28 October 2024
စက်တင်ဘာလကို “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးလ” အဖြစ် ကုလသမဂ္ဂအထွေထွေ ညီလာခံမှ ၁၉၈၁ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ထို စက်တင်ဘာလ (၂၁)ရက်နေ့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း ၌လည်း “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” အဖြစ် ကျင်းပကြသည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာလကို “အပြည်ပြည်ဆိုင်ရာ ငြိ မ်းချမ်းရေးနေ့” အဖြစ် သတ်မှတ်ထားသော်လည်း နိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လူမှုဘဝ လုံခြုံရေးကို သိသိသာသာ အန္တရာယ် ဖြစ်နေသည်။ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆောင်ပုဒ်မှာ “ငြိမ်းချမ်းရေးယဥ်ကျေးမှု တည်ဆောက်ခြင်း” ဖြစ်ပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် လူတိုင်းပါဝင် ဆောင်ရွက်နိုင်ရန် အရေးကြီးလှပါသည်။1 သို့သော်လည်း အကြမ်းဖက် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လူမှုဘဝလုံခြုံရေးအခြေအနေသည် ခြိမ်းခြောက်ခံနေရပါသည်။ ၂၀၂၁ ခုနှစ်မှစတင်ပြီး အကြမ်းဖက်စစ်အုပ်စု၏လက်ထဲတွင် မြန်မာနိုင်ငံရှိ ပြည်သူလူထုများသည် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်အတူ ရုန်းကန် ရှင်သန်နေကြ ရသည်။ မြန်မာပြည်သူလူထုတို့သည် အကြမ်းဖက်စစ်အုပ်စု၏အာဏာသိမ်းရန်ကြိုးပမ်းမှုတွင် အကြမ်းမဖက်သော နည်းလမ်းများ၊ လက်နက်ကိုင်စွဲခြင်းနည်းလမ်းများဖြင့် အရှိန်အဟုန်ပြင်းစွာ ဆန့်ကျင် တော်လှန်နေဆဲဖြစ်သည်။ သို့သော်လည်း စစ်တပ်အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဆန့်ကျင်တော်လှန်လာသည့် သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လူမှုဘဝ လုံခြုံရေး အခြေအနေသည် ပိုမိုဆိုးရွားလာနေပါသည်။ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှု၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အုပ်စုဖွဲ့မုဒိမ်းကျင့်မှု အပါအဝင် မုဒိမ်းကျင့်မှုများကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံး ကြရသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလ ဤသုံးလတကာလအတွင်း အကြမ်းဖက် စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ(EROs)နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (PDFs)ကြားရှိ လက်နက်ကိုင်ပဋိပက္ခများ၊ အထူးသဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်း (၁၀၂၇) စစ်ဆင်ရေး ဒုတိယလှိုင်းနှင့်အတူ နိုင်ငံအနှံ့ အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မြို့တော်ဖြစ်သည့် လားရှိုးမြို့ အပါအဝင် ၎င်းတို့၏ဗျူဟာမြောက်အခြေစိုက်စစ်စခန်းများ၊ စစ်ဌာနများနှင့် မြို့ အများအပြားကို ဆုံးရှုံးခဲ့သည်။ တချိန် တည်းတွင် အကြမ်းဖက်စစ်အုပ်စုသည်အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ဆဲ ဖြစ်ပြီး လက်နက်ကြီးအမြောက်များအသုံးပြု၍ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကဲ့သို့သော ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက် ရှိသည်။ စစ်အုပ်စုသည် တရားမဝင် စစ်မှုထမ်းဥပဒေ အောက်တွင် အမျိုးသမီးများကိုအတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ ဆက်တိုက်လုပ်ဆောင်လျက် ရှိနေသည်။ ထို့ကြောင့် နိုင်ငံရေးအကျဥ်းသူများ အပါအဝင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ အမျိုးသမီးများ၏ လူမှုဘဝလုံခြုံရေးအခြေအနေသည် တစ်စတစ်စ ပိုမိုဆိုးရွားလာပါသည်။ ထို့အပြင် စီးပွားရေး အကြပ်အတည်း ရိုက်ခတ်မှုသည် အထူးသဖြင့် အခြေခံလူတန်းစား အမျိုးသမီးများ၏ လူမှုဘဝ အခြေအနေကို ထိခိုက်စေပါသည်။ အမျိုးသမီးများသည် လိင်ပိုင်ဆို င်ရာ အကြမ်းဖက်မှုကဲ့သို့သော မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် လိင်အမြတ်ထုတ်ခံရမှုများ၏ ခြိမ်းခြောက်မှု အောက်တွင်ရှိနေသည်။ သို့သော်လည်း ရှင်သန်လွတ်မြောက်သူများအတွက် အကာအကွယ်ပေးခြင်းနှင့် တာဝန်ယူ/ခံမှုဆိုင်ရာ ယန္တရားများ မရှိသောကြောင့် ပြစ်မှုကျူးလွန်သူများသည် အလုံးစုံ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ လွှမ်းခြုံသော ဤအစီရင်ခံစာတွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူအမျိုးသမီးများ၊ တရားမဝင်စစ်မှုထမ်းခြင်းဆိုင်ရာဥပဒေ၊ အမျိုးသမီးများနှင့် စီးပွါးရေးအခြေအနေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်သူ အမျိုးသမီးများအတွက် တရားမျှတမှု ရရှိရေးနှင့် ၎င်းတို့ကို အကာအကွယ်ပေးမှုအခြေနေ၊ အမျိုးသမီး စစ်ရှောင်များနှင့် ၎င်းတို့၏ လူမှုဘဝလုံခြုံရေးအခြေအနေများကို သုံးသပ်တင်ပြထားခြင်းဖြစ်ပါသည်။ ဤအစီရင်ခံစာသည် သတင်း ဆောင်းပါးများ၊ အဖွဲ့အစည်းဆိုင်ရာ အစီရင်ခံစာများ၊ သုတေသနပြုချက်စာစောင်များကဲ့သို့သော ဆင့်ပွား သုတေသနသတင်းအချက်အလက်အပေါ်အခြေခံ၍ သုံးသပ်တင်ပြထားခြင်းဖြစ်ပါသည်။ အမျိုးသမီးများ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများနှင့် ၎င်းတို့၏ခံနိုင်ရည်စွမ်းကို စာနာနားလည်နိုင်ရန် ဤအစီရင်ခံစာက
အထောက်အကူပြုမည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂအနေဖြင့် ယုံကြည်ပါသည်။ ထို့အပြင် ဤအစီရင်ခံစာ သုံးသပ်ချက်သည် နိုင်င တော်အဆင့်၊ ဒေသအဆင့်နှင့် မတူညီသော အစုအဖွဲ့များအတွက် စည်းရုံးလှုံ့ဆော် ခြင်း အတွက် အထောက်အကူပြုအနေဖြင့် အသုံးပြုနိုင်ပြီး ရှင်သန်လွတ်မြောက်လာသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် တရားမျှတမှု ရရှိရန်လည်း အကူအညီဖြစ်စေမည်ဖြစ်သည်။ သို့သော်ငြားလည်း မြန်မာ့အမျိုးသမီးသမဂ္ဂ အနေဖြင့် လက်တွေ့မြေပြင်အခြေအနေတွင် သတင်းအချက်အလက်ရရှိနိုင်မှုနှင့် သတင်းစီးဆင်းမှုများ၌ ကန့်သတ်မှု များရှိနေသောကြောင့် နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်သော သတင်း အချက်အလက်များ ရယူနိုင်ရန် စိန်ခေါ်မှုများရှိနေပါသည်။ ထို့ကြောင့် ဤအစီရင်ခံစာတွင် ရေးသားတင်ပြသော သတင်းအချက်အလက်များသည် သိသာမြင်သာသော အပိုင်းကိုသာ ထင်ဟပ်စေနိုင်ပြီး မြေပြင်တွင် ဖြစ်ပျက်နေသည့် ပကတိအခြေအနေများသည် ယခုထက်ပိုမိုများပြား နက်ရှိုင်းနိုင်ပါသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.