ရိုဟင်ဂျာတွေကို သတ်ဖြတ်ဖမ်းဆီးတယ်ဆိုတဲ့စွပ်စွဲချက်တွေရှိနေတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ အေအေ ကို အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့ တောင်းဆို

22 May 2024

ရိုဟင်ဂျာတွေကို သတ်ဖြတ်ဖမ်းဆီးတယ်ဆိုတဲ့စွပ်စွဲချက်တွေရှိနေတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ အေအေ ကို အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့ တောင်းဆို

အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ ) ရဲ့ မြေပြင်လက်အောက်ခံ အေအေစစ်သားတွေက က ရိုဟင်ဂျာတွေကို ဥပဒေမဲ့သတ်ဖြတ်ဖမ်းဆီးတာတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတဲ့ကိစ္စတွေရှိနေတာကြောင့် အာရက္ခတပ်တော်က စုံစမ်းစစ်ဆေးပေးဖို့ အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့ က စာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ရခိုင်ဒေသနဲ့တစ်နိုင်ငံလုံးက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ အဖိနှိပ်ခံရိုဟင်ဂျာ လူမျိုးစုရဲ့အသက်အိုးအိမ်စည်းစိမ်တွေ၊ပုံရိပ်တွေကို နိုင်ငံရေး၊စစ်ရေးလိုအပ်ချက်အတွက် အသုံးချနေတာ ကို ချက်ချင်းရပ်တန့်ဖို့ ဆိုပြီးလည်း တောင်းဆိုလိုက်ပါတယ်။

ဧပြီနဲ့ မေလမှာ ဘူးသီးတောင်မြို့က သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာနဲ့ မောင်တောက သရက်အုတ်ရွာ စတဲ့နေရာတွေမှာ သတ်ဖြတ်ခံခဲ့ရတာနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာတွေရှိနေတယ်လို့ ထုတ်ပြန်သတင်းတွေအရသိရသလို သတင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ မေလ ၁၇ရက် ညအချိန် ၁၀နာရီခန့်မှာ ရိုဟင်ဂျာအရပ်သားအများစုနေထိုင်တဲ့ ဘူးသီးတောင်မြို့ပေါ်က နေအိမ်‌တွေကို AA က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်လို့ ကိုးကားဖော်ပြထားပါတယ်။

အဲဒီကိစ္စရပ်တွေအတွက် အာရက္ခ တပ်တော် (AA) အနေနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့နဲ့ ကျူးလွန်မှုတွေအမှန်တကယ်ရှိနေပါက ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူပေးဖို့ဆိုပြီး‌ တောင်းဆိုထားပါတယ်။

စစ်ကောင်စီကလည်း ရိုဟင်ဂျာတွေကို စစ်မှုမထမ်းမနေရဖိအားပေးစစ်မှုထမ်းစေတာ၊ လူသားဒိုင်းလုပ်တာနဲ့စစ်တပ်ကိုယ်စားအကြမ်းဖက်မှုကျူးလွန်သူဖြစ်စေတာမျိုး ပြုလုပ်လာတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊အငူမော်တိုက်ပွဲမှာ စစ်ကောင်စီက ဖမ်းခေါ်သွားတဲ့ ရိုဟင်ဂျာ၁၀၀ ဝန်းကျင် အစုလိုက်အသတ်ခံရတာ၊ IDP စခန်းကရိုဟင်ဂျာတွေကို အေအေ ကိုဆန့်ကျင်ဆန္ဒပြခိုင်းတာနဲ့ ဘူးသီးတောင်ကရခိုင်လူမျိုးနေအိမ်တွေကို ဖိအားပေးစစ်မှုထမ်းခိုင်းထားတဲ့ ရိုဟင်ဂျာတွေကို မီးရှို့ဖျက်ဆီးခိုင်းတာတွေလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ အာရက္ခ တပ်တော် (AA) တို့ကြား ပြင်းထန်နေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်ဒေသက ပြည်သူအားလုံးရဲ့ လုံခြုံရေးကိုစိုးရိမ်တယ်လို့လည်း ဆိုထားပြီး AAခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တွေအမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်ဖို့ဆိုပြီးလည်း တောင်းဆိုထားပါတယ်။

အေအေပြောခွင့်ရ ဦးခိုင်သုခကတော့ အေအေက နေအိမ်တွေမီးရှို့ဖျက်ဆီးတယ်ဆိုတာမရှိကြောင်း ပြီးခဲ့တဲ့ မေ ၁၈ ရက် က ဘီဘီစီကို ငြင်းဆိုထားပါတယ်။


မူရင်းသတင်းကို ဖတ်ရန်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia