23 May 2024
ဂျီနီဗာ၊ ၂၀၂၄ ခုနှစ်၊ မေ ၂၃။ ။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ပိုမိုပြင်းထန်လာသော တိုက်ခိုက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်မှုရှိ၊ မရှိ ဆန်းစစ်လျက်ရှိသည်။
ကျွန်ုပ်တို့သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော်တို့၏ ပြင်းထန်သောတိုက်ခိုက်မှုများအကြောင်း သတင်းပေးပို့ချက်များစွာကို လေ့လာနေသည်။ ယင်းတို့အနက် ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် အိုးအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် ထောင်နှင့်ချီသောရိုဟင်ဂျာအရပ်သားများ နေရပ်မှ ရွှေ့ပြောင်းရခြင်းနှင့် ဆက်စပ်သည့် ပေးပို့ချက်များ ပါဝင်သည်။ အဆိုပါတိုက်ခိုက်မှုသည် ရခိုင်နှင့် ဟိန္ဒူ အရပ်သားများကိုလည်း သက်ရောက်မှုရှိနေသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဋိပက္ခများဆက်လက်ဖြစ်ပွားလျက်ရှိရာ၊ မြန်မာနိုင်ငံ၏ အခြားဒေသများရှိ ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများဟု သတ်မှတ်နိုင်သည့် ကျူးလွန်မှုများနှင့် သက်ဆိုင်သော အထောက်အထားများကိုလည်း စုဆောင်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် အကြီးလေးဆုံးသောနိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ပါက ထိုကျူးလွန်သူသည် မည်သည့်အဖွဲ့အစည်းနှင့် ဆက်စပ်နေသည်ဖြစ်စေ ယန္တရားက စုံစမ်းစစ်ဆေးရမည့် လုပ်ပိုင်ခွင့်ရှိသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့များကဖြစ်စေ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကဖြစ်စေ ရာဇဝတ်မှုများကျူးလွန်ပါက စုံစမ်းစစ်ဆေးနိုင်သည်။
စစ်မက်ဥပဒေများအရ တိုက်ခိုက်မှုများတွင် တက်ကြွစွာပါဝင်နေသူမဟုတ်ပါက ပစ်မှတ်ထားတိုက်ခိုက်ခွင့် မရှိပါ။ ထို့အပြင် အရပ်သားများနှင့် ၎င်းတို့၏ နေအိမ်၊ ကျောင်း၊ ဆေးရုံကဲ့သို့ အများပြည်သူပိုင် အဆောက်အဦးများကို ထိခိုက်မှုနည်းပါးစေရန် တပ်ဖွဲ့အားလုံးက အတတ်နိုင်ဆုံး ဆောင်ရွက်ရမည်ဖြစ်သည်။
သက်သေများနှင့် ရှင်သန်ကျန်ရစ်သူများ၏ ထွက်ဆိုချက်များသည် ကျူးလွန်သူများအပေါ် ရာဇဝတ်မှုတည်ဆောက်ရာတွင် လွန်စွာအရေးကြီးသည်။ ထို့အပြင် တရားမဝင် အမိန့်အာဏာပေးမှုနှင့် မူဝါဒများအကြောင်း သိရှိနေသည့် ပုဂ္ဂိုလ်များကလည်း အလားတူ အရေးကြီးသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အခြားဒေသများတွင် ကျူးလွန်ခဲ့သည့် ကြီးလေးသောရာဇဝတ်မှုများနှင့် ဆက်စပ်သည့် သတင်းအချက်အလက်များရှိထားပါက မည်သူမဆို လုံခြုံပြီး စိတ်ချရသော နည်းလမ်းများအသုံးပြုကာ ယန္တရားထံ ဆက်သွယ်ရန် ကျွန်ုပ်တို့အနေဖြင့် တိုက်တွန်းပါသည်။
ယန္တရားအား လုံခြုံပြီးစိတ်ချရသောနည်းလမ်းဖြင့် ဆက်သွယ်ရန် – https://iimm.un.org/contact-us/confidential-and-sensitive-communications/
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် https://iimm.un.org ကို ကြည့်နိုင်သလို [email protected] ကို ဆက်သွယ်နိုင်ပါသည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.