17 September 2024
၁။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တောင်တရုတ်ပင်လယ်မှ တိုက်ခတ်ခဲ့သော ရာဂီတိုင်ဖွန်း မုန်တိုင်း၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး နေရာဒေသ အများအပြားတွင် ရေကြီးမှုများ ဖြစ်ပွားခဲ့ပါသည်။
၂။ ယင်းရေကြီးမှု ဖြစ်စဉ်များသည် ပုံမှန်ကြုံတွေ့ရသော အခြေအနေများထက် အဆများစွာ ဆိုးဝါးပြင်းထန်ခဲ့ပြီး မြေပြိုမှုများ၊ မြို့ရွာများ၊ ရေနစ်မြုပ်မှုများကို ဖြစ်ပေါ်စေခဲ့ကာ ပြည်သူလူထု၏ အသက်အိုးအိမ်များစွာကို ပျက်စီးဆုံးရှုံးစေခဲ့ပါသည်။
၃။ ဆိုးဝါးပြင်းထန်သော ရေကြီးမှု၊ မြေပြိုမှု ဖြစ်စဉ်များအတွင်း အသက်ဆုံးရှုံးရသူများ၊ ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ဝမ်းနည်းကြေကွဲရကြောင်း အလေးအနက် ပြောကြားအပ်ပါသည်။
၄။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်အာဏာသိမ်းကာလ ဖိနှိပ်မှုများနှင့် နောက်ဆက်တွဲ လူမှုစီးပွားဘဝချွတ်ခြုံကျမှုများကို ရင်ဆိုင်နေရသော ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ ကပ်ဘေး အန္တရာယ်နှင့် ရင်ဆိုင်ရခြင်းကြောင့် ဆင်းရဲဒုက္ခများစွာ ခံစားနေရမည်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် ထပ်တူစာနာ နားလည်မိပါသည်။
၅။ ယင်းသို့ ဒုက္ခများစွာ ကြုံတွေ့နေရချိန်မှာပင် ပြည်သူအချင်းချင်း ယိုင်းပင်းကူညီမှုများ၊ ကြံ့ကြံ့ခံရင်ဆိုင်နေမှုများကို မြင်တွေ့ရသည့်အတွက်လည်း ပြည်သူလူထုအား လေးစားမှုဖြင့် ချီးကျူးဂုဏ်ပြုအပ်ပါသည်။
၆။ ပြည်သူလူထုတရပ်လုံး ရေဘေးကြုံတွေ့နေရချိန်မှာပင် ကူညီကယ်ဆယ်ရန် ပျက်ကွက်သည့်အပြင် အရပ်သားပြည်သူများအား ဗုံးကြဲသတ်ဖြတ်မှုများကို လူမဆန်စွာဖြင့် မရပ်မနား ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုကို ကျွန်ုပ်တို့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၇။ နိုင်ငံတဝန်းလုံးရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုဘေး၊ သဘာဝဘေးများနှင့် လူလုပ်ကပ်ဘေးများအပေါ် သွေးစည်းညီညွတ်မှုဖြင့် ဆက်လက်လက်တွဲ ရင်ဆိုင်သွားကြရန်လည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။
၈။ ကုလသမဂ္ဂ၊ အာဆီယံ နှင့် နိုင်ငံတကာအနေဖြင့်လည်း မြန်မာနိုင်ငံရှိပြည်သူများ ကြုံတွေ့ နေရသည့် စစ်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များအပေါ် လျစ်လျူရှူမနေဘဲ နိုင်ငံတကာ ဥပဒေများအရ တာဝန်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ပူးပေါင်း၍ နိုင်ငံဖြတ်ကျော်နည်းလမ်းများဖြင့် အမြန်ဆုံးပံ့ပိုး ဆောင်ရွက် ပေးရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.