10 December 2024
ဤအကျဉ်းချုပ်စာတမ်းမှာ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) က ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား၍ ကျူးလွန်သော လေကြောင်းတိုက်ခိုက်မှုများ၏ သက်ရောက်မှုများ အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်သည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကောက် ခံရရှိသော အချက်အလက်များနှင့် အွန်လိုင်းမှ ရှာဖွေတွေ့ရှိသော သတင်းအချက်အလက်များကို စုပေါင်း၍ ပြုစုထားသော စာတမ်းဖြစ်သည်။ ထိုတွေ့ရှိချက်များအရ နိုဝင်ဘာလအတွင်းတွင် အထက်ဖော်ပြပါ ဒေသ (၃) ခုကို စစ်အာဏာရှင်မှ လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ် ပြုလုပ်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုများကြောင့် အရွယ်ရောက်ပြီးသူ (၂၅) ဦး နှင့် ကလေး (၁၀) ဦး သေဆုံးခဲ့ပြီး လူကြီး (၂၃) ဦး နှင့် ကလေး (၅၁) ဦး စုစုပေါင်း (၇၄) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်း အပါအဝင် ဆေးရုံ၊ လက်ဖက်ရည်ဆိုင်၊ ရုံးဌာန အဆောက်အဦး (၅)လုံး နှင့် ကား (၆) စီး စုစုပေါင်း အဆောက်အအုံ (၇၇) လုံး ပျက်စီး ဆုံးရှုံးခဲ့ပါသည်။
ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော ပအိုဝ်းလူငယ်အဖွဲ့ (PYO)၊ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT)နှင့် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU) တို့ အပါအဝင် မြန်မာ နိုင်ငံရှိဒေသအနှံ့တွင် ကွင်းဆင်းဆောင်ရွက်နေသည့် အဖွဲ့ဝင်များရှိပါသည်။ တင်ပြထားသော အမှုပေါင်း (၂၅) မှုအနက်တွင် (၁၄) မှုကို ND-Burma ၏အဖွဲ့အစည်းများမှ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့ဝင်များ၏ မှတ်တမ်းတင် ကြိုးပမ်းချက်များသည် စစ်အာဏာရှင်တို့ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံမှုရှိစေရန်အတွက် သက်သေများကို စုဆောင်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဆက်လက်လုပ်ဆောင် လျက်ရှိသော မှတ်တမ်းတင်ပြုစုနိုင်ရန် ကြိုးပမ်းမှုများသည် စစ်အာဏာရှင်တို့အား ၎င်းတို့၏ ရာဇ၀တ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် အတွက် လိုအပ်သော နောက်ထပ် သက်သေအထောက်အထားများကို အဓိက စုဆောင်းနေခြင်း ဖြစ်ပါသည်။
လေကြောင်းတိုက်ခိုက်မှုများ များပြားလာခြင်းကြောင့် ပစ်မှတ်ထားတိုက်ခိုက် ခံရသောနေရာများအတွက် စစ်ရှောင်နေရာများတွင် လုံလောက်သော နေရာထိုင်ခင်းနှင့် အမိုးအကာများ၊ အစားအစာနှင့် ဆေးဝါးအထောက်အပံ့များ မရရှိခြင်းအပါအဝင် ရေရှည်စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ စစ်အာဏာရှင်တပ်၏ စဉ်ဆက်မပြတ် ကြားဖြတ်တိုက်ခိုက်ခြင်း နှင့်ပိုမိုဆိုးရွားလာသော ထိုးစစ်များကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းနှင့် ထိုအကူအညီများကို ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ရေးများအတွက် အတားအဆီးများဖြစ်ပေါ်လျက်ရှိသည်။
စစ်အာဏာရှင် စစ်ကောင်စီ ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုများကိုခံစားနေရသော ပြည်သူများအတွက် လိုအပ်နေသောအရေးပေါ် အကူအညီများကို စစ်အာဏာရှင်တပ် မှ ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်လျက်ရှိသည်။ ပြည်သူအများစုအပေါ် အဓိကထား တိုက်ခိုက် နေသော တိုက်ခိုက်မှုများ အထူးသဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူမှာ စစ်ကောင်စီသာ ဖြစ်ပါသည်။
လေကြောင်းတိုက်ခိုက်မှုများသည် ညသန်းခေါင်ယံ အချိန်နှင့် မနက်အစောပိုင်း အချိန်များတွင် မကြာ ခဏ တိုက်ခိုက်လေ့ရှိသည်။ ထိုတိုက်ခိုက်မှုကို သတိပေးရန် (သို့မဟုတ်) ဘေးကင်းသော နေရာသို့ ရှောင်ရှားရန်အတွက် အချိန်အနည်းငယ်မျှသာ ရပါသည်။ စစ်အာဏာရှင်သည် ယာယီတဲများ၊ စစ်ရှောင်စခန်းများ၊ နေအိမ်များ၊ ရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ နှင့် ဆေးခန်းများတွင် ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထား အကြမ်း ဖက်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပါသည်။ အသက်ရှင်ကျန်ရစ် သူများသည်လည်း ၎င်းတို့အပေါ် မဆင်မခြင် ပစ်မှတ်ထားသော တိုက်ခိုက်မှုများနှင့် မသေချာ မရေရာမှုများကို ခံစားခဲ့ရသောကြောင့် နောက်ဆက်တွဲ စိုးရိမ်ပူပန်မှုများ နှင့် စိတ်ဒဏ်ရာများစွာ ခံစားနေရကြောင်းကိုလည်း ဖော်ပြခဲ့ကြသည်။
စစ်အာဏာရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာနေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများ အားလုံးကို အဖက်ဆယ်မရအောင်ဖျက်ဆီးခဲ့ပါသည်။ စစ်အာဏာရှင်တပ် သည် သူတို့တိုက်ခိုက်မှုများ အပြီးတွင်လည်း အစားအသောက်များ၊ ကျွဲ၊ နွား စသည့် ခြံမွေး တိရိစ္ဆာန်များ နှင့် ပစ္စည်းဥစ္စာများ ကိုပါ မကြာခဏ ဝင်ရောက် သိမ်းဆည်းခြင်း များလည်းရှိနေပါသည်။ ပြည်သူများ၏ လက်ရှိကြုံတွေ့ခံစားနေရသော ဆင်းရဲဒုက္ခများသည် နိုင်ငံတကာအသိုက်အဝန်း၏ ညှိနှိုင်းဆောင်ရွက်မှုများ နှင့် အရေးပေါ်တုံ့ပြန်မှုများ မရှိခြင်းကြောင့် ပိုမိုဆိုးရွားပြင်းထန်လာပါသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.