အွန်လိုင်း သတင်းစာရှင်းလင်းပွဲ
မြန်မာစစ်အုပ်စုထိန်းချုပ်ထားသော MNHRC ကို ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကွန်ရက်မှဖယ်ရှား
ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးကွန်ရက်များတွင် အကြီးမားဆုံးကွန်ရက်တစ်ခုဖြစ်သော ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများမဟာမိတ်အဖွဲ့ (GANHRI) က မြန်မာစစ်အုပ်စု လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏ကွန်ရက်မှ ဖယ်ရှားလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) အသစ်တစ်ခုကို တည်ထောင်နိုင်ရန် လမ်းဖွင့်ပေးလိုက်သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အတိုကောက် “အလုပ်အဖွဲ့”) က NHRI နှင့်ပတ်သက်သော တိုးတက်ဖြစ်ထွန်းမှုများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်ဦးစားပေးလုပ်ငန်းများဆိုင်ရာ နောက်ဆုံးရအချက်အလက်များကို မျှဝေရန်၊ နှင့် ပြည်တွင်းနှင့်နိုင်ငံတကာ အဆင့်တွင် အရေးပါသော ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြသွားမည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်သည်။ ဤပွဲတွင် ပါဝင်ဆွေးနွေးမည့် သူများက ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေမူကြမ်းနှင့် GANHRI ၏ လတ်တလောဆုံးဖြတ်ချက်များ အပါအဝင် အဓိကကျသောအကြောင်းအရာများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ ယခုသတင်းစာရှင်းလင်းပွဲက မြန်မာနိုင်ငံတွင် ပါရီအခြေခံမူများနှင့်ကိုက်ညီသော နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ရပ် ထူထောင်နိုင်ရေး အလုပ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို အများပြည်သူများမှ သိရှိနားလည်းလာစေရန် ရည်ရွယ်သည်။
နေ့ရက်။ ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၈ ရက် (အင်္ဂါနေ့)
အချိန်။ ။ နံနက် ၉း၃၀ မှ ၁၁း၀၀ နာရီအထိ (မြန်မာစံတော်ချိန်)
စာရင်းပေးသွင်းရန်။ ။ https://bit.ly/3COxspw
ဘာသာစကား။ ။ မြန်မာဘာသာဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန် စီစဥ်ထားပါသည်။
ပါဝင်ဆွေးနွေးမည့်သူများ –
Moderator – ဒေါ်ခင်ဥမ္မာ၊ ဥက္ကဌ၊ ရှေ့ပြေးအသံအဖွဲ့
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် – [email protected]