19 October 2024
National Unity Government
၁။ မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ထိုကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာအဆောက်အအုံအား တိုက်ခိုက် သည့်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချပါသည်။
၂။ ထိုဖြစ်ရပ်ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမည်ကိုလည်း မိမိတို့အနေဖြင့် အထူးပင်စိုးရိမ်မိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဥ်တစိုက်ဆန့်ကျင်သွားမည်ဖြစ်ပါသည်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများ အပေါ်သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်စပ်လျဥ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ မိမိတို့ အနေဖြင့် ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါ သည်။ အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဥ်တစိုက်ဦးတည်သွားမည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများ ၏ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.