မြန်မာနိုင်ငံ၏ သံကွန်ခြာ။​ ။ ၂၀၂၃ မှာ မြန်မာပြည်သူများ ခံစား ကြုံတွေ့ရသည့် အင်တာနက်ပိတ်ဆို့မှုများနဲ့ ဖိနှိပ်မှုများ

15 May 2024

မြန်မာနိုင်ငံ၏ သံကွန်ခြာ။​ ။ ၂၀၂၃ မှာ မြန်မာပြည်သူများ ခံစား ကြုံတွေ့ရသည့်  အင်တာနက်ပိတ်ဆို့မှုများနဲ့ ဖိနှိပ်မှုများ

မည်သည့်တိုင်းတာမှုမျိုးနဲ့မဆို ရလာသည့် ရလဒ်များကို ကြည့်လျင် ၂၀၂၃ ခုနစ်သည် အင်တာနက်ပိတ်ခြင်း   စံချိန်တင်အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့်နှစ်ဖြစ်သည်။  နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် ၄င်းတို့၏ အသီးသီးသော အာဏာပိုင်များက အနည်းဆုံး ၂၈၃ ကြိမ် အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိဖြတ်တောက်ခဲ့ပြီး  နောက်ကွယ်တွင် အကြမ်းဖက်မှုများ၊ စစ်ရာဇ၀တ်မှုများ၊ ဒီမိုကရေစီယန္တရားအပေါ် တိုက်ခိုက်ခြင်းနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများကို ဖြစ်ပွားစေကာ  လူသန်းပေါင်းများစွာ၏ လူ့အခွင့်အရေးကို ချိုးဖောက်ထိပါးခဲ့သည်။​

ယနေ့ထုတ်ဝေသည့် Access Now နှင့် #KeepItOn ညွန့်ပေါင်းအဖွဲ့ ၏ အစီရင်ခံစာ အသစ် ဖြစ်သည့် ကျုံဝင်လာနေသည့် ဒီမိုကရေစီ၊ ကြီးထွားလာနေသည့် အကြမ်းဖက်မှု –  ၂၀၂၃ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်ခံရမှုများ တွင် ၂၀၂၃ ခုနှစ်သည် အခြေအနေဆိုးများ ရှိခဲ့သည့် အန္တရာယ်ရှိသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ရာ – တစ်နှစ်ပတ်လုံးကာလတွင် အဆိုပါ ဆိုးရွားလွန်းသည့် လူ့အခွင့်အရေးအပေါ် တိုက်ခိုက်မှုများ၏ အကျိုးသက်ရောက်မှုနှင့် ဖျက်ဆီးမှုများကို ဖော်ထုတ် တင်ပြထားပါသည်။

စစ်တပ်က မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေရာမှာ အင်တာနက် ပိတ်ဆို့ခြင်းကို လက်နက်သဖွယ် အသုံးပြုနေပြီး ​​သတင်းရယူခွင့်ကို ပိတ်ပင်တာ၊ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာ လက်ဆောင်ဖို့ ခက်ခဲအောင်လုပ်ဆောင်နေသလို ဒေသတွေကိုလည်း တနေရာကနေတနေရာ ဆက်သွယ်လို့မရအောင် လုပ်ဆောင်နေပါတယ်။ စစ်တပ်ထိမ်းချုပ်မှုတွေ အောက်မှာရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေရဲ့ ရှင်သန်ရေးအတွက် စစ်တပ်ရဲ့ အွန်လိုင်းနဲ့ မြေပြင်မှာရော ဖိနှိပ်မှုတွေအတွက် တာဝန်ခံဖို့ ဆက်ပြီး ဖိအားပေးတွန်းဖို့ လိုသလို၊ တစ်ဖက်မှာလည်း နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ထိန်းချုပ်မှုအောက်က ကင်းလွတ်တဲ့ လွတ်လပ်တဲ့အင်တာနက်ကွန်ရက်တွေ အစားထိုး တည်ဆောက်နိုင်ရေးအတွက် ရှိသမျှ အရင်းအမြစ်ကို ပေါင်းစုကာ ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုပါတယ်။ဝေဖြိုးမြင့်က, Access Now ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ လေ့လာသုံးသပ်သူ

မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ အဓီက တွေ့ရှိချက်များ

  • တိကျသေချာတဲ့ မှတ်တမ်းယူရန် ခက်ခဲလာခြင်း – အင်တာပိတ်ဆို့ရန် အမိန့်ကို ဗဟိုအပြင် မြို့နယ်အဆင့် အာဏာပိုင်များက ထုတ်ပြန်လုပ်ဆောင်ခွင့်ပြုထားရုံသာမက အများပြည်သူသိရှိနိုင်ဖို့ ထုတ်ပြန်ခြင်းမရှိရာ ၎င်းတို့ကို ခြေရာခံပြီး မှတ်တမ်းတင်ရန် အရပ်ဘက်အဖွဲ့အစည်းများအတွက် ပိုရှိခက်ခဲလာသည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း အင်တာနက် ၃၇ ကြိမ် ပိတ်သိမ်းခြင်းကို မှတ်တမ်းတင်နိုင်သော်လည်း   ပိတ်ဆို့ခံရသည့် အကြိမ်အရေအတွက်မှာ လွန်စွာ မြင့်မားဖွယ်ရှိပါသည်။
  • လက်နက်သဖွယ် အသုံးပြုခြင်း – စစ်တပ်သည် စစ်ဆင်ရေးများတွင် ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန် ရေဒီယိုလှိုင်းဖျက်သည့်ကိရိယာများကို တောက်လျောက် အသုံးပြုခဲ့ပြီး၊ စစ်တပ်က ၄င်းတို့ စစ်ဆင်ရေးလုပ်ဆောင်သည့်ဒေသများတွင် လူထု၏ သတင်းအချက်အလက်ဖလှယ်မှုနှင့် ဆက်သွယ်မှုများ ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် စစ်တပ်၏ စစ်ဆင်ရေးနှင့် တပ်ရွေ့လျားမှုများနဲ့ ချိန်သားကိုက် အင်တာနက်ပိတ်ဆို့မှုများ ဒေသဆိုင်ရာ တာဝန်ရှိသူများက လုပ်ဆောင်ခဲ့သည်။
  • ကျယ်ပြန့်သော နယ်ပယ်- မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုသည် အင်တာနက်ဖြတ်တောက်မှုများ ကြုံတွေ့ရပြီး မြို့နယ် ၈၀ ကျော် သည် နှစ်ကုန်ပိုင်းအထိ အင်တာနက်ပိတ်ဆို့ခြင်းများ ဆက်လက်ရင်ဆိုင်နေရသည်။
  • အကြမ်းဖက်မှုများ– အနည်းဆုံး ပိတ်သိမ်းမှု ၁၁ ကြိမ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ သို့မဟုတ် စစ်ရာဇ၀တ်မှုကြီးများနှင့် ဆက်စပ်နေပြီး အများစုမှာ လူနေရပ်ကွက်များရှိ အရပ်သားများကို ပစ်မှတ်ထားသည့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သည်။
  • အဆိုးရွားဆုံး ထိခိုက်မှု – မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်းများစွာတွင် အင်တာနက် ပိတ်​ဆို့မှုခံရသည်မှာ ရက်ပေါင်း ၈၅၀ ကျော် ခဲ့ပြီဖြစ်သည်။ ​ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခများ ပိုမိုပြင်းထန်လာသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ပြည်သူများမှာ အင်တာနက်ပိတ်ဆို့ခံရမှုကြောင့် သတင်းရယူ သိရှိနိုင်မှု မရှိသလောက်ပင် ဖြစ်သည်။
၂၀၂၃ ခုနှစ်သည် အင်တာနက်ပိတ်မှုများကြောင့်​ ပို၍ဆိုရွားသည့် ထိခိုက်မှုကြုံရသည့် နှစ် တစ်နှစ် ဖြစ်သည်။ ပါလက်စတိုင်းမှသည် မြန်မာနိုင်ငံထိ အာဏာပိုင်များ၏ အန္တိမရည်မှန်းချက်မှာ လုံးဝ အဆုံးစွန် ပျက်စီးစေရန်ဖြစ်ပြီး၊ လူထု အန္တရာယ်တွေ စိုးရိမ်ထိတ်လန့်မှုတွေ ကြုံရချိန်တွေမှာ အင်တာနက်ကို လုံးဝပိတ်ချ ဖြတ်တောက်ကာ ၄င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေရုံသာမက၊ စိတ်ပိုင်းဆိုင်ရာ ထိုးနက်မှုနှင့် လူမှုအသိုင်းအဝိုင်း ပြိုကွဲမှုတို့ဆုံရာတွင် အကြီးမားဆုံး ထိုးနှက်ချက်အဖြစ် ကျရောက် စေခဲ့သည်။ Felicia Anthonio, Access Now မှ #KeepItOn Campaign Manager
၂၀၂၃ ခုနှစ်တွင် အာရှပစိဖိတ်ဒေသရှိ အာဏာပိုင်များသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါနှင့် ပါကစ္စတန်တို့တွင် အင်တာနက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia