုများ ကို ပြုလုပ်လာခဲ့သည်။

အဆိုပါ ရွှေတူးဖော်မှု၏ စွန့်ပစ်ပစ္စည်းများ၏သက်ရောက်မှုကြောင့်၂၀၂၄ စက်တင်ဘာလ၌ နမ့်ခုတ် မြစ်ပေါ် တွင် ကြီးမားရေလွှမ်းမိုးမှု ကို ဖြစ်ပေါ်စေခဲ့သည်။ မိုင်းယွန်းအုပ်စုအတွင်းရှိ ပိန်းခမ်းရှမ်းရွာသည် ရွံမြေနှင့် ရေဆိုးများဖြင့်နှစ်မြုပ်သွားသည်။ ထိုင်းဘက်ကမ်းနယ်စပ် တာတွန်းနှင့် ချင်းမိုင်ခရိုင် မြောက်ဘက် နမ့်ခုတ်မြစ်တစ်လျှောက်ရှိ ကျေးရွာများသည် လည်း ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည်။

မိုင်းယွန်းရှိ နမ့်ခုတ်မြစ်ပေါ်မှ ရွှေတူးဖော်မှုများသည် လွန်ခဲ့သောလများတွင် ပိုမိုတိုးချဲ့လာခဲ့ပြီး ဒေသ ခံ များ၏ အဆိုအရ ၎င်းတို့သည် ၂၄ နာရီပတ်လုံးတူးဖော်လည်ပတ်နေသည်ဟုသိရသည်။

တရုတ်ကုမ္ပဏီ ၄ခုသည် တရုတ်အလုပ်သမား အများစုပါဝင်သော အလုပ်သမား ၃၀၀ ခန့်ဖြင့် သတ္တု တူးဖော်နေကြသည်။ ၎င်းတို့သည် မြစ်ကမ်းဘေးတစ်လျှောက်ရှိ တောင်ကုန်းများပေါ်တွင် တူးဖော်နေ ကြပြီး မြစ်အတွင်းတွင်လည်း ရွှေဖောင်များဖြင့် တူးဖော်နေကြသည်။


pdf ဖိုင် ရယူရန် in English | Myanmar

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia