01 September 2024
ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်
၁။ ခရစ်နှစ် ၂၀၂၄၊ ဩဂုတ်လ (၂၉)ရက် ရက်စွဲဖြင့် ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်အပေါ် သတိပေးခြိမ်းခြောက်သည့် အလားသဏ္ဍာန်တူသော ကြေညာချက်တစောင် ပေးပို့လာသည်ကို ကြားသိရပါသည်။ ထို့ပြင် ခရစ်နှစ် ၂၀၂၄၊ ဩဂုတ်လ (၃၁)ရက်နေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် “တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှု လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရပါသည်။
၂။ မိမိတို့နိုင်ငံသည် အကြမ်းဖက်စစ်တပ်၏ မတရား အာဏာသိမ်းမှုခံထားရသဖြင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာစေရန် နိုင်ငံတဝှမ်း လွတ်မြောက်ရေးအတွက် နည်းနာပေါင်းစုံဖြင့် ခုခံတော်လှန်စစ် ဆင်နွှဲနေသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ “ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တန်းတူရေး” အတွက် ဒီမိုကရေစီ စံနှုန်းများအား အလေးထားကာ တိုက်ပွဲဝင်နေကြသည့် နိုင်ငံတဝှမ်းရှိ လက်နက်ကိုင်အင်အားစုများ၏ ခုခံတွန်းလှန်စစ်များအား မိမိတို့မှ အပြည့်အဝထောက်ခံအားပေးပါသည်။
၃။ ယခုကဲ့သို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ခုခံတော်လှန်တွန်းလှန်နေသည့် မဟာမိတ်အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများအပေါ် အတင်းအဓမ္မ ဖိအားပေး ရပ်တန့်စေသည့် တရုတ်၏ ကြိုးပမ်းမှုအားလုံးအပေါ် ကျွန်ုပ်တို့မှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် “မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် မြန်မာပြည်သူ လူထုထံမှ ဆင်းသက်လာကြောင်း”ကို သတိပြု၍ ယခုကဲ့သို့ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာအား ခြိမ်းခြောက် စော်ကားသည့် ဝင်ရောက်စွက်ဖက်သော လုပ်ရပ်မျိုးကို ရှောင်ရှားသင့်ကြောင်းလည်း အသိပေးအပ်ပါသည်။
၄။ တရုတ်နိုင်ငံအနေဖြင့် ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒသဘောထားအား မထီမဲ့မြင်ပြုသည့် ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်အား ထောက်ခံသော အပြုအမူ ဆောင်ရွက်မှုများအား လုံးဝမပြုလုပ်ရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
၅။ ကျွန်ုပ်တို့ ယနေ့ တော်လှန်နေကြခြင်းသည် “စစ်အာဏာရှင်စနစ်ပျက်သုဉ်း၍ ဖက်ဒရယ် ဒီမိုကရေစီအရေး” တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်ကို သတိပြု၍ “အာဏာရှင်တို့အား အထောက်အပံ့ဖြစ်သော လုပ်ရပ်များအပါအဝင် အာဏာရှင်တို့အား ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးစေမည့် ငြိမ်းချမ်းရေးဖြစ်စဉ်” များအား နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်ခြင်း၊ တိုက်တွန်းခြင်းများ ပြုလုပ်နေပါက မြန်မာလူထု နှင့် တရုတ်နိုင်ငံသည် ဝေးကွာ၍ မလိုလားအပ်သော အမုန်းတရားများ ဖြစ်ပွားလာစေမည်ကို သတိချပ်၍ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားကို အလေးအနက်ထားစေလိုကြောင်း အသိပေးအပ်ပါသည်။
“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”
အာဏာရှင်စနစ်ဟူသမျှ မုချကျရှုံးရမည်။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု မုချတည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ
ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)
Mail:
[email protected]
Signal Number: +1903 403 3338, +959 943 910 182, +959 974 854 744
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.