အကြမ်းဖက်စစ်အုပ်စုနှင့် တရုတ်အစိုးရကြားက ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး

08 November 2024

အကြမ်းဖက်စစ်အုပ်စုနှင့် တရုတ်အစိုးရကြားက ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး
မင်းအောင်လှိုင်၏ ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မှုသည် တရုတ်အစိုးရနှင့် အကြမ်းဖက်မြန်မာစစ်အုပ်စုတို့အကြား ဆက်ဆံရေး တိုးတက်ပြောင်းလဲလာမှုအပေါ် စိုးရိမ်မှုများ တိုးလာစေသည်။
ထိုမျှမက ယခုခရီးစဉ်သည် စစ်အုပ်စုနှင့် ဘေဂျင်းအစိုးရတို့အကြား ပိုမိုနီးကပ်သော ဆက်ဆံရေးအဖြစ် တိုးမြှင့် ဖော်ဆောင်လာခြင်းကို ပြသနေပြီး၊ ယင်းသည် မြန်မာ့ဒီမိုကရေစီရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို ရုန်းကန်တော်လှန်နေကြသည့် မြန်မာပြည်သူများအတွက်လည်း စိုးရိမ်စရာများ နက်နက်ရှိုင်းရှိုင်း ထင်ဟပ်ဖြစ်ပေါ်လာစေသည်။
တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ထောက်ခံပေးမှုအတွက် ရရှိနိုင်သည့် အကျိုးအမြတ်ဆိုသည်ထက် ကြုံတွေ့နိုင်သည့် အန္တရာယ်များကသာ များစွာသာလွန်နေမည်ဖြစ်သည်။
အကြမ်းဖက်မြန်မာစစ်အုပ်စုအပေါ် တရုတ်အစိုးရ၏ထောက်ခံပေးမှုသည် နှစ်နိုင်ငံစလုံးအတွက် ရေရှည်အကျိုးဆက်များနှင့်အတူ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပျက်စီးစေနိုင်သည်။ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်း ဆိုသည့် ကိုယ်ပိုင်နိုင်ငံခြားရေးမူဝါဒကို မလေးမစား ချိုးဖောက်လိုက်ကြောင်း လူသိရှင်ကြားပြသလိုက်ခြင်းဖြင့် နိုင်ငံတကာတွင် ၎င်း၏ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်သည့် အန္တရာယ်ရှိမည်ဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံသည် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ပုံဖော်အစပျိုးမှုကို အကြမ်းဖက်မြန်မာစစ်တပ်နှင့် လိုက်လျောညီထွေဖြစ်စေရန် အားထုတ်နေမှုသည် မြန်မာပြည်သူ လူထုတရပ်လုံး၏ လုံခြုံရေးကို အလေးထား စိုးရိမ်မှုမရှိကြောင်း ထင်ဟပ်စေသည်။
တချိန်တည်းတွင် အကြမ်းဖက်စစ်တပ်နှင့် လိုက်လျောညီထွေ ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများအပေါ် မကြုံစဖူး ထိခိုက်စေမည့် အန္တရာယ်များ ဖြစ်ပေါ်နိုင်သည်။
လားရှိုးမြို့ရှိ တရုတ်ကွမ်ရင်ဘုရားကျောင်း အပါအဝင် မြန်မာနိုင်ငံရှိ သမိုင်းဝင် တရုတ်ဘုရားကျောင်းများကို စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ အကြမ်းဖက်စစ်တပ်က ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေခြင်းဖြင့် မြန်မာနိုင်ငံအတွင်းမှ တရုတ်၏ ယဉ်ကျေးမှုနှင့် ဘာသာရေး အမွေအနှစ်များကိုလည်း လျစ်လျူရှုထားသည်။ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများပါ၀င်နေသောငွေလိမ်ဂိုဏ်းများ ပပျောက်ရေးအတွက် ယမန်နှစ်က လုပ်ဆောင်ခဲ့သည့် တိုးတက်မှုများကိုလည်း ပျက်ပြားသွားစေသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၊ ဂုဏ်သိက္ခာ၊ နိုင်ငံသားများနှင့် ယဉ်ကျေးမှု အမွေအနှစ်များအပေါ် အန္တရာယ်ရှိသည့်ကြားက စစ်ကောင်စီအပေါ် ထောက်ခံမှု ပိုမိုပြုလုပ်လာခြင်းကြောင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးသည် ရာဇဝတ်မှုနှင့်လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကိုထောက်ခံရုံ ဆိုသည်ထက်မပိုသော အနှစ်သာရမဲ့ဆက်ဆံရေးအဖြစ် ယုတ်လျော့ကျန်ရစ်စေမည်ဖြစ်သည်။
Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က “ဒီခရီးစဉ်က ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေးဆိုတာ မြန်မာပြည်သူလူထုအတွက် ပြောတာမဟုတ်ဘဲ တရုတ်နဲ့ မြန်မာစစ်တပ်ကြားက ဆက်ဆံရေးဆိုတာ ရှင်းလင်းသွားစေပါတယ်။
တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ပြိုလဲမှုကို နှောင့်နှေးစေပြီး ဒီလုပ်ရပ်တွေကြောင့်ပဲ မြန်မာပြည်သူလူထုကို အတိဒုက္ခ ပိုရောက်စေပါတယ်။
တကယ်လို့ တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကိုသာ အမှန်တကယ်လိုလားတယ်ဆိုရင် နိုင်ငံကိုသိမ်းပိုက်ဖို့ တရားမဝင်ကြိုးပမ်းနေတဲ့၊ ပြည်သူ့ရွေးကောက်ခံမဟုတ်တဲ့ လူသတ်စစ်ရာဇဝတ်ကောင် တွေနဲ့ ဆက်ဆံရမှာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ တရားဝင်အစိုးရနဲ့ လက်တွဲရမှာဖြစ်ပါတယ်” ဟု ပြောဆိုသည်။
အခြားမှတ်ချက်များနှင့် သတင်းအချက်အလက်များအတွက် ဆက်သွယ်ရန် –
Naw Aung, Defend Myanmar Democracy
PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia