အကြမ်းဖက်စစ်အုပ်စု(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာချက်

05 September 2024

အကြမ်းဖက်စစ်အုပ်စု(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်အုပ်စု(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၄ ခုနစ်၊ စက်တင်ဘာလ (၅) ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှု တို့ကို ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သား ပြည်သူလူထုအား လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပစ်မှတ်ထား၍ ပစ်ခတ်သတ်ဖြတ်ခြင်း၊ လေကြောင်းအင်အား ကိုအသုံးပြု၍ နေရာအနှံ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါ ဆိုးရွားပြင်းထန်စွာကျူးလွန်နေသော ရာဇဝတ်မှုများသည် နိုင်ငံတကာစစ်ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေခြင်းဖြစ်ပြီး၊ ကြီးလေးသော စစ်ရာဇဝတ်မှုများအဖြစ် နိုင်ငံတကာ တရားရုံးများနှင့် စစ်ခုံရုံးများတွင် အရေးယူ၍ ထိုက်သင့်သည့်ပြစ်ဒဏ်များကိုချမှတ်ရမည့် စစ်ရာဇဝတ်မှုကြီးများ ဖြစ်သည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သား ပြည်သူလူထုအား စစ်ပွဲများတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက် ရည်ရွယ်ချက်ရှိစွာဖြင့် အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များကိုလည်းကောင်း၊ အသက် (၃၅) နှစ်မှ အသက် (၆၅) နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူလူထုကိုလည်းကောင်း အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု ၏ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးအစရှိသည့် အကျိုးစီးပွားနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာအား ထိပါးစေသော လုပ်ရပ်များကို ကျူးလွန်နေပြီး၊ မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေသာ အဖွဲ့အစည်းဖြစ်ခြင်း၊ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကို ပျက်စီးထိခိုက်စေသော အဖွဲ့အစည်းဖြစ်ခြင်းတို့ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း ယနေ့မှစ၍ ထုတ်ပြန်ကြေညာလိုက်သည်။

သို့ဖြစ်ရာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အဖွဲ့အစည်းများ၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းလုပ်ရပ်များကို နိုင်ငံတော်နှင့် ပြည်သူလူထုအား သစ္စာဖောက်ဖျက်မှုနှင့် အကြမ်းဖက် စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော ရာဇဝတ်လုပ်ရပ်များအဖြစ် သတ်မှတ်လိုက်ပြီး ပြည်သူလူထုတရပ်လုံးအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမူများကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင် သွားကြပါရန် တိုက်တွန်း ပန်ကြားအပ်ပါသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုလိုလားကြသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုအား ထိရောက်ပြင်းထန် စွာ အရေးယူဆောင်ရွက်ပေးကြပါရန် ပန်ကြားအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ


PDF ဖိုင်ရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia