04 January 2025
ယနေ့ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် လွတ်လပ် ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသူ/သားများအားလုံး အကြမ်းဖက် စစ်အုပ်စု၏ ဖိနှိပ်ညှင်းပန်းမှုများမှ အမြန်ဆုံးကင်းလွတ်ပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းစသည့် ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရပြည့်ဝသည့် နိုင်ငံသစ်တစ်ခုကို အမြန် ဆုံး ထူထောင်နိုင်ကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
မြန်မာနိုင်ငံသည် သီးခြားလွတ်လပ်ပြီး အမှီအခိုကင်းသည့် တိုင်းပြည်တစ်ပြည်အဖြစ် တည်ရှိခဲ့ရာမှ စစ်အင်အား၊ လက်နက်အားကိုးဖြင့် ဝင်ရောက်ကျူးကျော်လာကြသည့် နယ်ချဲ့တို့၏ အနိုင်ကျင့် ဗိုလ်ကျမှုတို့ကြောင့် နှစ်ပေါင်း(၆၀)ကျော်ကြာ သူ့ကျွန်ဘဝဖြင့် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ကြရပါသည်။သူ့ကျွန်ဘဝမှ လွတ်မြောက်လိုသော မြန်မာတိုင်းရင်းသားများအားလုံး စုစည်းညီညွတ်စွာဖြင့် ကျူးကျော်သူများကို ပြန်လည်တော်လှန်တိုက်ထုတ်နိုင်ခဲ့မှုကြောင့် အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရှင်သန် ရပ်တည်လာနိုင်ခဲ့သည်မှာ ယနေ့တွင် (၇၇)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
သို့သော်လည်း နယ်ချဲ့များကို တော်လှန်ရန်နှင့် ပြည်သူကိုကာကွယ်ရန် စသည့်ရည်ရွယ်ချက် ကောင်းများဖြင့် ဖွဲ့စည်းခဲ့သည့် တပ်မတော်သည် ခေါင်းဆောင်ကောင်းများ လွန်မြောက်ပြီးချိန်တွင် အာဏာမက်မောပြီး အရည်အချင်းညံ့ဖျင်းကြသည့် စစ်ခေါင်းဆောင်များ၏ ကိုယ်ကျိုးအတ္တများ
ကြောင့် တိုင်းပြည်သည် ဖွံ့ဖြိုးမှု အလွန်နည်းပါးစွာဖြင့် လွတ်လပ်မှု၊ တရားမျှတမှုတို့ကို ခံစားရခြင်း မရှိဘဲ ကမ္ဘာ့အလယ် မျက်နှာငယ်စွာဖြင့် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး (၂၀၂၁)ခုနှစ်တွင် တိုင်းပြည်အာဏာကို အပြည့်အဝ စိတ်တိုင်းကျချယ်လှယ်လိုသည့် စစ်ခေါင်းဆောင်များသည် မအောင်မြင်သည့် အာဏာသိမ်းမှုတစ်ရပ်ကို ရဲတင်းစွာ ဆက်လက် လုပ်ဆောင်လာခဲ့ပါသည်။
စစ်ခေါင်းဆောင်များအနေဖြင့် ခေတ်အဆက်ဆက် ပြုကျင့်လာခဲ့ကြသည့် နည်းနာများအ တိုင်း ပြည်သူလူထုအပေါ် ဖိနှိပ်ညှင်းပန်း သတ်ဖြတ်မှုများကို တစထက်တစ တိုးမြှင့်လုပ်ဆောင်လာ ခဲ့ကြရာမှ ယခုအကြိမ်သည် လွန်စွာ ဆိုးရွားသည့် အခြေအနေတစ်ခုကို ဆိုက်ရောက်လာပြီး တိုင်း ပြည်၏ စီးပွားရေး၊ လုံခြုံရေးနှင့် အခြေခံအခွင့်အရေး ချိုးဖောက်ခံရမှုများသည်လည်း စိုးရိမ်ရသည့် အခြေအနေဖြစ်လာနေပါသည်။
အထွေထွေဖိနှိပ်ချုပ်ချယ်ခံရမှုများကို လက်မခံလိုကြသည့် တိုင်းရင်းသားပြည်သူများ အားလုံးက ရရာလူသူလက်နက်အင်အားများကို စုစည်းကာ ဘက်ပေါင်းစုံမှ တော်လှန်တိုက် ခိုက်မှုများကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြပါသည်။စုစည်းညီညွတ်မှု၊စိတ်အားတက်ကြွ မှုတို့ဖြင့် အခြေခံသည့် တော်လှန်စစ်တိုင်းသည် အောင်မြင်ခဲ့သည့် သမိုင်းမှတ်တမ်းများ အခိုင်အမာ ရှိခဲ့သည့်အားလျော်စွာ ယခုနွေဦးတော်လှန်ရေးသည်လည်း (၃)နှစ်ကျော်ကာလအတွင်း လွန်စွာ အောင်မြင်သည့် ပြည်သူ့တော်လှန်ရေး အသွင်သဏ္ဍာန်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
ယခု(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အချို့သောဒေသများသည် အကြမ်း ဖက်စစ်အုပ်စု ကင်းစင်ပြီး လွတ်လပ်ခြင်း အနှစ်သာရကို ပြည့်ဝစွာ ခံစားရလျက်ရှိနေပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ကာ တစ်နိုင်ငံလုံး အပြည့်အဝလွတ်မြောက်ရေးဆီသို့ ဆက်လက်လျှောက်လှမ်းရန် အခိုင်အမာ သန္နိဋ္ဌာန်ပြုအပ်ပါကြောင်း ပြောကြားရင်း ဤသဝဏ်လွှာ အားပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.