မြန်မာ့အရေး အာဆီယံကြိုးပမ်းချက် မအောင်မြင်ကြောင်း အရပ်ဘက်အဖွဲ့တွေပြော

18 December 2024

မြန်မာ့အရေး အာဆီယံကြိုးပမ်းချက် မအောင်မြင်ကြောင်း အရပ်ဘက်အဖွဲ့တွေပြော

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းချက်ဟာ မအောင်မြင်ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း နှစ်ရာကျော်က ဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ စစ်ကောင်စီအပေါ် မအောင်မြင်တဲ့ ချဉ်းကပ်မှုကို ဆက်လုပ်နေပြီး ဘုံသဘောတူညီချက် ငါးချက်ကိုပဲ အကောင်အထည်ဖော်ဖို့ တွန်းအားပေးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေက စစ်တပ်ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဖို့ တညီတညွတ်တည်း ဆန္ဒပြုနေတဲ့ မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ပြည်သူဗဟိုပြု ဖြေရှင်းချက်ကို လုပ်ဆောင်တာ၊ စစ်ကောင်စီနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့နဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိရောက်တဲ့ အကူအညီရဖို့ လူထုအသိအမှတ်ပြုတဲ့ တရားဝင်အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး နယ်စပ်လမ်းကြောင်းကနေ အကူအညီပေးအပ်ဖို့လည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံလာအောင် လုပ်နေတဲ့ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုမှာ အာဆီယံခေါင်းဆောင်တွေ ပါဝင်လာဖို့လည်း အကြံပြုထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တိုက်တွန်းချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia