01 April 2024
၁။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၂၄ ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေတည်သည့်နေ့ရက်အဖြစ် သတ်မှတ်ကြေငြာခဲ့သည်။ ၄င်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို (၁၄/၂/၂၀၂၄) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
၂။ ၂၀၂၄ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် တန့်ယန်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သည် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များကို မြို့နယ်ခန်းမ၌တွေ့ဆုံပြီး မိမိရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင်နေထိုင်သော စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူများရဲ့စာရင်းကို ၄င်းတို့ဆင့်ခေါ်ရေး အဖွဲ့ထံသို့ (၁၈၊ ၃ ၊ ၂၀၂၄) ရက်နေ့တွင် အရောက်ပို့ပေးပါရန် ညွှန်ကြားခဲ့သည်။
၃။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး၊ မြို့နယ်အဖွဲ့သည် စစ်မှုထမ်းရမည့်သူများစာရင်းကို ထုတ်ပြန်၍ အဆိုပါစာရင်းကို အုပ်ချုပ်ရေးမှူးများထံမှ ပုံစံ(၁)အဖြစ်လက်မှတ်ထိုး၍ ၄င်းတို့အဖွဲ့ထံပြန်လည်ပို့ ပေးစေခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် အထက်ဖော်ပြပါပုံစံ(၁) စာရင်းအရ ညွန်းဆိုချက်ပါ ဆင့်ခေါ်စာ ပုံစံ(၂) ဖြင့် စစ်မှုထမ်းရမည့်သူများနာမည်စာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုများထံ ပေးပို့ဆင့်ခေါ်နေ ကြောင်း ကြားသိရပါသည်။
၄။ တန့်ယန်းမြို့နယ်သည် မြန်မာနိုင်ငံ၏အရှေ့မြောက်ဘက်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး လက်နက်ကိုင်အဖွဲ့အစည်း များပြားစွာရှိသည့် နယ်မြေဒေသဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်သည့် (၁၀၂၇) စစ်ဆင်ရေးကြောင့် စစ်ဘေးဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသည့် ဒေသတစ်ခုဖြစ်ပြီး၊ ၄င်းစစ်ဆင်ရေးရဲ့ ဂယက်ရိုက်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ၊ အလုပ် အကိုင်ရှားပါးမှုစသည်တို့အပြင် ကျန်းမာရေး၊ ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုများစွာ တွေ့ကြုံခဲ့ရပါသည်။ ထိုသို့ ကြပ်တည်းမှုကြောင့် ဒေသတွင်းလူငယ်လူရွယ်များ နေရပ်စွန့်ခွာ၍ နယ်စပ်ဒေသနှင့်အိမ်နီးချင်းနိုင်ငံများသို့ အမြောက်အမြား တိမ်းရှောင်နေကြရပါသည်။
၅။ ဤကဲ့သို့သောအချိန်ကာလတွင် ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်နေခြင်းသည် ပြည်သူများအား အကြပ်အတည်း ပိုမိုကြုံတွေ့စေနိုင်သည့်အပြင် လူငယ်များနေရပ်စွန့်ခွာစေရန် တွန်းအားပေးသလိုဖြစ်နေပါသည်။ ဖော်ပြပါအခြေအနေများတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး၊ မြို့နယ်အဖွဲ့မှ ထုတ်ပြန်ဆင့်ခေါ်သော စစ်မှုထမ်းရမည့်သူများ နာမည်စာရင်းသည် ပွင့်လင်းမြင်သာမှု ၊ တရားမျှတမှု ၊ မှန်ကန်မှု ၊ အဂတိကင်းရှင်းမှုများ ရှိမရှိ မေးခွန်းထုတ်စရာဖြစ်နေပြီး မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူအချင်းချင်းကြား အငြင်းပွားမှု၊ စိတ်ဝမ်းကွဲမှုများလည့်း ဖြစ်ပေါ်လာစေနိုင်ပါသည်။
၆။ ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းသည် သင့်လျော်သည့်အချိန်ကာလ မဟုတ်ဟုထင်မြင်ပါသည်။ ဤကိစ္စကြောင့် မိဘပြည်သူများအား စိုးရိမ်သောကပိုမိုဖြစ်ပေါ်စေပြီး ၊ စစ်မှုထမ်းရန်ဆင့်ခေါ်ခံရသောသူနှင့် ၎င်းတို့၏မိသားစု လုံခြုံဘေးကင်းရေးအတွက် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေပါသည်။ ထို့အပြင် ကာလရှည်ကြာစွာ အတူနေထိုင်လာကြသော တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်သည့်ဆိုးကျိုးများ ဖြစ်ပေါ်လာစေသဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို ပြန်လည်သုံးသပ်ရန်နှင့် စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းကို ရပ်ဆိုင်းရန် ( သို့မဟုတ်) ဆိုင်းငံ့ပေးရန် ဤသဘောထားကြေငြာချက်ကို ထုတ်ပြန်ကြေငြာအပ်ပါသည်။
တန့်ယန်းမြို့နယ်
တောင်သူလယ်သမားများကွန်ယက်
ဒေသခံလူငယ်နှင့်မိဘပြည်သူများ
အရပ်ဖက်အဖွဲ့များ
ဆက်သွယ်ရန်ဖုန်းနံပါတ်
ခေးလွယ် (ဒေသခံပြည်သူ)
@khurloi22 (Telegram)
ရှမ်း
နန်းလောဝ် (တောင်သူလယ်သမားများကွန်ယက်)
+66 640201796 (Signal)
မြန်မာ
စိုင်းဟော်ရှဲန် (ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်)
+66 947286696 (Signal)
ရှမ်း ၊ ထိုင်း ၊ အင်္ဂလိပ်
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.