20 September 2024
ခင်ဘုန်းမို့
စစ်အာဏာသိမ်းမှုမဖြစ်ခင် မြန်မာပြည်ကလူငယ်တွေရဲ့ဘဝဟာ ထမ်းပိုးထားတဲ့အိပ်မက်တွေအပြည့်၊ ပူပင်မှု မြူမှုံမရှိနဲ့ ဝါသနာပါတဲ့အရာတွေကိုဘဝထဲအချိန်ပေးရင်ဖြတ်သန်းနေခဲ့ကြတာပါ။
ဒီလိုလူငယ်တွေအထဲမှာရန်ကုန်သူတစ်ယောက်ဖြစ်တဲ့ဖူးလည်းအပါအဝင်ပါပဲ။ ဝါသနာပါတဲ့အသက်မွေးဝမ်း ကျောင်းအလုပ်လုပ်လိုက်၊မိသားစု၊ သူငယ်ချင်းတွေနဲ့ဖြတ်သန်းရင်း လူငယ်ဘဝရဲ့အချိန်တွေကိုကုန်ဆုံးခဲ့ပါတယ်။
ဖူးတို့လိုလူငယ်တွေဟာ စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်လာတော့ အာဏာရှင်ကိုတော်လှန်ဖို့ လမ်းမပေါ်ထွက်လာ ကြပါတော့တယ်။ သူဟာစစ်အာဏာမသိမ်းခင်က လက်ထောက်ရှေနေ့တဦးအနေနဲ့ ရှေ့နေရုံးတစ်ခုမှာအလုပ်လုပ်နေပြီဖြစ်တယ်။
၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုပြီးနောက် ဖေဖော်ဝါရီလ(၄)ရက်နေ့ကစပြီး တရားရုံးတွေရှေ့မှာ မိတ်ဆွေရှေ့နေတွေနဲ့အတူ ဆန္ဒပြခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း လူထုသပိတ်တွေအားကောင်းလာတဲ့ ဖေဖော်ဝါရီ(၆)ရက်နေ့ကစပြီး လူထု သပိတ်တွေမှာပါဝင်ခဲ့တယ်။ နောက်ပိုင်းစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုကို အကြမ်းဖက်သတ်ဖြတ်တာကြောင့် လူထုသပိတ်တွေ အားနည်းသွားခဲ့ပေမယ့် စစ်အာဏာရှင်ကို ဘယ်လိုနည်းနဲ့ ဆက်လက်တော်လှန်နိုင်မလဲ ဆိုတဲ့ အစီအစဉ်ကို လူငယ်တွေဟာ စဉ်းစားနေခဲ့ကြတယ်။
ဖူးတစ်ယောက်လည်း ရန်ကုန်မှာရသလောက် ရှိနေပြီးလူငယ်တွေနဲ့အတူမြေအောက်လှုပ်ရှားမှုတွေ၊ ပြောက်ကျား သပိတ်တွေမှာပါဝင်လှုပ်ရှားခဲ့ပါတယ်။ Silence strike(အသံတိတ်သပိတ်)တွေ လုပ်ဖို့နိုးဆော်တာတွေ၊ သင်္ကြန် ကာလဆိုလည်းစစ်ကောင်စီရဲ့ အယောင်ပြသသင်္ကြန်မှာမပါဝင်ဖို့ တော်လှန်ရေးနဲ့ပတ်သက်တဲ့ နိုးဆော်မှုကမ်ပိန်းတွေ စတာတွေပြုလုပ်ခဲ့ပါတယ်၊
“တော်လှန်ရေးနဲ့ပတ်သက်တာကို ကိုယ်နိုင်သလောက် ရန်ကုန်မှာနေတဲ့အချိန်တုန်းက အကောင်းဆုံးလုပ်ခဲ့တယ်” လို့ ဖူးကဖွင့်ဟပါတယ်။ အဲ့ဒီနောက်ပိုင်း အတူတူအလုပ်လုပ်တဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေအဖမ်းခံရတာများလာပြီး ညအိပ်တဲ့အချိန်ရောက်ရင်တောင် ခေါင်းချပြီးအေးအေးချမ်းချမ်းမအိပ်နိုင်ဘဲ စိတ်ပိုင်းဆိုင်ရာထိခိုက်လာတဲ့ အခြေအနေတွေဖြစ်လာခဲ့တယ်။ ရန်ကုန်မှာနေရတာမလုံခြုံတော့တဲ့အတွက် လွတ်မြောက်နယ်မြေကို ခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“အဲ့အချိန်မှာလည်း ညီမနဲ့သိတဲ့ တော်လှန်ရေးမိတ်ဆွေတော်တော်များများက ကရင်ပြည်နယ် ဘက်ကို ရောက်နေကြပြီပေါ့။ သူတို့ကလည်းလှမ်းခေါ်တယ်။ ဒီမှာဆိုရင်လွတ်လွတ်လပ်လပ် စိတ်ကြိုက်ဆက်ပြီးတော့ တော်လှန်ရေးကိုဆက်လုပ်မယ်ဆိုရင် စိတ်ကြိုက်လုပ်လို့ရတယ်။ ရွေးချယ်လို့ရတယ်ပေါ့။ အဲ့တော့ ညီမကရင်ပြည်နယ်ဘက်ကိုလာဖို့ ရွေးချယ်ဖြစ်ခဲ့တယ်”လို့ဖူးကဆိုပါတယ်။
အစကတော့ သူဟာ တော်လှန်ရေးမီဒီယာတခုမှာ သတင်းတင်ဆက်သူအနေနဲ့အလုပ်လုပ်ကိုင်မယ်။ တခြား တော်လှန်ရေးနဲ့ ပတ်သက်တဲ့အလုပ်တွေ လုပ်မယ်ဆိုပြီးထွက်လာခဲ့တာဖြစ်ပါတယ်။ ကရင်ပြည် နယ်၊ လေးကေ့ကော် ကိုစရောက်တဲ့အချိန်မှာ 96 soldiers စတင်ဖွဲ့စည်းဖို့ လူစုနေတဲ့အချိန်ဖြစ်တယ်။ 96 soldiers ရဲ့ camp ကို လိုက်လည်ရင်း လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတဲ့ လူငယ်ရဲဘော်အများကြီးကိုတွေ့ခဲ့ရတယ်။ 96 soldiers တည်ထောင်သူတွေကလည်း ထောက်ပို့အပိုင်းနဲ့ ဘဏ္ဍာရေးအပိုင်းတွေမှာကူပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။
ကရင်ပြည်နယ်တောင်ပိုင်းတိုင်းတခုမှာ 96 အဖွဲ့တပ်ခွဲတစ်ခုရှိပါတယ်။ ညီမတို့အညာကိုရောက်သွားတဲ့ အကြောင်းက အဲ့ကာလမှာ အညာမှာ တူမီးတွေနဲ့ပစ်ကျခတ်ကျနဲ့ တကယ် ချနေကြတဲ့အချိန် ညီမတို့လူခွဲပြီး အလုပ်လုပ်ကြမယ်ဆိုပြီးတိုင်ပင်ဖြစ်ကြတယ်။ အဲ့လိုတိုင်ပင်ဖြစ်ရင်းနဲ့မှ အညာကိုရွေ့ဖို့ပြောင်းဖို့ဖြစ်လာပါတယ်။
“အဲ့လိုမျိုးရဲဘော်ရဲဘက်တွေ အတူတူဖြတ်သန်းချင်တဲ့စိတ်ဖြစ်မိတယ်။ presenter လုပ်ရမှာထက်ကို အဲ့တော့ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ဖြစ်ခဲ့တယ်။”လို့ဖူးကပြောပါတယ်။
အဲ့ဒီနောက်စစ်သင်တန်းစတင်တက်ခဲ့တယ်။ မိသားစုကတော့ဖူးဒီလိုဆုံးဖြတ်လိုက်တဲ့အပေါ် အားပေး၊ ကန့်ကွက်တာမျိုးတော့မရှိခဲ့ပါဘူး။ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်လိုက်တဲ့အခါမှာ ဘဝနဲ့ပတ်သက်ပြီး အားလုံးပြောင်းပြန် လှန်လိုက်သလိုပြောင်းလဲသွားခဲ့တယ်။
အညာကိုစစရောက်ချင်းတုန်းက စိတ်ထဲတကယ်မကောင်းဘူး။ ညီမတို့မြင်ချင်တဲ့ မြင်ကွင်းမျိုးမဟုတ်ဘူး။ အားလုံးကညီမ ပထမဆုံးခြေချမိတဲ့ရွာဆိုရင် မီးလောင်ပြင်သပ်သပ်ပဲရှိတယ်။ အိမ်တွေလည်းမရှိဘူး။ မီးလောင်ထားတဲ့ အိမ်တိုင်တွေ လှေကားထစ်အုတ်ခုံတွေ မီးလောင်ထားတဲ့ သွပ်ပြားတွေ ဒါတွေပဲတွေ့ရတယ်။ တကယ့်ကိုမြင်ကွင်းက ရင်နင့်စရာကောင်းတယ်လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီအချိန်ကနေစပြီးတော့ ညီမတို့အဖွဲ့ဆက်ပြီးတော့တည်ဆောက်တယ်။ ရပ်တည်ကြတယ်။ အညာကို ဘယ်လိုကူရမယ်ဆိုတဲ့ အပိုင်းလေးတွေစဉ်းစားပြီးတော့ ရှေ့ဆက်သွားကြတယ်။ အဲ့ကနေမှတစ်ဆင့်စစ်ရေး စစ်ရေးကနေ အညာပြည်သူလူထုကို donation ပိုင်းတွေပါဘယ်လိုကူလို့ရမလဲဆိုတာ အများကြီးစဉ်းစားပြီး အခုချိန်ထိကူဖြစ်နေတယ်လို့ဆိုပါတယ်။
အရင်ကဆိုလူစိမ်းတွေနဲ့ စကားပြောရမှာဝန်လေးပြီး သိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့နေခဲ့တဲ့သူဟာ တပ်ထဲရောက်သွား ချိန်မှာတော့အကုန်ပြောင်းလဲလာခဲ့ပါတယ်။ လူအများနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါ လူမှုဆက်ဆံရေးတွေလည်း သင်ယူနိုင်ခဲ့ပါတယ်။
အရင်ကဆိုညီမတို့က အခုစကားခေတ်စကားနဲ့ပြောရရင်တော့ ရေပေါ်ဆီပေါ့ ဘာမှလည်းနားမလည်ဘူး။ ကိုယ်လုပ်ချင်ရာလုပ်မယ်၊ သွားချင်သွားမယ်၊ ပျော်ဖို့ပဲ သိတဲ့လူငယ်တွေပေါ့။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အများကြီးပြောင်းလဲသွားတယ်လို့ သူကဆက်ပြောပါတယ်။
“ကိုယ့်ရဲ့ဘဝဖြတ်သန်းမှုနဲ့ လိုက်ဖက်တဲ့ရွေးချယ်မှု၊ ပြုမူနေထိုင်မှုတော့ကျင့်ကြံရတယ်။ ရောမရောက်ရင် ရောမလို ကျင့်ရသလိုပဲ”လို့သူကပြောပါတယ်။
တောထဲစဝင်ခါစဆို အသက်ဘယ်လောက်မှမရှိသေးဘူး။အခု လေးနှစ်အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာလည်း တော်တော်ကျသွားတယ်။ ပြီးစိတ်ပိုင်းဆိုင်ရာဆိုရင်လည်း အရင်တုန်းကဆို ဘာလုပ်လုပ်အားနာတယ် လူတွေကိုသည်းခံတယ်။ ကိုယ့်ကိုဘာပြောပြောသည်းခံတယ်။ အရမ်းအားနာပြီးတော့ လုပ်ပေးချင်စိတ်များတယ်ပေါ့။ အခု ဒီကာလမှာကျတော့ ညီမတို့တွေက သည်းခံသင့်တဲ့ဟာသည်းခံတယ်။ အမှန်တရားအတွက်ရပ်တည်နေတဲ့ လူငယ်တွေလည်းဖြစ်ကြတဲ့အတွက် မှားနေတယ်။ မှားနေတာကိုမြင်ရင် သည်းခံပြီးတော့ ဆက်မလုပ်ကြဘူး။ ပြောစရာရှိရင် ပြောတယ်။ အရင်က အားနာတက်တယ်ဆိုတဲ့ စိတ်ကလည်းလုံးဝကြီးပျောက်သွားတယ်။ လုံးဝဒီကာလမှာ၊ ပြောစရာရှိတာပြောကြတယ်။ လုပ်စရာရှိတာလုပ်ကြတယ်။
“အရင်ကဆို နူးနူးညံ့ညံ့ပေါ့၊ အခုတော့ စိတ်ကမရှည်နေတော့ စိတ်မရှည်တာတွေ စိတ်တိုတာတွေများလာတယ်။ ဒါကလည်း ကိုယ်ကြုံခဲ့ရတဲ့လောကဓံပဲပြောရမလား၊ ဒီကာလမှာကြုံခဲ့ရတဲ့ လောကဓံကြောင့် ညီမတို့စိတ်တွေ ပြောင်းလဲသွားကြတယ်လို့မြင်ပါတယ်။ တခုခုဆိုရင် ငိုချင်စိတ်ရှိတယ်။ ဝမ်းနည်းလွယ်တဲ့အမျိုးသမီးငယ် တစ်ယောက်ကနေ စိတ်ပိုင်းဆိုင်ရာ strong ဖြစ်လာတဲ့အမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်။”လို့ ဖူးကပြောပါတယ်။
အိမ်မှာတုန်းက ကိုယ်စားတဲ့ပန်းကန်ကိုတောင်မဆေးခဲ့ရပေမယ့် တောထဲရောက်တဲ့အချိန် တပ်ကကျွေးတာကို စားနိုင်အောင်လေ့ကျင့်ခဲ့ရတယ်။
“အခုဆိုသုံးနှစ်ကျော်၊ လေးနှစ်ထဲရောက်ပြီပေါ့နော်။ ညီမနဲ့တန်းတူဝင်ခဲ့တဲ့အမျိုးသမီးတွေဆိုလည်း ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့တဲ့ကာလပေါ့ ဒီကာလကြီးကတော့”လို့ဆိုပါတယ်။
အမျိုးသမီးတစ်ဦးအနေနဲ့ အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး လုပ်နိုင်သမျှအရာတွေကို လုပ်ကိုင်ခဲ့တယ်။ တခါတရံ သဘာဝအရ ဓမ္မတာလာတဲ့အချိန်တွေကတော့ ခက်ခဲခဲ့ပါတယ်။
“လတိုင်း၊ အဲ့လိုအချိန်ကျရင်တော့ စိတ်ကလုံးဝမကျော်ဖြတ်ချင်တော့ဘူး။ ကိုယ်လက်ကိုက်ခဲ့တာကအစစိတ်ပိုင်းဆိုင်ရာအဆုံး လုံးဝဒေါင်းသွားတဲ့အချိန်တွေရှိတယ်။ အဲ့လိုအခြေအနေတွေရှိတယ်”လို့ဖူးကသူ့အတွေ့အကြုံကို ပြောပါတယ်။
တချို့အမျိုးသမီးရဲဘော်တွေဆိုရင် အမျိုးသားတွေထက်တောင်ပိုလုပ်နိုင်ပြီး အမျိုးသားတွေ ဆေးအနားယူချိန်မှာတောင် အနားမယူခဲ့တဲ့ရဲဘော်အမျိုးသမီးတွေရှိတယ်လို့ဆိုပါတယ်။ စနိုက်ဘာကျွမ်းကျင်သူတွေထဲမှာလည်း အမျိုး သမီးတွေပါဝင်တယ်လို့ဆိုပါတယ်။
စစ်သင်တန်းတက်ပြီးတဲ့အခါမှာ ဖူးက ဘဏ္ဍာရေးတာဝန်နဲ့တပ်ဖွဲ့ရဲ့နောက်တန်းစီမံခန့်ခွဲမှုတွေကို တာဝန်ယူ လုပ်ဆောင်နေပါတယ်။ ဖူးကိုယ်တိုင်လည်း ဖူးတို့တပ်ဖွဲ့တာဝန်ခံပြီးရင် ဒုတာဝန်ခံပုံစံမျိုးနဲ့ တာဝန်ယူရတဲ့ အပိုင်းတွေ ရှိပါတယ်။
“အမျိုးသမီးတယောက်အနေနဲ့ ဒီကာလမှာဒီလိုတာဝန်တွေကို ထမ်းထားရတာဖြစ်တဲ့အတွက်ကိုယ့်ကိုကိုယ် ဂုဏ်ယူမိတယ်။ ရှေ့ဆက်ပြီးအများကြီးပိုလုပ်နိုင်အောင်လို့ကြိုးစားနေတယ်”လို့ဖူးကဆိုပါတယ်။ သူတို့တပ်ဖွဲ့ထဲမှာတော့ အမျိုးသမီးဖြစ်လို့ဆိုပြီး ခွဲခြားတာမျိုးတွေမရှိဘူးလို့ဆိုပါတယ်။
တခြားအခက်အခဲတွေကတော့ ဘဏ္ဍာရေးပိုင်းအခက်အခဲတွေဖြစ်တယ်။ တပ်ဖွဲ့တွေရဲ့လိုအပ်ချက်တွေများလာတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ ပြည်သူတွေစီးပွားရေးကြပ်တည်းလာတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ဖူးကပြောပါတယ်။
“campaign တွေ target ပြည့်ဖို့ကိုအရမ်းကို ကြိုးစားအားထုတ်ရတယ်။ ကိုယ်တယောက်ထဲမှ မဟုတ်ပါဘူး။ တပ်ဖွဲ့တိုင်းကဖြစ်နေတဲ့စိန်ခေါ်မှုလို့ပဲမြင်ပါတယ်”လို့ ဖူးကဖွင့်ဟပါတယ်။
စိတ်ဓာတ်ကျတဲ့အချိန်တွေရှိပေမယ့် ရဲဘော်တွေအချင်းချင်း စိတ်ခွန်အားပေးရင်း ကျဆုံးသွားတဲ့ရဲဘော်တွေကို အားနာစိတ်နဲ့ကျော်ဖြတ်နေပါတယ်။
ဖူးတို့တပ်ဖွဲ့ဟာ အညာဒေသစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့အညာဒေသကပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့နေရတဲ့ အခြေအနေလည်းဖြစ်တယ်။
အညာမှာ ကိုယ်တိုက်ကြုံရတာဆိုရင်” ညီမတို့စစ်ကြောင်းထိုးပြီးတော့ စစ်ကောင်စီဘက်ထွက်သွားတော့ နယ်မြေရှင်းလင်းရေးတွေလုပ်ရတဲ့အချိန် ညီမကိုယ်တိုင်လိုက်သွားတယ်။ အဲ့မှာဆို ပြည်သူတွေကိုမီးရှို့ထားတဲ့ လောလော လတ်လတ် dead body တွေတွေ့ခဲ့ရတယ်။ စိတ်မကောင်းစရာမြင်ကွင်းတွေရှိတယ်”လို့ပြောပါတယ်။
အညာလူထုက ဖော်ရွေတယ်သူတို့ဘယ်လိုပဲ ပြာပုံပဲဖြစ်သွားပါစေ တကယ့်ကိုပြည်သူဘက်ကရပ်တည်တဲ့ တော်လှန်ရေး အင်အားစုတွေကို ကောင်းကောင်းမွန်မွန်နဲ့ ဆက်ပြီးတော့ အားပေးတယ်။ သူတို့နိုင်သလောက်တွေ ကူကြတဲ့အခြေအနေလေးတွေတော့ ရှိပါတယ်။
စစ်ကြောင်းထိုးချိန်မှာ အမျိုးသမီးတွေကိုအဓမ္မကျင့်၊သတ်ဖြတ်တာ၊နေအိမ်တွေကိုမီးရှို့တာစတာတွေကိုစစ်ကောင် စီကကျူးလွန်တာရှိနေတယ်လို့ဆိုပါတယ်။
“စစ်ကောင်စီက ဒီတော်လှန်ရေးကာလမှာ အမျိုးသမီးမှမဟုတ်ဘူးကလေးတွေရော ပြည်သူပါမကျန် တော်လှန် ရေး သမားပါမကျန်ရက်ရက်စက်စက် လိင်ပိုင်းဆိုင်ရာလည်း စော်ကားတယ်။ သတ်ဖြတ်တဲ့အဆင့်တွေ အထိပါရှိတယ်။ နည်းဗျူဟာလို့ပြောရမလား။ လူသားဆန်မှုမရှိဘူး။ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်တဲ့ အခြေအနေတွေ ဖြစ်တယ်”လို့ဖူးကဆိုပါတယ်။
အညာဒေသကအမျိုးသမီးတွေက အရင်ကဆို ကောက်စိုက်၊ ပျိုးနုတ်၊ ရက်ကန်းရက်၊ စက်ချုပ်နဲ့ အေးအေးချမ်းချမ်း နေကြသူတွေဖြစ်တယ်။ စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ ရရာလက်နက်ဆွဲကိုင်က စစ်ကောင်စီကို တွန်း လှန်နေသူတွေအဖြစ် သမိုင်းပေးတာဝန်ကိုထမ်းဆောင်နေကြပါတယ်။
“ဦးဆောင်ဦးရွက်ပြုနေတဲ့ ကဏ္ဍမှာပါဝင်နေတဲ့အမျိုးသမီးတွေရှိတယ်။ အမျိုးသမီး သပိတ် ခေါင်းဆောင် တွေရှိတယ်။ စစ်ရှောင်တွေနဲ့ပတ်သက်ပြီးတော့ ကူညီနေတဲ့အမျိုးသမီးတွေရှိတယ်။ အညာဒေသမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကအရမ်းကိုမြင့်မားတယ်။ ကျယ်ကျယ်ပြန့်ပြန့်လည်းရှိပါတယ်။”လို့ ဖူးကအညာဒေသကအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးပြောပါတယ်။
စစ်အာဏာမသိမ်းခင်တုန်းကဖူးဟာ ဝါသနာပါတဲ့ ရှေ့နေအလုပ်ကိုလုပ်ကိုင်ရင်း အောင်မြင်တဲ့ စီးပွားရေး အကြံပေးတစ်ဦးဖြစ်ချင်ခဲ့တာပါ။ ဒါနဲ့ပတ်သက်တဲ့ပညာရပ်ပိုင်းတွေကိုလည်း လေ့လာနေခဲ့ပါတယ်။
တော်လှန်ရေးအောင်ချိန်မှာတော့ မိသားစုနဲ့ကောင်းကောင်းမွန်မွန်ဖြတ်သန်းကာ ဝါသနာပါတဲ့ရှေ့နေအလုပ်ကို ပြန်လုပ်ခွင့်ရချင်တာက ဖူးရဲ့ဆန္ဒပါပဲ။
ဒါပေမယ့် အစကပြန်စရမယ့်အခြေအနေတွေအတွက် အနာဂတ်ကိုအများကြီးမတွေးတောနိုင်သေးဘူးလို့ဆိုပါတယ်။
“ဒီတော်လှန်ရေးမှာအခုချိန်ထိပါဝင်ပေးတဲ့ တော်လှန်ရေးနယ်မြေဒေသအစုံတချို့တွေဆိုလည်း အသက်တွေ စွန့်လွှတ်သွားတဲ့ရဲဘော်တွေရှိတယ်။ ကိုယ်လက်ထိခိုက်ပြီး မသန်စွမ်းသွားတဲ့ရဲဘော်တွေရှိတယ်။ အခုချိန်ထိလည်း စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းကျနေတယ်ဆိုရင်တောင် ကြံကြံခံ ပြီးတော့ ရှေ့ဆက်လျှောက်နေတဲ့ တော်လှန်ရေးရဲဘော်တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်။ ဒီလူတွေအချင်းချင်းကိုပြန်ကြည့်ပြီးတော့ စိတ်ခွန်အား ယူနေရတဲ့ကာလဖြစ်တဲ့အတွက် ဒီလိုမျိုးဆက်ပြီးသွားချင်ပါတယ်။ ညီမအနေနဲ့တော်လှန်ရေးကို အရိုးသားဆုံးနဲ့ သစ္စာအရှိဆုံး ရှေ့ဆက်သွားမယ်”ရဲဘော်ဖူးကဆိုပါတော့တယ်။
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.