12 May 2024
၁။အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ မေလ (၉) ရက်နေ့၊ နံနက် (၅) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို ပိတ်ဆို့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ အမျိုးသား (၆) ဦး သေဆုံးခဲ့သည်။ ထို့နောက် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော အရပ်သားပြည်သူများကို ဖမ်းဆီး၍ အမျိုးသား (၂၄) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ သေဆုံးသူများမှာ အသက် (၁၅) နှစ်မှ (၆၀) အတွင်း ဖြစ်သည်။ အဆိုပါ ဝင်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ပြည်သူ (၁၇) ဦးကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံး (၁) ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ (၃၂) ဦးအထိ ရှိပြီဖြစ်သည်။
၂။အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် အိုးအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်များအားလုံး မီးလောင်ပြာကျခဲ့ရသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့များသည် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ (၂၀) ကျော်ခန့်ကို ကျေးရွာမှ (၂) မိုင်ကျော် ကွာဝေးသည့် ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းသို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၃။အထက်ဖော်ပြပါ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက် သည့် ကျူးလွန်မှုများကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့၏ ခြေမြန်တပ်မဌာနချုပ် (၃၃) ၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ်များ ပါဝင်ပြီး အင်အားစုစုပေါင်း (၇၀) ခန့်ပါဝင်သော ပူးပေါင်းတပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
၄။အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့သည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှု များကို ဆက်တိုက်ကျူးလွန်လျက်ရှိရာ ထိုသို့ ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ယုတ်မာရက်စက်သည့် ကျူးလွန်မှုများကို အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချသည်။
၅။အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အထက်ပါ ကျူးလွန်မှု နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ကောက်ယူမှတ်တမ်းတင်ထားပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် အတွက် ဖြစ်နိုင်သမျှ တရားစီရင်ရေး ယန္တရားများမှတဆင့် ဆက်လက်
ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့သည် ၎င်းတို့၏ ထပ်ခါတလဲလဲ ကျူးလွန်မှုများအတွက် ယခုအချိန်အထိ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနေဖြင့် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်ရန် တိုက်တွန်းသည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.