18 August 2024
အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆင်နွှဲရန်အတွက် မောင်တောမြို့ခံ ပြည်သူလူထု များကို မောင်တောမြို့ထဲမှထွက်ခွာကြရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့ကတည်းကပင် အသိပေးထု တ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ မောင်တောဒေသခံများထဲတွင် မိမိတို့ ထုတ်ပြန်ချက်ကို လိုက်နာပြီး မြို့ထဲမှထွက်ခွာ ကြသူများ ရှိကြသကဲ့သို့ လိုက်နာမှုမရှိကြဘဲ မောင်တောမြို့ထဲတွင် ဆက်လက် နေထိုင်ခဲ့ကြသူများလည်း ရှိကြပါသည်။
မိမိတို့၏ ထုတ်ပြန်ချက်အား မလိုက်နာဘဲ ပေကပ်နေထိုင်ကြသူများကို အုပ်စုခွဲကြည့်ပါက
(၁) ဖက်ဆစ် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ လက်သပ်မွေးထားသူများ၊
(၂) ဖက်ဆစ် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်မူဆလင်အကြမ်းဖက်အုပ်စုများ၊
(၃) ARSA ၊ RSO ၊ ARA အစရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၊
(၄) အထက်ဖော်ပြပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်နေသော မိသားစုဝင်များ၊
(၅) ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အတင်းအဓမ္မ ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူလူထုများ နှင့်
(၆) ပေကပ်နေထိုင်လိုကြသော သူများ စသည့်အုပ်စုများအဖြစ် တွေ့ရှိရသည်။
မောင်တောမြို့တစ်မြို့လုံးအား အဆင့်ဆင့်သော ခုခံစစ်များဖြင့် ပြင်ဆင်ထားသော စစ်ကောင်စီသည် မောင်တောမြို့၏ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ကညင်တန်း ရပ်ကွက် အစရှိသည့် ရပ်ကွက်များအတွင်းရှိ စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော အထပ်မြင့် အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသော နေရာများအား ၎င်းတို့၏ စစ်စခန်းများ အဖြစ် အသုံးပြုပြီး ခုခံစစ်ကိုဆင်နွှဲလျက်ရှိသည်။ ထို့အတူ မောင်တောမြို့အတွင်းသို့ ဆက်သွယ်ထားသော တံတားများထဲတွင် “ရွှေဇားတံတား”မှလွဲ၍ တံတားအားလုံးကို ဖောက်ခွဲဖျက်ဆီးထားခဲ့သည်။ ရွှေဇားတံတား အား ဖောက်ခွဲဖျက်စီးရန်ပြင်ဆင်နေစဉ်အတွင်း မိမိတို့မှ တိုက်ခိုက်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ မပျက်စီးဘဲ ကျန်ရှိခဲ့ခြင်းဖြစ်သည်။
အာရက္ခတပ်တော်သည် မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သော်လည်း မောင်တောမြို့၏ မြောက်ဘက်ရှိ “ဟော်ရီတူလာရွာ” နှင့် တောင်ဘက်ရှိ “မောင်နီရွာ” တို့၌ တပ်စွဲစခန်းချထားသော စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မောင်တောမြို့သိမ်းတိုက်ပွဲအဖြစ် စတင်ခဲ့သည်။ မောင်နီရွာရှိ စစ်ကောင်စီ၏ ရဲစခန်းအား ၎င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ဟော်ရီတူလာရွာရှိ စစ်ကောင်စီ၏စခန်းအား သြဂုတ် (၆) ရက်နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ထို့အတူ မောင်တောမြို့၊ (၃) မိုင် ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့သည်။
မောင်တောမြို့အား နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီးနောက်တွင် မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား မိမိတို့မှ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သောကြောင့် သြဂုတ် (၄) ရက်နေ့နောက်ပိုင်းမှစ၍ မြို့တွင်းတိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ဤကဲ့သို့ မြို့တွင်းတိုက်ပွဲများ ကျယ်ပြန့်လာသောကြောင့် စစ်ကောင်စီ၏ လူသား ဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော မောင်တောဒေသခံ ပြည်သူ နှစ်သောင်း (၂၀၀၀၀) နီးပါးအား အာရက္ခတပ်တော်မှ မြို့တွင်းတိုက်ပွဲများကြား၌ ကယ်ထုတ်ထားခဲ့ပြီးဖြစ်သည်။ ကယ်ထုတ်လာနိုင်သော သူများထဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခဲ့သည်။ မိမိတို့အနေဖြင့် မောင်တောမြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက်ကယ်တင်နိုင်ရန် တိုက်ပွဲများကြားထဲမှ ဆက်လက် ကြိုးပမ်းလျက်ရှိသည်။
မောင်တောမြို့သိမ်းတိုက်ပွဲသည် နေ့တိုင်းဖြစ်ပွားလျက်ရှိပြီး အာရက္ခတပ်တော်အနေဖြင့် မောင်တောမြို့ထဲရှိ ရန်သူများထဲမှ အချို့ကို ချေမှုန်းထားနိုင်ပြီး ရန်သူစခန်းချတပ်စွဲထားသော နေရာအချို့ကို သိမ်းပိုက် ရရှိထားပြီး ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ထဲရှိ ရန်သူတပ်စွဲထားသောနေရာများကို တစ်ခုပြီး တစ်ခု လိုက်လံရှင်းလင်းနေစဉ်အတွင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်၊ ညနေ (၄) နာရီအချိန်ခန့်တွင် မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ အထက (၂) ကျောင်းအနီး အဆောက်အအုံတစ်ခု (လူနေအိမ်) ၌ စခန်းချနေရာယူထားသော စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း အစွန်းရောက် မူဆလင်လက်နက်ကိုင် အဖွဲ့ဝင်များနှင့် မိမိတို့တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
မိနစ်လေးဆယ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူများကို မိမိတို့မှ ချေမှုန်းနိုင်ခဲ့သော်လည်း ၎င်းတို့စခန်းချ တပ်စွဲထားသော အဆောက်အအုံမှာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် များကြောင့် ပျက်စီးမှုများရှိခဲ့သည်။ သို့သော် အကြမ်းဖက် မူဆလင်လက်နက်ကိုင်အချို့သည် ၎င်းတို့ ထွက်မပြေးမီ ၎င်းတို့စခန်းချတပ်စွဲထားသော အဆိုပါလူနေအိမ်အား မီးရှို့၍ ထွက်ပြေးသွားခဲ့သည်။ ဤကဲ့သို့ မီးရှို့မှုကြောင့် ၎င်းနေအိမ်အပါအဝင် အခြားသောလူနေအိမ် (၅) လုံးပါ မီးလောင်ပျက်စီးခဲ့ရသည်။
ဤတိုက်ပွဲအတွင်း မီးလောင်၍ သေဆုံးနေသော မူဆလင်လက်နက်ကိုင် အကြမ်းဖက်သမား အလောင်း (၂) လောင်းနှင့် လက်နက်ခဲယမ်းအချို့တို့အား မီးလောင်နေသော အိမ်အတွင်းမှ မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့၌လည်း မောင်တောမြို့တွင်း၊ မောင်တောနာရီစင်နှင့် ၎င်းအနီး ပတ်ဝန်းကျင်၊ မောင်တောမြို့၏ အရှေ့တောင်ဘက်နှင့် မောင်တောမြို့အဝင် စသည့်နေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဤတိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများထဲမှ ရန်သူ့အလောင်း အမြောက် အမြားနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်နှင့် တစ်ပြိုင်နက်တွင် နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တစ်ချို့တို့သည် မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကိုလည်း ဆက်တိုက်တွေ့ရှိနေရပါသည်။ ဤကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း အလေးအနက် သတိပေးလိုပါသည်။
လက်ရှိအချိန်အထိ မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်းနေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြို့တွင်း၌ ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူအချို့တို့ မှာလည်း ရှိနေဆဲဖြစ်သည်။ မိမိတို့အနေဖြင့်လည်း အဆိုပါ ပြည်သူများကို နေ့စဉ်နှင့်အမျှ ကယ်ထုတ်နေရ ဆဲပင် ဖြစ်သည်။
ခေတ်ကာလအဆက်ဆက်၌ အာရက္ခဒေသအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အဓိက လက်သည်တရားခံများမှာ စစ်အစိုးရအဆက်ဆက် နှင့် မြန်မာ့တပ်မတော် တစ်ဖြစ်လဲ ဖက်ဆစ်စစ်ကောင်စီပင်ဖြစ်သည်။ ထို့အတူ ဤရက်သတ္တပတ်များ အပါအဝင် လွန်ခဲ့သောလများ၌ ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်ရပ်တိုင်းသည် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များသာဖြစ်ပြီး ၎င်းတို့နှင့်အတူ ARSA ၊ RSO ၊ ARA ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့များကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များပင်ဖြစ်သည်။
မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများကို ဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.