တော်လှန်ခရီးမှာ လျှောက်လှမ်းနေတဲ့ ထောက်ပို့အမျိုးသမီးငယ်များ

21 March 2024

တော်လှန်ခရီးမှာ လျှောက်လှမ်းနေတဲ့ ထောက်ပို့အမျိုးသမီးငယ်များ

ထနောင်းမေ 

စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာအသက်(၁၃)နှစ်သာရှိသေးတဲ့ ရေချယ်ဟာကျန်းမာရေး မကောင်းတဲ့ အတွက် ဆန္ဒပြပွဲတွေမှာမပါဝင်နိုင်ခဲ့တာကြောင့် တော်လှန်ရေး အတွက် တခြားလုပ်နိုင်မယ့်အရာကို ရှာဖွေခဲ့တယ်လို့ဆို ပါ တယ်။ ဆန္ဒပြပွဲတွေအတွင်း စစ်တပ်ရဲ့မီးခိုးဗုံးတွေ၊မျက်ရည် ယိုဗုံး တွေကို ကာကွယ်ဖို့ နှာခေါင်းစည်း(mask)တွေ လိုတဲ့အကြောင်းကြားတော့နီးစပ်ရာအသိမိတ်ဆွေတွေကိုအကူအညီတောင်းပြီးအဲ့ဒီကရတဲ့ငွေနဲ့ပထမဆုံးအ ကြိမ်ထောက်ပို့လုပ်နိုင်ခဲ့တယ်လို့ရေချယ်ကပြောပါတယ်။

သူမနေထိုင်တဲ့မြို့ဟာစစ်တပ်အုပ်ချုပ်မှုများတဲ့မြို့ဖြစ်တဲ့အတွက်တခဏအတွင်းမှာပဲန္ဒပြပွဲတွေငြိမ်သွားခဲ့ပြီး ပြည်ကာကွယ်ရေးတပ်ဖွဲ့ထဲဝင်သွားတဲ့အသိမိတ်ဆွေတွေက အကူအညီတောင်းလာတာကို အလှူခံပေးရာကနေ volunteer အဖြစ်လုပ်ကိုင်ခဲ့ပြီးအသိရဲဘော်တွေရဲ့ တိုက်တွန်း ကူညီပေးမှု ကြောင့်  official Pageထောင်ပြီး အလှူခံကာလိုအပ်နေတဲ့ တပ်ရင်း တွေဆီပို့ပေးတာ၊အလှူရှင်တွေကို ဂုဏ်ပြုမှတ်တမ်းပေးလုပ်ပေးတာစတာ တွေပြုလုပ်ရင်းထောက်ပို့ဘဝကိုစတင်လျှောက်လှန်းခဲ့တယ်လို့ဆိုပါတယ်။

နောက်ပိုင်းမှာတော့သူမဟာထောက်ပို့တာဝန်ခံဖြစ်လာခဲ့ကာဆယ်ကျော်သက်အရွယ်မိန်းကလေးတဦးတော်လှန်ရေးနဲ့ပတ်သက်တာတွေလုပ်ကိုင်တဲ့အခါအရင်နားမလည်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်တာတွေကိုစပြီးလေ့လာခဲ့ ရင်းအုပ်ချုပ်ရေးစနစ်၊ပညာရေးစနစ်တွေရဲ့ပြုပြင်ပြောင်းလဲဖို့လိုတာတွေနားလည်လာခဲ့တယ်လို့ဆိုပါတယ် ။

“အဲ့တော့ တော်လှန်ရေးနိုင်မှဖြစ်မယ်ဆိုတဲ့အတွေးတွေဝင်လာတာပေါ့။အဲ့အချိန်ကနေစပြီး ရည်မှန်းချက် တစ်ခု ရလာတယ်။ အစကငါတက်နိုင်တဲ့ဘက်ကအများအတွက် လုပ်ပေးမယ်ဆိုတဲ့ပရဟိတ စိတ်ပဲရှိခဲ့တာ။ အခုနောက် ပိုင်းမှာတော့ခံယူချက်တွေပါလာတယ်။မျှော်လင့်ချက်တွေအတွက်လည်းပါလာတယ်။အနာဂတ်တွေအတွက် လည်းပါလာတယ်။”လို့သူမကပြောပါတယ်။

သူမကရန်ပုံငွေရှာတဲ့ကမ်ပိန်းတွေကိုအဓိကစီစဉ်ရသလိုကမ်ပိန်းအတွက်စိတ်ကူးအကြံဉာဏ်တွေစဉ်းစားတာ မဲစာရင်းတွေလုပ်တာ၊ မဲဖောက်ဖို့အတွက် ပစ္စည်းတွေဝယ်တာ၊မဲပေါက်တဲ့ လူတွေကို ပစ္စည်းပို့ပေးတာ၊ မဲလက် မှတ်စီစဉ်တာ၊ ဂုဏ်ပြုမှတ်တမ်းတွေ  လုပ်ပေးတာ စတာတွေအပြင် အလှူငွေ ထောက်ပံ့တဲ့လူတွေကို service ပြန်ပေးတဲ့အနေနဲ့ သီချင်းဆိုပြတာ၊ကဗျာရွတ်တာ၊ပုံပြင်ဝတ္တုတွေဖတ်ပေး၊ တားရော့ဗေဒင်စတာတွေ ကြည့်ပေး တာ ၊ပန်းချီဆွဲပေးတာ စတာတွေကို အဖွဲ့လိုက်ဆောင်ရွက်ကြတယ်လို့ ပြောပါတယ်။                                       

သူမစလုပ်တုန်းကပထမဆုံးလမှာထောက်ပို့ငွေ(၈)သိန်းရှာဖွေပေးနိုင်ခဲ့ပြီးPageထောင်ပြီးအလှူခံတာတစ်နှစ် ပြည့်တဲ့အချိန်မှာတော့ကျပ် သိန်း(၁၂၀၀)ကျော်အထိရှာဖွေပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

တော်လှန်ရေးအတွက်အားတက်သရောဆောင်ရွက်ပေမယ့်အလှူငွေရှာရခက်တာလည်းအမြဲကြုံနေရတာတွေရှိ သလိုသူမတို့ကိုယ်တိုင်အလှူသွားခံတဲ့အခါမှာဆဲဆိုခံရတာ၊သူတောင်းစားလိုဆက်ဆံတဲ့လူတွေနဲ့လည်းကြုံတွေ့ရတာတွေရှိတယ်လို့ပြောပါတယ်။

“ညီမတို့က ညီမတို့ကိုယ်ကျိုးသုံးဖို့ အလှူငွေရှာနေတာမဟုတ်ဘူး။ မြေပြင်နဲ့တိုက်ရိုက်ချိတ် ပြီးတော့မလှူတက်တဲ့ လူတွေအတွက်  ညီမတို့ဆီကတစ်ဆင့်လှူလို့ ရအောင်လုပ်ပေးတဲ့သ‌ဘောမျိူးပါ ပြီးတော့မြေပြင်ကို တိုက်ရိုက်လှူ မယ်ဆိုအကြွေနဲ့သွားလှူလို့မရဘူး။အဲ့အတွက်ညီမတို့ကအကြွေတွေလိုက်စုပြီးတော့ မြေပြင်ကိုပို့ပေးတဲ့ သဘောမျိုး လုပ်ပေးတာပါ”လို့သူမကပြောပါတယ်။

ဒါ့အပြင်တခြားထောက်ပို့အဖွဲ့တွေနဲ့မ်ပိန်းပုံစံတူတဲ့အတွက်နားလည်မှုလွဲတာတွေလည်းရှိတတ်သလို ဖမ်းဆီးခံရ လုနီးပါးအခြေအနေတွေနဲ့မကြာခဏကြုံတွေ့ရပြီးမိသားစုထဲမှာလည်းသူမကိုဝန်းရံပေးတဲ့အတွက်အကိုတစ်ယောက်ဖမ်းဆီးခံခဲ့ရသလိုအမေဖြစ် သူဆိုလည်းရှောင်တိမ်းနေထိုင်နေရတယ်လို့ဆက်ပြောပါတယ်။

အမျိုးသမီးဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာမိသားစုက ကန့်ကွက်တာရှိသလို လုပ်ငန်း ပိုင်းဆိုင်ရာမှာလည်း အမျိုးသမီးဖြစ်တဲ့အတွက် နှိမ်ချပြောဆိုတာတွေကြုံရပါတယ်။အလှူသွားခံတဲ့အခါ တချို့ အမျိုးသားတွေရိသဲ့သဲပြောတာ၊ စကားနဲ့အမြတ် ထုတ်ချင်တာ စတာတွေ ကြုံရတာမျိုးရှိတယ်လို့ ဆိုပါတယ်။

ထောက်ပို့အဖွဲ့တော်တော်များများကအမျိုးသားတွေဦးဆောင်တာဖြစ်တဲ့အတွက်သူမကအမျိုးသမီးတာဝန်ခံအနေနဲ့အစည်းအဝေးတွေတက်တဲ့အခါ သိပ်အရေးမလုပ်တာတွေ ကြုံရတယ် လို့ သူမကပြောပါတယ်။

အဖွဲ့အနေနဲ့ရော အရင်တာဝန်ခံကပါယုံကြည်လို့ တာဝန်ခံနေရာပေးခဲ့ပေမယ့် တချို့သူ တွေအမြင်မှာ အမျိုးသမီး ငယ်ဖြစ်လို့နေရာမပေးချင်တာတွေကြုံတွေ့ရတယ်လို့သူမကဆိုပါတယ်။

“ကိုယ်ခေါင်းဆောင်လုပ်တာကို မကြိုက်ဘူးဆိုတာက အဓိက အလုပ်လုပ်တာကိုမကြိုက်တာ မဟုတ်ဘူး။ မိန်းက လေးဖြစ်နေလို့အသက်ငယ်နေလို့မကြိုက်တာမျိုးတွေထောက်ပို့လုပ်ခါစ ညီမအသက် ၁၃ ကျော်ကျော်ဆိုတော့ မယုံကြဘူး။ ဒီကလေးကဘာလုပ်တက်မှာလဲဘယ်သူတွေနဲ့အချိတ်အဆက်ရှိမှာလဲ၊အဲ့လိုမျိုးတွေအထင်ခံရတာရှိ တယ်”လို့ရေချယ်ကဖွင့်ဟပြောပါတယ်။

လူငယ်ဖြစ်နေလို့ တခြားသူတွေနဲ့တန်းတူအလုပ်လုပ်နိုင်ရင်တောင် နေရာပေးမခံရတာတွေ ၊ကိုယ့်လောက် လုပ် နိုင်စွမ်းမရှိတဲ့လူကိုအသက်ပြည့်ပြီးသားမို့နေရာပေးလိုက်တာတွေလည်းကြုံတွေ့ရတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တော်လှန်ကာလ ၃နှစ်နီးပါးထောက်ပို့လုပ်သက်နှစ်နှစ်ကျော်လာပြီး အသက်(၁၆ )နှစ်အ ရွယ်ထောက်ပို့အမျိုးသမီးငယ်တစ်ဦးဖြစ်လာတဲ့အခါမှာထိုက်သင့်တဲ့ယုံကြည်မှု တွေရလာခဲ့တယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ထောက်ပို့ဆောင်ရွက်ခဲ့တဲ့ကာလတစ်လျှောက်လုံးဂုဏ်ယူရတာကတော့ပထမဆုံး page မှာ တစ်လ ထဲနဲ့ ထောက်ပို့ငွေ သိန်း(၆၀)ရှာနိုင်ခဲ့တုန်းကလို့ဆိုပါတယ်။

“အဲ့မတိုင်ခင်က တလကိုသိန်း ၃၀ ၄၀ လောက်ပဲရခဲ့တာ အဲ့ဒီလက ပေ့တစ်ဟုန် ထိုးတိုးတက်သွားတဲ့ အချိန်ပေါ့ အဲ့အချိန်မှာရခဲ့တဲ့ သိန်း ၆၀ အဲ့ဒါကတော့ဂုဏ်အယူရဆုံးပဲ ‌နောက်ပိုင်းမှာ သိန်း၁၂၀ ၁၃၀ထိ တက်လာတယ် ။အဲ့လောက်ကြီးမပျော်တော့ဘူး။ ပထမဆုံးသိန်း ၆၀ လ ဂုဏ်ယူအရဆုံးပဲ ”လို့သူမကပြောပါတယ်။

ထောက်ပို့ဘဝမှာဂုဏ်အယူရဆုံးအချိန်တွေရှိခဲ့သလို မမေ့နိုင်တဲ့အမှတ်တရတွေက လည်းရှိခဲ့တယ်လို့ ဆိုပါ တယ်။သိန်း(၆၀)နဲ့သေနတ်တစ်လက်ကူပြီးနောက်ရက်မှာပဲရေချယ်အချက်အလက်တွေပေါက်ကြားခဲ့တဲ့ အတွက် တခြားနေရာကိုရွေ့ပြောင်းခဲ့ရပြီးအသက်(၁၅)နှစ်‌‌ကျော်အရွယ်မှာမိဘမပါပဲအိမ်နဲ့ဝေးကွာတဲ့ဒေသကိုတစ် ယောက်ထဲရောက်သွားခဲ့ရတာလို့ဆိုပါတယ်။

“ရွေပြောင်းရမယ့်အချိန်မှာရွာက အရေးပါတဲ့လူတွေကိုယ်တိုင်က အိမ်ကိုတကူးတကလာတွေ့တယ်။ သမီးလေးရေ ဦးလေးတို့မလုပ်နိုင် တဲ့အလုပ်တွေကိုလုပ်ပေးနေတဲ့အတွက် အရမ်းကိုလေးစားပါတယ်နော်ဆိုပြီး တကူး တက လာနှုတ်ဆက်တယ် ” လို့ရေချယ်က သူ့ဘဝမှာအမှတ်ရဆုံးအဖြစ်အပျက်ကိုပြောပြပါတယ်။

ဒေသခံလူကြီးတွေရဲ့ ဂရုစိုက်မှု၊ချစ်ခင်၊လေးစားမှုတွေကိုသဘောကျခဲ့ရပြီး မမေ့နိုင်ခဲ့ဘူးလို့ဆိုပါတယ်။

ရေချယ်နည်းတူထောက်ပို့တာဝန်တွေထမ်းဆောင်နေသူကတော့နွေဦးပျိုလို့ခေါ်တဲ့အသက်(၁၅)နှစ်ဝန်းကျင် အရွယ်အမျိုးသမီးငယ်တဦးဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့နောင်လာနောင်သားတွေကို ကျွန်တော်တို့အဖိနှိပ်ခံရသလိုမျိုး မခံစေချင်တဲ့ကိုယ်ချင်းစာစိတ်ရယ် လုံးဝမကောင်းတဲ့စစ်အာဏာရှင်စနစ်ကိုမရှိစေချင်တဲ့အတွက်ကြောင့်”လို့တော်လှန်ရေးမှာပါဝင်ခဲ့ပုံကိုသူမကပြောပါတယ်။

 စစ်အာဏာသိမ်းပြီးချိန်ကစပြီး လူထုသပိတ်တွေမှာပါဝင်တာ၊ click တာ၊လိုအပ်တဲ့နေရာတွေမှာလှူဒါန်းတာတွေ လုပ်ဆောင်ခဲ့ရာကနေထောက်ပို့အဖြစ်တစိုက်မက်မက်ဆောင်ရွက်ခဲ့ပြီးတော်လှန်ရေးကိုခုတုံးလုပ်ပြီးအလှူငွေ လိမ်တဲ့လူလိမ်တွေကို ဖော်ထုတ်တာတွေလည်းလုပ်ဆောင်နေတယ်လို့ပြောပါတယ်။

သူမတို့ထောက်ပို့တွေအများဆုံးကြုံတွေ့ရတဲ့အခက်အခဲကတော့ ရန်ပုံငွေကမ်ပိန်းတွေမှာထည့်ဖို့ ပစ္စည်း ရှာရတဲ့ အခက်အခဲနဲ့လုံခြုံရေးအခက်အခဲလို့ဆိုပါတယ်။ဖမ်းဆီးခံရလုနီးပါးအခြေအနေတွေတိုက်ရိုက်မကြုံရပေမယ့် သွယ်ဝိုက်ပြီးကြုံတာတွေတော့ခဏခဏဖြစ်သလိုအလှူခံတဲ့ k pay. wave payတွေပိတ်ခံရတာ၊wave pay နံပတ် ဖုန် ဆင်းကတ်တွေပိတ်ခံရတာတွေကြုံရတယ်လို့ဆိုပါတယ်။

“အမျိုးသမီးဖြစ်နေသလို ဒီအသက်ဒီရွယ်နဲ့မိန်းမတစ်ယောက်က ဒါမျိုးတွေမလုပ်နိုင်ပါဘူးဆိုတာမျိုး။ ဖိုဝါဒကြီး စိုးနေတဲ့ brain wash ခံထားရတဲ့လူတွေ တော်‌တော်များများကျန်သေးတော့ ယောကျာ်းတွေ ကပဲစိတ်ထား ပြည့် တယ်။မိန်းမတွေက စိတ်ဓာတ်ကယုတ်ညံ့တယ် စိတ်ကဖောက်လွဲ ဖောက်ပြန်ဖြစ် တက်တယ်။ပိုက်ဆံတွေအလှူ ငွေတွေကိုဘုံးသွားမှာပဲဆိုပြီး ယုံကြည်မခံရတော့အရမ်းနစ်နာတယ်”လို့သူမကဆက်ပြောပါတယ်။

သူမအနေနဲ့ တော်လှန်ရေးလုပ်ငန်းတွေလုပ်ကိုင်ရတဲ့အခါမှာ အားအရဆုံးက fundraiser ဘဝပါပဲ။Clicker ဘဝ တုန်းက အချိန်တွေအများကြီးပေးပြီး click ပေမယ့် ရာဂဏန်း၊ထောင်ဂဏန်းလောက်ပဲပို့နိုင် မလား ဆိုပြီး စိုးရိမ် ခဲ့သလိုအလှူရှင်ဘဝတုန်းကလည်း ရတဲ့မုန့်ဖိုးလေးတွေ မဲတွေလောက်ပဲဝယ်နိုင်ခဲ့တဲ့ အတွက် အားမလို အားမရ ဖြစ်ခဲ့တယ်လို့ဆိုတယ်။

“fundraiser ဘဝကျတော့ဦးနှောက်လည်းအရမ်းသုံးရတယ်။အလှူငွေရတော့လည်းများများ ပေါပေါသီသီလေး ပို့နိုင်တယ်ဆိုတော့ အရမ်းအားရတယ်”လို့သူမကဆိုပါတယ်။

ထောက်ပို့ဘဝမှာ နာမည်ပျက်ကင်းကင်းနဲ့နေနိုင်ခဲ့သလိုတော်လှန်ရေးအကြောင်းပြကာ လိမ်စားနေတဲ့ လူလိမ် တွေကိုဖော်ထုတ်ရတဲ့အတွေ့အကြုံက မမေ့နိုင်တဲ့အဖြစ်အပျက်တွေပါပဲလို့ဆိုပါတယ်။

တော်လှန်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အတွက်မိသားစုနဲ့အတိုက်အခံဖြစ်တာဖုန်းသိမ်းခံရတာအိမ်ပေါ်ကနှင်ချခံရတဲ့အခြေအနေတွေလည်းကြုံခဲ့ရတာကြောင့်စိတ်ဓာတ်ကျတဲ့အချိန်တွေရှိခဲ့တယ်လို့ပြောပါတယ်။

“Stress တွေပိတယ်။ fundraiser ဘဝမှာတော်တော်ကြီးကို စိတ်ဖိစီးတယ်။ အရမ်းလည်း စိတ်ဓာတ် ကျတယ် ။ fund မရလေ စိတ်ဓာတ်ကျလေပဲ။ စိတ်ဓာတ်ကျနေတဲအချိန်မှာရဲဘော်တွေက စာလာပို့ စကား လာပြော ဆိုရင် ကျွန်တော်ဘယ်ဘက်ပြေးရမှန်းမသိတော့ဘူး။ ဘယ်လိုငြင်းရမှန်းလဲမသိတော့ဘူး။ ငါဟိုအဖွဲ့ကိုပို့ရဦးမှာ ဟိုအဖွဲ့ ကိုပို့ကိုအကြွေးဘယ်လောက်တောင်တင်နေတာ အဲ့လိုမျိုးဆိုတော့အရမ်းစိတ်ဓာတ်ကျပြီး စိတ်ဖိစိးတဲ့အချိန် တွေတော့ရှိပါတယ်”လို့သူမကဖွင့်ဟပါတယ်။

တော်လှန်ရေးပြီးဆုံးအောာင်တိုက်ပြီးတော်လှန်ရေးအောင်တဲ့အခါမှာတော့တော်လှန်ရေးအကြောင်းပြလိမ် လည် တဲ့ သူတွေကိုထိုက်သင့်တဲ့အပြစ်ပေးချင်တယ်လို့ သူမကဆိုပါတယ်။

ရေချယ် နွေဦးပျိုတို့နည်းတူထောက်ပို့အဖြစ်လုပ်ကိုင်နေသူကတော့ အသက်(၁၆)နှစ်အရွယ် Enna(အန်နာ)ဆိုသူ ပါ။

သူမကအာဏာသိမ်းမှုစတင်တဲ့အချိန်ကစပြီး CDMကျောင်းသူအဖြစ်တော်လှန်ရေးတာဝန်တွေကို ပခုံးထမ်း ခဲ့ပြီးလက်ရှိမှာလည်း ထောက်ပို့လုပ်ငန်းတွေကို‌ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

“တော်လှန်ရေးကို နိုင်ငံရေးလို့မတွေးပဲ အနာဂတ်အတွက် တိုက်ပွဲဝင်တယ်လို့တွေးထားတယ်။ ကိုယ်တစ်ယောက် တည်း အဆင်ပြေဖို့ထက် နောက်လာမဲ့မျိုးဆက်တွေကို ဒါမျိုးတွေထပ်ပြီးမဖြစ်စေချင်တဲ့အတွက်ပါ၊ တရားမျှတ မှုကို လိုလားတဲ့ဘယ်သူမဆို ဒီအာဏာရှင်စနစ်ကို လက်ခံမယ်လို့လည်း မထင်ပါဘူး။”လို့သူမကပြောပါတယ်။

သူမကသူငယ်ချင်းဖြစ်သူ ရေချယ်ရဲ့ဖိတ်ခေါ်တိုက်တွန်းမှုကြောင့် ထောက်ပို့လုပ်ငန်း ထဲဝင်ခဲ့သူပါ။သူမကရန်ပုံ ငွေရှာတဲ့အဖွဲ့ရဲ့ တခြားတာဝန်တွေအပြင် လူမှုကွန်ရက်စာမျက်နှာမှာ Page reply ပြန်တဲ့အပိုင်းကို အဓိကထား ဆောင်ရွက်တယ်လို့ဆိုပါတယ်။

“အလှူရှင်တွေကိုကောင်းမွန်တဲ့ service မျိုးပေးချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း အဖွဲ့ တစ်ခုကိုသွားလှူတဲ့အခါကျရင်ပိုပြီးတော့စိတ်ချမ်းသာရတာမျိုးဖြစ်စေချင်တယ်။အလှူရှင်ဖြစ်ခဲ့တုန်းကလည်း service  ကောင်းတဲ့ အဖွဲ့ဆိုပိုပြီးသဘောကျတယ်။”လို့သူမကပြောပါတယ်။

သူမတို့အဖွဲ့ကအသက် ၁၅ နှစ် ၁၆ နှစ်အရွယ်မိန်းကလေးတွေနဲ့ဖွဲ့စည်း ထားတာဖြစ်တဲ့အတွက် အများစုကသိပ် မယုံကြည်ချင်ကြတာတွေကြုံရတယ်လို့ဆိုပါတယ်။

သူမတို့အဖွဲ့မှာပါဝင်နေတဲ့သူအားလုံးက တော်လှန်ရေးလုပ်ငန်းကို အိမ်နဲ့အတိုက်အခံလုပ်ပြီးမှ လုပ်ခဲ့ကြတာ ဆိုတော့  အိမ်နဲ့ပြဿနာတက်လို့အပြောခံရတဲ့အချိန်တွေမှာ အချင်းချင်း ဖေးမကူညီပြီး၊ အလုပ် တူတူကြိုးစားတဲ့ အခိုက်အတန့်တွေက သူမအတွက် အားရကျေနပ်မှုအရှိဆုံးလို့ဆိုပါတယ်။

စစ်‌ကောင်စီကအမျိုးသမီးတွေကိုအဓမ္မပြုကျင့်တဲ့လုပ်ရပ်တွေကျူးလွန်တဲ့အတွက်သူမကိုဒီလိုအဖြစ်ကြုံမှာစိုး တဲ့အတွက် မိသားစုကဒီအလုပ်တွေကိုမလုပ်စေချင်ခဲ့ဘူးလို့ဆိုပါတယ်။  နောက်ပိုင်းတော့မိသားစုက လက်ခံခဲ့ပြီး တော်လှန်ရေးအောင်မြင်တဲ့အခါ ပညာ‌ရေးခရီး လမ်းကို ဆက်လျှောက်သွားကာ ပြန်လည်ထူ ထောင်ရေး အတွက် လည်းအကောင်းဆုံးပါဝင်သွားဖို့ဆုံးဖြတ် ထားတယ်လို့ပြောပါတယ်။

သူမအတွက် မမေ့နိုင်တဲ့အဖြစ်အပျက်ကတော့သူမမွေးနေ့လမှာ ထောက်ပို့ငွေသိန်းတစ်ရာ ရအောင် ရှာမယ် လို့ ကတိပေးခဲ့ကြပြီး တကယ်ရအောင်ရှာနိုင်ခဲ့ကြတာကတော့ အမှတ်တရပဲလို့ဆိုတယ်။

အခက်အခဲတွေကြားက ထောက်ပို့အဖြစ်ဆောင်ရွက်နေတဲ့အမျိုးသမီးငယ်တွေဟာရှေ့ဆက်ပြီးတော့ တော်လှန် ရေးအတွက် တာဝန်ကျ ဖို့ဆန္ဒပြင်းပြနေကြပါတယ်။စစ်ကောင်စီကျ ဆုံးရေး အတွက် လက်နက်မကိုင် ပဲတော် လှန်နေကြတဲ့ အမျိုးသမီးတွေလည်း အများအပြား ရှိနေ ပါတယ်။ ဒီအမျိုးသမီးတွေထဲမှာထောက်ပို့ အဖြစ်ဆောင်ရွက်နေကြတဲ့  အမျိုးသမီးတွေလည်းပါဝင်ပါတယ်၊ ထောင်ပို့အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ အနက်ဆယ် ကျော်သက်အရွယ်အမျိုးသမီးငယ် တွေရဲ့ ပါဝင်မှုကိုလည်း နွေဦးတော် လှန်ရေး သမိုင်းမှာ ချန်လှပ်ထားလို့မရပါဘူး။

တော်လှန်ရေးမှာပါဝင်ဖို့အတွက်မိသားစုနဲ့အတိုက်အခံလုပ်ခဲ့ရတဲ့သူမတို့လိုအမျိုးသမီးငယ်တွေအနေနဲ့လည်းအားမလျော့ကြဖို့ အန်နာကအားပေးစကားပြောခဲ့ပါတယ်။

“ကိုယ့်ကိုကိုယ်လည်းအားမရသေးဘူးဆိုပေမယ့်ငါဒီလောက်ပါဝင်နိုင်တယ်ဆိုပြီး ဂုဏ်ယူတယ် မိန်းကလေး တွေ လည်းလုပ်နိုင်တယ်။ဒီလောက်ထိပါဝင်နိုင်တယ်ဆိုပြီးတော့အရမ်းသဘောကျတယ်။ ညီမဆိုရှေးရိုးစွဲ မိသားစုက ကြီးလာတော့မိန်းကလေးဆိုမိန်းကလေးလိုနေရမယ် ဆိုတဲ့အရာတွေအကုန်လုံးကိုဆန့်ကျင်ပြီး လုပ်နေ တာ။ အရင်ထဲကဒီလိုမျိုးဆန့်ကျင်ခဲ့ရမှာလို့တွေးမိတယ်။ပါဝင်တာနောက်ကျတယ်လို့တောင်တွေးမိတယ်”လို့ ရေချယ် ကသူမအတွေးကိုပြောပါတယ်။


view the original 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia