Press Release 164 Views

ပုသိမ်ထောင်မှ မြောင်းမြထောင်သို့ နိုင်ကျဉ်းအပါအဝင် အကျဉ်းသားများ ပြောင်းရွေ့မှုအပေါ် သတင်းထုတ်ပြန်ခြင်း

August 27th, 2024  •  Author:   Political Prisoners Network – Myanmar  •  1 minute read
Featured image

၂၀၂၄၊ ဩဂုတ် ၂၇

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ ပုသိမ်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား စုစုပေါင်း ၂၇၅ ဦးအား မြောင်းမြထောင်သို့ပြောင်းရွှေ့ခဲ့ကြောင်း ကနဦး သတင်းအရ သိရှိရပါသည်။

အဆိုပါ ထောင်ပြောင်းရွေ့မှုတွင် နိုင်ငံရေးအကျဉ်းသားဦးရေ ၂၅ ဦးခန့်သာပါရှိပြီး ကျန်အကျဉ်းသားများမှာ နယ်စပ်ဖြတ်ကျော်မှုအပါအဝင် အခြားမှုများ ဖြစ်သည်။

ထောင်ပြောင်းဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၅ ရက် နံနက် ၈ နာရီခန့်တွင် ပုသိမ်အကျဉ်းထောင်မှ နိုင်ကျဉ်းများအား မြောင်းမြထောာင်သို့ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး နေ့လည်၂ နာရီအချိန်ခန့်တွင် မြောင်းမြထောင်သို့ အန္တရာယ်ကင်းစွာ ရောက်ရှိကြကြောင်း သိရှိရပါသည်။

ပုသိမ်မြို့တွင် စစ်ရေးပြင်ဆင်နေကြောင်း ကြားသိရ၍ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများအားလုံး၏ လုံခြုံမှု အတွက် သတိထားနေရကြောင်း ပုသိမ်ထောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဩဂုတ်လ လကုန်ပိုင်းတွင်လည်း ပုသိမ်ထောင်မှ နိုင်ကျဉ်းအပါအဝင် အကျဉ်းသားများ ထပ်မံရွှေ့ပြောင်းမှု ပြုလုပ်ရန်ရှိကြောင်း စုံစမ်းရရှိထားပြီး ကျား/ မ အရေအတွက် စုံစမ်းသိရှိရမှု မရှိသေးကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)

Telegram Channel
https://t.me/ppnmyanmar2023

Original post.