25 August 2024
၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က ရာဇဝတ်မှုများ ကျူး လွန်ခဲ့ခြင်း သတ္တမနှစ်ပတ်လည်နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စာနာနားလည်စွာ အသိအမှတ်ပြုပါသည်။
စစ်အာဏာရှင်အဆက်ဆက် ကိုင်စွဲသော ဖက်ဆစ်အတွေးအခေါ်နှင့် လူမျိုးကြီးဝါဒ၊ လူမျိုး ရေး၊ ဘာသာရေး စနစ်တကျခွဲခြားဖိနှိပ်မှုများ၊ စစ်တပ်ကြီးစိုးရေးကို ပဓာနပြုလျက် လူ့အခွင့်အရေး ချိုးဖောက်ကာ စစ်ကျွန်ပြုမှုများသည် ရိုဟင်ဂျာများအပါအဝင် ပြည်ထောင်စုတိုင်းရင်းသား ပြည်သူ တရပ်လုံးအပေါ် ကပ်ဘေးသင့်စေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှည်ကြာဆဲဖြစ်ပါသည်။
ယနေ့ပြည်သူ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို အပြီးသတ် တိုက်ဖျက်လျက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ရန် ရည်သန်သည်ဖြစ်ရာ စစ်အာဏာရှင်စနစ် နှင့်အတူ မတရားမှု၊ မမျှတမှု၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းပြုသော ခွဲခြားဖိနှိပ်မှုများကိုပါ တပါတည်း တိုက်ဖျက်နေခြင်းဖြစ်ပါသည်။ ဤတော်လှန်ရေးတွင် ပြည်ထောင်စုတဝှမ်းမှ တိုင်းရင်း သားလူမျိုးစုံ ပြည်သူများနှင့်အတူ ပါဝင်တိုက်ပွဲဝင်လျက်ရှိသော ရိုဟင်ဂျာပြည်သူများအား လေးစား ဂုဏ်ပြုအပ်ပါသည်။
လက်ရှိတော်လှန်ရေးကာလအတွင်း အထူးဂရုပြုရမည့်အချက်မှာ အင်အားချိနဲ့နေသည့် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံအနှံ့တွင် အတင်းအဓမ္မ စစ်သားစုဆောင်းသကဲ့သို့ အကာကွယ်မဲ့ ရိုဟင်ဂျာလူထုထံမှလည်း စစ်သားအများအပြား စုဆောင်းလျက်ရှိခြင်း ၊သာမန်အရပ်သားများ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း လူသားဒိုင်းများအဖြစ် အသုံးချခြင်း၊ သတင်းမှားများဖြန့်ဝေလျက် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် စနစ်တကျ သွေးခွဲလှုံ့ဆော်ခြင်းများ ကျူးလွန်နေသည်ဖြစ်ရာ တော်လှန်ရေးအင်အားစုအားလုံးက သတိ၊ ဉာဏ်ပညာဖြင့် တုံ့ပြန်ဆောင်ရွက်ကြရမည့် အချိန်ဖြစ်ပါသည်။
တော်လှန်ရေးအောင်မြင်၍ အသွင်ကူးပြောင်းရေးကာလ ရောက်ရှိချိန်တွင် ပြည်သူအများ တွေ့ကြုံခံစားခဲ့ရသော အဓမ္မမှုများအတွက် တရားမျှတမှုရှာဖွေနိုင်ရေး နည်းလမ်းများအားလုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက ကတိပြုပါသည်။
မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော လောကပါလတရား ထွန်းကားသည့် နိုင်ငံ ရေးစနစ်သစ်ကို ဤတော်လှန်ရေးက ဆောင်ကြဉ်းမည်ဖြစ်ရာ လူမျိုးဘာသာအသီးသီးမှ နိုင်ငံသူ၊ နိုင်ငံသား ပြည်သူတစ်ရပ်လုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.