အွန်လိုင်း သတင်းစာရှင်းလင်းပွဲ – မြန်မာစစ်အုပ်စုထိန်းချုပ်ထားသော MNHRC ကို ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကွန်ရက်မှဖယ်ရှား

04 February 2025

အွန်လိုင်း သတင်းစာရှင်းလင်းပွဲ – မြန်မာစစ်အုပ်စုထိန်းချုပ်ထားသော MNHRC ကို ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကွန်ရက်မှဖယ်ရှား

အွန်လိုင်း သတင်းစာရှင်းလင်းပွဲ

မြန်မာစစ်အုပ်စုထိန်းချုပ်ထားသော MNHRC ကို ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကွန်ရက်မှဖယ်ရှား

ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးကွန်ရက်များတွင် အကြီးမားဆုံးကွန်ရက်တစ်ခုဖြစ်သော ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများမဟာမိတ်အဖွဲ့ (GANHRI) က မြန်မာစစ်အုပ်စု လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏ကွန်ရက်မှ ဖယ်ရှားလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) အသစ်တစ်ခုကို တည်ထောင်နိုင်ရန် လမ်းဖွင့်ပေးလိုက်သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အတိုကောက် “အလုပ်အဖွဲ့”) က NHRI နှင့်ပတ်သက်သော တိုးတက်ဖြစ်ထွန်းမှုများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်ဦးစားပေးလုပ်ငန်းများဆိုင်ရာ နောက်ဆုံးရအချက်အလက်များကို မျှဝေရန်၊ နှင့် ပြည်တွင်းနှင့်နိုင်ငံတကာ အဆင့်တွင် အရေးပါသော ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြသွားမည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်သည်။ ဤပွဲတွင် ပါဝင်ဆွေးနွေးမည့် သူများက ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေမူကြမ်းနှင့် GANHRI ၏ လတ်တလောဆုံးဖြတ်ချက်များ အပါအဝင် အဓိကကျသောအကြောင်းအရာများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ ယခုသတင်းစာရှင်းလင်းပွဲက မြန်မာနိုင်ငံတွင် ပါရီအခြေခံမူများနှင့်ကိုက်ညီသော နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ရပ် ထူထောင်နိုင်ရေး အလုပ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို အများပြည်သူများမှ သိရှိနားလည်းလာစေရန် ရည်ရွယ်သည်။

နေ့ရက်။            ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၈ ရက် (အင်္ဂါနေ့)

အချိန်။              ။ နံနက် ၉း၃၀ မှ ၁၁း၀၀ နာရီအထိ (မြန်မာစံတော်ချိန်)

စာရင်းပေးသွင်းရန်။       ။ https://bit.ly/3COxspw

ဘာသာစကား။ ။ မြန်မာဘာသာဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန် စီစဥ်ထားပါသည်။

ပါဝင်ဆွေးနွေးမည့်သူများ –

  • နန်းဇွန်မိုး၊ အမှုဆောင်ဒါရိုက်တာ၊ ရှေ့ပြေးအသံအဖွဲ့
  • ကိုဘိုဘို၊ အမှုဆောင်ဒါရိုက်တာ၊ မျိုးဆက်လှိုင်း
  • မ Zee Pe၊ အမှုဆောင်ဒါရိုက်တာ၊ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စည်းရုံးလှုပ်ရှားမှုအဖွဲ့

Moderator – ဒေါ်ခင်ဥမ္မာ၊ ဥက္ကဌ၊ ရှေ့ပြေးအသံအဖွဲ့

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် – [email protected]


PDF ဖိုင်ရယူရန် English I မြန်မာ

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia