Report 137 Views

၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များ

May 7th, 2024  •  Author:   Athan - Freedom of Expression Activist Organization  •  3 minute read
Featured image

၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များ

  • လေ့လာတွေ့ရှိချက်များအရ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရွာများအား ၂၀၂၃၊ ဒီဇင်ဘာလမှစ၍ အကြမ်းဖက်စစ်တပ်မှ အင်တာနက်လိုင်းများအား ယနေ့ မတ်လ (၇)ရက်နေ့အထိ ဖြတ်တောက်ထားသည်ဟု သိရသည်။ မြို့ပေါ်ဒေသများတွင်မူ ဝိုင်ဖိုင်သာ အဓိကထား အသုံးပြုနေကြရပြီး ဆက်သွယ်ရေးမှာ အလွန်တရာခက်ခဲနေကြောင်း တဆက်တည်းသိရသည်။ 
  • ကချင်ပြည်နယ်၌ မြစ်ကြီးနားမြို့အပါအဝင် မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ ပူတာအို၊ တနိုင်း၊  မိုးညှင်းနှင့် ဗန်းမော်အစရှိသည့် မြို့နယ်တစ်ချို့တွင် မတ်လ (၁) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်မှ စ၍ Mytel, Atom, MPT နှင့် Ooredoo  ဖုန်းနှင့်အင်တာနက် ဆက်သွယ်ရေးလိုင်းများအားလုံးပြတ်တောက်သွားခဲ့သည်။
  • မတ်လ (၇) ရက်နေ့မှစ၍ အကြမ်းဖက်စစ်တပ်နှင့် KNLA ပူပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိသည့် ကရင်‌ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့အား (၁၁) ရက်နေ့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများအား ဖြတ်တောက်လိုက်သည်။ 
  • မတ်လ (၅) ရက်နေ့မှ စ၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၊ တကောင်းမြို့၌ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။
  • အကြမ်းဖက်စစ်တပ်မှ မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပြီးခဲ့သည့် ၂၀၂၃၊ ဒီဇင်ဘာလ အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ပြီး ယခု မတ်လထိ ပြန်လည်အသုံး၍ မရနိုင်သေးပေ။
  • တိုက်ပွဲများတောက်လျောက်ဖြစ်ပွားနေလျက်ရှိသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အား အကြမ်းဖက်စစ်တပ်မှ ယခု မတ်လ (၁၈) ရက်နေ့တွင် ဖုန်းလိုင်းများအား ထပ်မံဖြတ်တောက်ထားသည်ဟု သိရှိရပြီး Mytel တခုသာလက်ရှိတွင် အသုံးပြုနိုင်ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌ မတ်လ (၁၅) ရက်နေ့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများအပြင် ဝိုင်ဖိုင်လိုင်းများပါ ပြတ်တောက်နေသည်ဟု သိရသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်မှ ကလေးမြို့ တောင်ဘက်တွင်လည်း ဖုန်းလိုင်းများ ဖြတ်တောက်ထားသည်ဟု ထပ်မံလေ့လာသိရှိရသည်။ 
  • ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ယခု မတ်လ (၉) ရက်နေ့မှစ၍ စက်သုံးဆီ မလုံလောက်မှုကြောင့် တာဝါတိုင်များ မလည်ပတ်နိုင်ပဲ ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည်။
  • တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်မြို့တခုဖြစ်သည့် မော‌တောင်မြို့တွင် ယခု မတ်လကစ၍  ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်မှု ပိုများလာကြောင်း သိရသည်။ လက်ရှိတွင် ပြတ်တောက်သည့်အချိန်ကြာလာသလို မပြတ်တောက်သည့်အချိန်များတွင်လည်း လိုင်းအားမကောင်းတော့ကြောင်း ၎င်းဒေသခံတဦမှ ပြောဆိုထားပြီး အဆိုပါမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ မှစ၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှုများ ရှိခဲ့သော်လည်း ယခုလတွင် ပိုမိုဆိုးရွားလာကြောင်း သိရသည်။ 

ရန်ကုန်တိုင်းရှိ မြို့နယ်အများစုတွင် ပြီးခဲ့သည့် မတ်လအတွင်း ဖုန်းအင်တာနက်လိုင်းများအပြင် ဝိုင်ဖိုင်လိုင်းများ လိုင်းဆွဲအားကျဆင်းခဲ့သည်ဟု သိရသည်။

(၂) ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံရသည့် အကြောင်းရင်းများ

တိုက်ပွဲများ ပြင်းထန်နေသည့် ဒေသများဖြစ်သော ပဲခူးတိုင်းရှိ ကျောက်တံခါးမြို့နယ်၊ ကချင်ပြည်နယ်၌ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ ပူတာအို၊ တနိုင်း၊  မိုးညှင်း၊ ဗန်းမော်မြို့များ၊ ကရင်‌ပြည်နယ်ရှိ မြဝတီမြို့နယ် တို့၌   အကြမ်းဖက်စစ်အုပ်စု၏ လက်စွဲတခုဖြစ်သည့် ဖြတ်လေးဖြတ်နည်းဗျူဟာကို ဆက်လက်ကျင့်သုံးနေလျက်ရှိပြီး ဒေသခံပြည်သူများအား သတင်းအချက်အလက်စီးဆင်းမှုကို ဖုံးကွယ်ထိန်ချန်နိုင်ရန်နှင့် တော်လှန်ရေးလုပ်ငန်းများနှင့် ချိတ်ဆက်မှုများကို ဖြတ်တောက်နိုင်ရန်အတွက် ရည်ရွယ်ရှိရှိ ဖိနှိပ်နေသည်ကို လေ့လာတွေ့ရှိရသည်။ ထို့အပြင်တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြုံတွေ့ရပြီး ဆက်သွယ်ရေးတာဝါတိုင်များ လည်ပတ်နိုင်ရင် စက်သုံးဆီပြတ်လတ်မှု (မလုံလောက်မှု) များကြောင့် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှုများလည်း ရှိသည်။ 

တဖက်တွင်လည်း အကြမ်းဖက်စစ်တပ်မှ ဖုန်းလိုင်းများဖြတ်တောက်တားပြီးနောက် ၎င်းဒေသမျာအား လေကြောင်းတိုက်ခိုက်မှုများတောက်လျောက်ကျူးလွန်လျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။ လေ့လာတွေ့ရှိချက်များအရ အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသည့် ဒေသတချို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး ဒေသခံလူငယ်များအား မတရားတွန်းအားပေး စစ်မှုထမ်းစေရန် စာရင်းကောက်ခြင်းများ ပြုလုပ်လာနေသည်ကိုဟုလည်း သိရသည်။ 

(၃) နောက်ဆက်တွဲ အကျိုးဆက်များ

ကောက်ယူရရှိထားသည့် အချက်အလက်များအရ ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားသည့် ဒေသများမှ ပြည်သူများအနေဖြင့် အင်တာနက်လိုင်း မရရှိသည့်အတွက် အလုပ်အကိုင်များလုပ်ဆောင်ရာတွင် အခက်အခဲများကြုံတွေ့ရပြီး ဒေသတွင်းသတင်းစီးဆင်းမှု ရပ်တန့်ကာ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအား နေ့စဥ်နှင့်အမျှ စိုးရိမ်ထိန့်လန့်နေကြရသည်။ ထို့အပြင် တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ ဒေသအများစုတွင် စီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ရန် အဆင်မပြေ၊ မလွယ်ကူလှပေ။ ဒေသခံအများစုသည် ထိုင်းနှင့် မလေးရှားကဲ့သို့နိုင်ငံများတွင် ရှာဖွေလုပ်ကိုင်စားသောက်နေရသည့် ၎င်းတို့၏ သားသမီး၊ ဆွေမျိုးမိတ်ဆွေများထံမှတဆင့် ပို့ဆောင်သော ငွေကြေးအား အဓိကထားရပ်တည်နေကြရပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်နောက်တွင် ဆက်သွယ်ရန်မလွယ်ကူတော့ပဲ ငွေကြေးအခက်အခဲများစွာကြုံတွေ့နေရသည်ကိုလည်း လေ့လာတွေ့ရှိသည်။ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများတွင် ဖုန်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားသည့်အတွက် စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့်လည်း ၎င်းတို့အားကူညီမည့် အလှူရှင်များနှင့် အဆက်အသွယ်ပြတ်တောက်နေပြီး စားနပ်ရိက္ခာထောက်ပံမှုများ မရရှိနိုင်ပဲရှိနေသည်။ 

(၄) ဖုန်းနှင့် အင်တာနက်လိုင်း ဆက်လက်ဖြတ်တောက်ခံထားရဆဲ မြို့နယ်များ

States Township Type of case Started date
Ayeyarwady Pathein Ph & Inter Blackout 5/Jan/24
Bago (East) Kyaukkyi Ph & Inter Blackout 3/Dec/23
Bago (East) Kyauktaga Internet Blackout 1/Dec/23
Bago (East) Yedashe Internet Blackout 8/Aug/23
Chin Falam All Connections Blackout 25/Nov/23
Chin Hakha Ph & Inter Blackout 10/Dec/23
Chin Kanpetlet Ph & Inter Blackout 1/Dec/22
Chin Paletwa Ph & Inter Blackout 17/Jan/24
Chin Tedim Ph & Inter Blackout 13/Oct/23
Chin Thantlang Ph & Inter Blackout 16/Oct/21
Chin Tonzang Internet Blackout 23/Sep/21
Kachin Bhamo All Connections Blackout 1/Mar/24
Kachin Hpakant All Connections Blackout 1/Mar/24
Kachin Mogaung All Connections Blackout 1/Mar/24
Kachin Mohnyin All Connections Blackout 1/Mar/24
Kachin Myitkyina All Connections Blackout 1/Mar/24
Kachin Puta-O All Connections Blackout 1/Mar/24
Kachin Tanai All Connections Blackout 1/Mar/24
Kachin Waingmaw All Connections Blackout 1/Mar/24
Kayah Bawlake Ph & Inter Blackout 1/Feb/22
Kayah Demoso Ph & Inter Blackout 3/Dec/23
Kayah Hpasawng Ph & Inter Blackout 1/Feb/22
Kayah Loikaw Ph & Inter Blackout 17/Nov/23
Kayah Mese Ph & Inter Blackout 1/Feb/22
Kayin Myawaddy Ph & Inter Blackout 11/Mar/24
Magway Gangaw Ph & Inter Blackout 4/Dec/22
Magway Pauk Ph & Inter Blackout 28/May/22
Magway Taungdwingyi Internet Blackout 14/Sep/21
Magway Yesagyo Ph & Inter Blackout 28/May/22
Mandalay Thabeikkyin Ph & Inter Blackout 5/Mar/24
Mon Ye Internet Blackout 3/Dec/23
Rakhine Ann Ph & Inter Blackout 18/Mar/24
Rakhine Buthidaung Ph & Inter Blackout 4/Jan/24
Rakhine Gwa Ph & Inter Blackout 16/Jan/24
Rakhine Kyaukpyu Ph & Inter Blackout 4/Jan/24
Rakhine Kyauktaw Ph & Inter Blackout 4/Jan/24
Rakhine Maungdaw Ph & Inter Blackout 4/Jan/24
Rakhine Minbya Ph & Inter Blackout 4/Jan/24
Rakhine Mrauk-U Ph & Inter Blackout 4/Jan/24
Rakhine Munaung Ph & Inter Blackout 16/Jan/24
Rakhine Myebon Ph & Inter Blackout 4/Jan/24
Rakhine Pauktaw Ph & Inter Blackout 4/Jan/24
Rakhine Ponnagyun Ph & Inter Blackout 4/Jan/24
Rakhine Ramree Ph & Inter Blackout 4/Jan/24
Rakhine Rathedaung Ph & Inter Blackout 4/Jan/24
Rakhine Sittwe All Connections Blackout 17/Feb/24
Rakhine Thandwe Ph & Inter Blackout 16/Jan/24
Rakhine Toungup Ph & Inter Blackout 8/Jan/24
Sagaing Ayadaw Internet Blackout 5/Jan/23
Sagaing Banmauk Internet Blackout 3/Mar/22
Sagaing Budalin Internet Blackout 3/Mar/22
Sagaing Chaung-U Internet Blackout 3/Mar/22
Sagaing Homalin Ph & Inter Blackout 3/Feb/23
Sagaing Indaw Ph & Inter Blackout 30/Jul/22
Sagaing Kale Ph & Inter Blackout 15/Mar/24
Sagaing Kalewa Internet Blackout 3/Mar/22
Sagaing Kanbalu Internet Blackout 5/Jan/23
Sagaing Katha Internet Blackout 3/Mar/22
Sagaing Kawlin Ph & Inter Blackout 9/Feb/24
Sagaing Lahe Internet Blackout 3/Mar/22
Sagaing Mingin Internet Blackout 5/Jan/23
Sagaing Monywa Internet Blackout 7/May/23
Sagaing Myaung Internet Blackout 11/Sep/21
Sagaing Myinmu Internet Blackout 5/Jan/23
Sagaing Pale Ph & Inter Blackout 27/October/22
Sagaing Paungbyin Internet Blackout 3/Mar/22
Sagaing Pinlebu Ph & Inter Blackout 7/Nov/23
Sagaing Sagaing Internet Blackout 29/May/22
Sagaing Salingyi Internet Blackout 5/Jan/23
Sagaing Tabayin Internet Blackout 5/Jan/23
Sagaing Tamu All Connections Blackout 15/Mar/24
Sagaing Wetlet Ph & Inter Blackout 4/Nov/22
Sagaing Wuntho Internet Blackout 3/Mar/22
Sagaing Ye-U Internet Blackout 29/May/22
Sagaing Yinmarbin Internet Blackout 5/Jan/23
Shan (North) Hseni Internet Blackout 29/Oct/23
Shan (North) Kyaukme Ph & Inter Blackout 9/Mar/24
Shan (North) Laukkaing Ph & Inter Blackout 3/Nov/23
Shan (North) Mongmit Ph & Inter Blackout 18/Jan/24
Shan (North) Muse Ph & Inter Blackout 28/Nov/23
Shan (North) Namtu Ph & Inter Blackout 27/Dec/23
Shan (South) Hsihseng Ph & Inter Blackout 3/Dec/23
Shan (South) Pekon Ph & Inter Blackout 29/Nov/23
Shan (South) Pinlaung Ph & Inter Blackout 29/Nov/23
Tanintharyi Dawei Ph & Inter Blackout 24/May/22
Tanintharyi Launglon Ph & Inter Blackout 24/May/22
Tanintharyi Tanintharyi Ph & Inter Blackout 20/Mar/24
Tanintharyi Thayetchaung Ph & Inter Blackout 24/May/22

 


View the original