04 February 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့မှ ၂၇ရက်နေ့အတွင်း စစ်ကောင်စီက နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့တွင် လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူ ၁၅ ဦးသေဆုံးပြီး ၃၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။ ထိုထိခိုက် သေဆုံးသူများထဲတွင် ပေါင်၂၅၀ဗုံးနှစ်လုံးကြဲခံရသော ကျောက်မဲဆေးရုံမှ လူနာများစွာပါဝင်သည်။ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ၂၀၂၄ခုနှစ် နှစ်လယ်ကတည်းက တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။
ဇန်နဝါရီလ ၂၁ရက်နေ့ မွန်းလွဲ ၂:၁၆ အချိန်တွင် စစ်ကောင်စီက နောင်ချိုမြို့ အထွေထွေအုပ်ချုပ်ရေးရုံးကို ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲခဲ့သည်။ ထိုဗုံးကြဲမှုကြောင့် အသက်၆၀အရွယ်ရှိ အမျိုးသမီး ၁ဦးသေဆုံး ခဲ့ပြီး ၁၇နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရရှိကာ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ ထိခိုက်ပျက်စီးခဲ့သည်။ ထိုနေ့ ၂:၂၆ အချိန်တွင် နောင်ချိုမြို့ အနောက်တောင်ဖက် ၂၀ ကီလိုမီတာအကွာ တွင်ရှိသော တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ကုန်းကြီးရွာမကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးတစ်လုံးကြဲခဲ့သဖြင့် နေအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့သည်။
ဇန်နဝါရီလ ၂၂ရက်နေ့၊ နေ့လည် ၁၁:၃၀ အချိန်ခန့်တွင် နောင်ချိုမြို့ စျေးရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးဖြင့် ပေါင်၅၀၀ဗုံးနှစ်လုံး ကြဲချခဲ့ရာ ပါရမီလက်ဖက်ရည်ဆိုင်နှင့် နေအိမ်၂လုံး ထိမှန်ပျက်စီးခဲ့သည်။ ထိုဗုံးကြဲမှုကြောင့် အရပ်သား၉ဦးသေဆုံးခဲ့ပြီး သေဆုံးသူများမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ဝန်ထမ်းနှင့် လက်ဖက် ရည်သောက်နေသော ဧည့်သည်များဖြစ်သည်။ ၇ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြား ၂ ဦးမှာ ဆေးရုံ သို့ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့သည်။ အခြားဒဏ်ရာရရှိသူ ၅ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ဇန်နဝါရီလ ၂၅ရက်နေ့ မွန်းလွဲ ၁:၃၀ အချိန်ခန့်တွင် စစ်ကောင်စီက ကျောက်မဲဆေးရုံကို လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချခဲ့သဖြင့် ဆေးရုံရှိ သားဖွားမီးယပ်ဌာန အဆောက်အအုံထိမှန်ပျက်စီးပြီး အရပ်သား ၃ဦးသေ ဆုံးခဲ့ သည်။ သေဆုံးမှုတွင် CDM သူနာပြု ၂ဦးပါဝင်ပြီး ဆေးရုံသို့လာရောက်ဆေးကုသမှုခံယူသော ပြည်သူ အနည်းဆုံး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရရှိသော လူနာများကို လားရှိုးနှင့် မန္တလေးဆေးရုံသို့ ပို့ ဆောင်ကုသခဲ့ရသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂:၁၅ အချိန်တွင် စစ်ကောင်စီက ကျောက်မဲမြို့ မြို့တော်ခန်းမနှင့် ရပ်ကွက်၂ကို လေ ကြောင်းမှ ဗုံးကြဲခဲ့သဖြင့် နေအိမ်၅လုံး ထိခိုက်ပျက်စီးခဲ့သည်။ ဗုံးကြဲမှုများကြောင့် အသက် ၄၀ အရွယ်ရှိ အမျိုး သား ၁ ဦးသည် ဦးခေါင်းပြတ်ကာ သေဆုံးခဲ့ရပြီး အသက်၄၀နှစ်နှင့် ၁၈နှစ်အရွယ်ရှိ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဇန်နဝါရီလအစောပိုင်းတွင် စစ်ကောင်စီက တော်လှန်ရေးတပ်များထိန်းချုပ်ထားသော ဒေသများဖြစ်သည့် ရှမ်း ပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းမြောက်ပိုင်းတို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၁ရက်နေ့၊ နေ့လည် ၁၁ နာရီခန့်တွင် စစ်ကောင်စီက သိန္နီမြို့ ရပ်ကွက်၃ကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့သည်။ ဇန်နဝါရီလ ၈ရက်နေ့တွင် စစ်ကောင်စီက မိုးကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲခဲ့ သ ဖြင့် အရပ်သားနေအိမ် ၂၀လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်သားများက နောင်ချိုမြို့နယ်ရှိကျေးရွာသူကျေးရွာသားများကို တော်လှန်ရေးတပ်များအားထောက်ပံ့သည်ဟုစွပ်စွဲကာ အုပ်စုလိုက်ညှင်းဆဲနှိပ်စက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက ၎င်းတို့ပြန် လည်ထိန်းချုပ်မှုရယူခဲ့သော နောင်ချိုမြို့အနောက်တောင်ဖက်၊ မူဆယ်-မန္တလေးအမြန်လမ်းမပေါ်ရှိ အုန်းမတီး ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်။ ယခင်လအတွင်း အုန်းမတီးကျေးရွာမှ နေအိမ်စုစုပေါင်း ၂၀ လုံးကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့နှင့် ဇန်နဝါရီလ ၁၉ရက်နေ့တို့တွင် မီးရှို့ခံခဲ့ ရသော နေအိမ်များအပါအဝင်ဖြစ်သည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် 66 94 728 6696 Signal (ရှမ်း, အင်္ဂလိပ်)
ယိင်းလျန်းဟန် 1 825 425 4099 Signal (မြန်မာ)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.