07 November 2024
အစီရင်ခံစာအကျဉ်း
ယခုအစီရင်ခံစာတွင်စစ်တပ်သည် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်ဩဇာခံပျူစောထီးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များအကြောင်းကို ဖော်ပြခြင်းအားဖြင့် ရည်ရွယ်ချက်ရှိရှိ ကြံရွယ်ထားသည့် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပုံကို ဆွေးနွေးတင်ပြထားပါသည်။ ယခုအစီရင်ခံစာတွင် စစ်တပ်မှ ပျူစောထီးအဖွဲ့များကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ပျူစောထီးအဖွဲ့များတွင် ပါဝင်သည့် အဖွဲ့အစည်းများ၊ အားပေးထောက်ခံသူများနှင့် ၎င်းတို့၏လုပ်ငန်းစဉ်များ၊ ကျူးလွန်မှုများ၊ ခြိမ်းခြောက်မှုများ၊ အပြစ်မဲ့ပြည်သူ အပေါ် ပြုလုပ်ခဲ့သည်များကို ရှင်းလင်းဖော်ပြထားပါသည်။ ပျူစောထီးအဖွဲ့များသည် စစ်တပ်မှ တော်လှန်ရေး အင်အားစုများ၊ ပြည်သူများအား စစ်ရာဇဝတ်မှု ကျူးလွန်ရာတွင် စစ်တပ်အား အဓိကအထောက်အပံ့ ပေးနေသည့်စစ်တပ်၏ အရံအင်အား အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ပြင် စစ်တပ်နှင့် မဘသပေါင်းပြီး ပြည်သူ့စစ်များနှင့် ပျူစောထီးများကို ဖွဲ့စည်းခြင်း အထောက်အပံ့ပေးခြင်းတို့ကိုလည်း ဖော်ပြထားပါသည်။ ပျူစောထီးအဖွဲ့အပြင် အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလတွင် အလားတူ အဖွဲ့များပေါ်ပေါက်လာပြီး လူသတ်မှုကျူးလွန်ပုံများကို လေ့လာတင်ပြထားပါသည်။
၂။ နိဒါန်း
ဤအစီရင်ခံစာကို အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်တပ်၏အဓိက ထောက်တိုင် ဖြစ်သည့် ပျူစောထီးအဖွဲ့နှင့် ပြည်သူစစ်အဖွဲ့များအကြောင်းကို လေ့လာထားခြင်းဖြစ်သည်။ အစီရင်ခံစာတွင် တွေ့ရှိချက်များသည် အဓိကသတင်းမီဒီယာ(၁၅)ခုကို ၂၀၂၁ခုနှစ် မတ်လမှစတင်ပြီး ၂၀၂၄ခုနှစ် စက်တင်ဘာ လအထိ နေ့စဉ် လေ့လာစောင့်ကြည့်ခဲ့ပါသည်။ ၎င်းအပြင် ပျူစောထီးများ အဓိကလှုပ်ရှားနေသော စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီတို့ရှိ ဒေသခံများနှင့် အင်တာဗျူးများပြုလုပ်၍ လေ့လာမှုများလည်း ပြုလုပ်ခဲ့သည်။
ရရှိလာသည့် သတင်းအချက်အလက်များကို သုတေသနနည်းနာများဖြင့် ပြန်လည်စိစစ်ပြီး မှတ်တမ်း တင်ခဲ့ပါသည်။ ယခုအစီရင်ခံစာတွင် စစ်တပ်မှ ပျူစောထီးအဖွဲ့များနှင့် ပြည်သူ့စစ်များကို ဖွဲ့စည်းပုံ၊ ထိုအဖွဲ့များ နှင့် စစ်တပ်ပက်သက်မှုများ၊ ပျူစောထီးအဖွဲ့များနှင့် အလားတူအဖွဲ့များအကြောင်းနှင့် ခြိမ်းခြောက်မှုများ၊ ပြစ်မှုကျူးလွန်မှုများနှင့် စည်းရုံးလုပ်ငန်းစဉ်များ ပါဝင်ပက်သက်သူများအကြောင်းတို့ကို တင်ပြထားပါသည်။ အစီရင်ခံစာတွင် ပျူစောထီး အဖွဲ့ကျူးလွန်မှုများတွင် သက်သေခိုင်မာသည့် ဖြစ်စဉ်များကိုသာ စုစည်းဖော်ပြ ထားပါသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.