19 August 2024
ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ။ ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အရပ်သားများအား အကာအကွယ်ပေးရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်တွင် ၎င်း၏ တာဝန်ဝတ္တရားများကို လိုက်နာထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မှ ပြောကြားလိုက်သည်။
ခိုင်လုံသော အစီရင်ခံမှုများအရ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်တွင် ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပေါ် တိုက်ခိုက်မှုတစ်ခုကြောင့် လူပေါင်း ၂၀၀ အထိ သေဆုံးခဲ့သည်ဟု သိရှိရသည်။ ဒုက္ခသည်များသည် AA နှင့် မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားသည့် ပြင်းထန်သော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်မှ နတ်မြစ်ကို ကျော်ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ကြိုးပမ်းနေခဲ့ကြသည်။
ဒရုန်းများမှ ကြဲချသော ဗုံးများ၊ အမြောက်ပစ်ခတ်မှုများနှင့် စစ်သားများက လူများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများနှင့် မျက်မြင်သက်သေများက သတင်းပေးပို့ကြသည်။ ရက္ခိုင့်တပ်တော် (AA) အနေနှင့် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရသည်။ ယခုလတ်တလော ဖြစ်ရပ်များသည် ဘူးသီးတောင်တွင် မေလ ၁၇ ရက်က ဖြစ်ပွားခဲ့သော ပမာဏကြီးမားလှသည့် အကွက်ကျကျစီမံသတ်ဖြတ်မှု၊ မီးရှို့မှုနှင့် ပစ်ခတ်မှုတို့တွင် AA တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟူသော စွပ်စွဲမှုများ၏ နောက်ဆက်တွဲဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူသားချင်းစာနာထောက်ထားမှု အခြေအနေ၊ အထူးသဖြင့် ရိုဟင်ဂျာအသိုင်းအ၀ိုင်း၏ အခြေအနေသည်အဆောတလျင်ပင်ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ နိုင်ငံတကာတရားရုံး (ICJ) မှ ချမှတ်သော စီရင်ချက်တရပ်အရ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများသည် လူမျိုးသုဥ်းသတ်ဖြတ်မှုအန္တရာယ်နှင့် ဆက်လက်ရရင်ဆိုင်နေရပြီး ဒေသတွင်း အင်တာနက်ပိတ်ဆို့ခြင်းနှင့် သွားလာလှုပ်ရှားမှုအား တင်းကျပ်စွာ ကန့်သတ်ခြင်းများ မြန်မာစစ်တပ်မှ လုပ်ဆောင်ထားသည်။
SAC-M သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများနှင့် အခြားအရပ်သားများအပေါ် လတ်တလော ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် မည်သူ့တွင် တာဝန်ရှိသည်ကို မဆုံးဖြတ်နိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ AA နှင့် ၎င်း၏ နိုင်ငံရေးပါတီဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တို့သည် ယခုအခါတွင် မြန်မာစစ်တပ်ကို လုံးလုံးနီးပါး ချေမှုန်းကာ ဖယ်ရှားပြီး ဒေသတွင်း အခရာကျသည့် စစ်တပ်နှင့် အုပ်ချုပ်မှု အာဏာပိုင်များ ဖြစ်လာမှုသည် ကျေနပ်အားရဖွယ်ရာဖြစ်သည်။
ထို့ပါသောကြောင့် SAC-M အနေဖြင့် ULA/AA အား ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လက်တွေ့အားဖြင့် အုပ်ချုပ်လျက်ရှိသော အာဏာပိုင်နှင့် ပဋိပက္ခတွင် ပါ၀င်နေသော အဖွဲ့တစ်ဖွဲ့အနေနှင့် တောင်းဆိုလိုသည်မှာ နိုင်ငံတကာဥပဒေအောက်ရှိ ၎င်း၏ အဓိကတာဝန်ဝတ္တရားများအရ အရပ်သားအားလုံးကို အချိန်တိုင်း အကာအကွယ်ပေးရန်အတွက် ချက်ချင်းဆောင်ရွက်သွားရန်ဖြစ်သည်။ အထူးသဖြင့် ULA/AA သည်-
ULA/AA မှ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော လူမျိုးရေး၊ ဘာသာရေး အသိုင်းအဝိုင်းအားလုံး၏ လူ့အခွင့်အရေးအား မြှင့်တင်ပေးရန်အတွက် ၎င်းအနေနှင့် ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။ ယခုတွင်မူ ယင်းအား သက်သေပြရမည်ဖြစ်သည်။
SAC-M က ကုလသမဂ္ဂနှင့် ၎င်း၏အေဂျင်စီများနှင့် အခြားအဖွဲ့၀င်နိုင်ငံများအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာရန်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာဥပဒေအား ထပ်မံ၍ ဆိုးရွားစွာ ချိုးဖောက်မှုများကို တားဆီးရန်အတွက် အားထုတ်မှုများအား မြန်ဆန်စွာ အလုပ်တွင်စေရေးနှင့် အဆိုပါချိုးဖောက်မှုများကို ကျူးလွန်သူများအား တာဝန်ယူ/ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် SAC-M မှ တောင်းဆိုသည်။
ယခု ဩဂုတ်လ ၂၅ ရက်၊ တနင်္ဂနွေနေ့သည် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ မုဒိမ်းပြုကျင့်ခံရမှုနှင့် အုပ်စုဖွဲ့ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မီးလောင်မှုနှင့် ရှို့မီးများမှတဆင့် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး၊ ယောက်ျားလေးနှင့် မိန်းကလေး ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့်အချိန်ကာလ အစပြုသည့် ကြီးမားသော ၂၀၁၇ ခုနှစ် ရက်စက်ကြမ်းကြုတ်မှု စတင်သော ခုနှစ်နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ရိုဟင်ဂျာ တစ်သန်း၏ လေးပုံသုံးပုံသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသည်။
ခုနစ်နှစ်လွန်လေပြီးသကာလ ကျူးလွန်ခံရသူများသည် တရားမျှတမှုနှင့် တာဝန်ခံ/ယူမှုအား စောင့်မျှော်နေဆဲဖြစ်သည်။ ယခုတွင်မူရက်စက်မှုအသစ်များက အဟောင်းနှင့်ပေါင်း ထပ်လောင်းပေါ်ပေါက်နေလေတော့သည်။ ယခုနောက်ဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ခိုင်မာသော အထောက်အထား အဖြစ် သက်သေထူနေသည့်အလျောက် မြန်မာနိုင်ငံတွင် နိုင်ငံတကာဥပဒေကို ပြင်းထန်လေးနက်စွာ ချိုးဖောက်မှုများ၏ ကျူးလွန်သူများ အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုသည် အရပ်သားများအပေါ် ဆက်လက် ရက်စက်ကြမ်းကြုတ်မှုပေါက်ထွန်းစေသည့် အခြေအနေများအား သေချာစေလေသည်။ မြန်မာနိုင်ငံတွင်း တရားမျှတမှုအား ဆောင်ကြဥ်းရန်နှင့် ရာဇဝတ်မှုကျူးလွန်သူများ အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုအား နောက်ဆုံးအနေနှင့် အဆုံးသတ်ရန်နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေ ပိုမို လုပ်ဆောင်ရမည်ဖြစ်သည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.