အမျိုးသမီးများဆိုင်ရာအချက်အလက် (နို၀င်ဘာလ) ၂၀၂၄

05 December 2024

အမျိုးသမီးများဆိုင်ရာအချက်အလက် (နို၀င်ဘာလ) ၂၀၂၄

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုသည် ၄ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုသည် ယနေ့အထိ လူ့အခွင့်အရေးများကို သိသာထင်ရှားစွာ ချိုးဖောက်ကာ လူမဆန်သော အပြုအမူများကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုသည် စစ်ရေးနှင့် နိုင်ငံရေးအရ ဆုံးရှုံးမှုများ များလာသည့်အခါ ပြည်သူများနေထိုင်ရာ နေရာများတွင် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာသည်။ ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များသည် နေ့စဉ်ဒဏ်ရာရရှိပြီး အသက်ဆုံးရှုံးနေရပါသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ မှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ ခိုင်လုံသော သတင်းမီဒီယာများမှ စနစ်တကျကောက်ယူထားခြင်းဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးငယ်များ ရင်ဆိုင်နေရသည့် ဖြစ်စဉ်များကို မှတ်တမ်းတင်ခြင်းနှင့် အကြမ်းဖက်မှုဆိုင်ရာ သက်သေအထောက်အထားများကို စုဆောင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
အပြစ်မဲ့သော အမျိုးသမီးများနှင့် ကလေးငယ်များ၏ ဘဝကို ကာကွယ်ပေးရန်၊ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို အမြန်ဆုံးအကောင်အထည်ဖော်ရန်နှင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ပြီး မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါသည်။


pdf ဖိုင် ရယူရန် in English | Myanmar

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia