ဇူလိုင်လအတွင်း အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်/ကျဥ်းများအား ညှင်းပန်းနှိပ်စက်ခံရမှုကို အသိပေးထုတ်ပြန်ခြင်း

19 August 2024

ဇူလိုင်လအတွင်း အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်/ကျဥ်းများအား ညှင်းပန်းနှိပ်စက်ခံရမှုကို အသိပေးထုတ်ပြန်ခြင်း

ဩဂုတ်လ (၁၉)ရက်၊ ၂၀၂၄ခုနှစ်

၂၀၂၄ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်သည့် အကျဉ်းသား ၃၀၀ ဦးကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ပြီးနောက် ထောင်အာဏာပိုင်များမှ ရန်သူသဖွယ်သဘောထားကာ ညှဥ်းပမ်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့ကြပါသည်။

အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ရောက်သည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ဦးချိုး(အကြောက်တရားသွင်း)သည့်အနေဖြင့် ထောင်အဝင်နှင့် ထောင်ဗူးဝ၌ ရိုက်နှက်မှုများကို စတင်ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်တို့သည် ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့ပါသည်။ ထို့ပြင်ထောင်ပြောင်းနှင့်ရောက်လာသည့် အကျဉ်းသားများကို ပြစ်မှုကျူးလွန်ခြင်းမရှိပါဘဲ ခြေကျင်းဒေါက်များဖြင့်‌ တစ်လကျော်အထိ ကြာမြင့်စွာ ခတ်ထားခြင်းခံခဲ့ကြရပါသည်။

ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ၎င်းတို့ Black List သွင်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ကိုလည်း ရိုက်နှက်၍ တိုက်ထဲတွင်သာ ခြေကျင်း ဒေါက်ခတ်၍ထားထားသည်။

နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်သူများထဲတွင် သာယာဝတီထောင်မှ အသက်(၅၀)ဝန်းကျင်အရွယ် ထောင်ဝန်ထမ်း စိုးမင်း ( တပ်ကြပ်)ဆိုသူသည် အဓိကပါဝင်နေပြီး ယခုလက်ရှိတွင် ပုံစံဟုဆိုကာ ဖိနှိပ်မှုများကို ထောင်အာဏာပိုင်များက ပေါ်ပေါ်တင်တင် ပြုလုပ်နေကြပါသည်။

ထိုကဲ့သို့ လူသားတစ်ယောက်အနေဖြင့် သဘောမထားဘဲ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် ပက်သက်၍ ကျူးလွန်သူများကို ထိုက်တန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပေါ်ပေါက်သည်အထိ ‌လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျန်ချိုးဖောက်ခံနေရမှုများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ‌ဆက်လက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)


Original post.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia