12 March 2024
ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာ
“ထိုင်းနိုင်ငံရဲ့ တာဝန်ရှိသူတွေအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိထိရောက်ရောက် လုပ်လာနိုင်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေရယ်၊ NUG ရယ်က ဒီထက်ပိုပြီးတော့မှ လက်တွေ့ကျပြီးတော့မှ တိုင်းပြည်ကို အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ပြီဆိုရင် တိုင်းပြည်ကို ဘယ်လိုမျိုး၊ ဖက်ဒရယ်ကို ဘယ်လိုမျိုး လက်တွဲပြီးတော့မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနဲ့ အသွင်ကူးပြောင်းရေးကာလကို ဘယ်လိုစီမံအုပ်ချုပ်သွားမယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေကို ဘယ်လိုစီမံအုပ်ချုပ်မှုတွေနဲ့ လုပ်သွားမယ်ဆိုတဲ့ ဥစ္စာတွေကို တော်လှန်ရေးခေါင်းဆောင်တွေအားလုံးက စုစည်းပြီးတော့မှ အဖြေထုတ်သင့်ပြီ။ အဲ့ဒီအဖြေကို သေသေချာချာ Transition package အသွင်ကူးပြောင်းရေးကာလအတွက် အုပ်ချုပ်ရေးအစီအမံကို အခုချိန်မှာ သေချာပြင်ဆင်ပြီးတော့မှ တင်ပြသင့်ပြီလို့ မြင်ပါတယ်။”
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံလွှတ်တော်အတွင်းမှာ မြန်မာ့အရေးဆွေးနွေးမှုတွေကို ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကော်မတီက ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice Myanmar) တည်ထောင်သူ ဒေါ်ခင်ဥမ္မာကို ကန္တာရဝတီတိုင်း(မ်) က သူမ ဆွေးနွေးတင်ပြခဲ့တဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင် အကူအညီပေးရေး၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးရေး စတဲ့ ဆွေးနွေးတင်ပြချက် အကျဉ်းနဲ့ တင်ပြချက်တွေအပေါ် ထိုင်းလွှတ်တော်ဘက်မှ တုံ့ပြန်ချက် စတာတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ မတ်လ ၂ ရက်နေ့က ဆရာမ ထိုင်းလွှတ်တော်မှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ အချက်တွေကို အကျဉ်းချုပ်လေး ပြောပြပေးပါ။
ဒေါ်ခင်ဥမ္မာ ။ ။ ကျမ အဓိက ဆွေးနွေးခဲ့တဲ့ အချက်တွေကတော့ ဒီလူသားစာနာ အကူအညီကို ပေးရေးကိစ္စမှာ ထိုင်းအစိုးရအနေနဲ့ မြန်မာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြီးရင် သူ့ရဲ့ ဩဇာခံ၊ လက်ဝေခံ မြန်မာ့ကြက်ခြေနီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ပေါ့နော။ အဲ့ဒါကို ကျမ တင်ပြခဲ့တယ်။
ပြီးတော့ လူသားစာနာ အကူအညီတွေကို NUG ပြီးရင် KNU, IEC Karenni, KNPP စသဖြင့် တိုင်းရင်းသားဒေသတွေက ဒေသခံ တိုင်းရင်းသားအစိုးရတွေနဲ့ အတူတူ တရားဝင် ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ဒေသခံအဖွဲ့အစည်းတွေ၊ ကရင်မှာဆိုလည်း ကရင်ဒေသခံအရပ်ဖက်အဖွဲ့အစည်း၊ ကရင်နီမှာဆိုလည်း ကရင်နီဒေသခံ အရပ်ဖက်အဖွဲ့အစည်း၊ လူသားစာနာ အကူအညီပေးရေးကို လုပ်နေကြတဲ့ နယ်မြေခံ အရပ်ဖက်အဖွဲ့တွေ၊ လူထုအခြေပြု အဖွဲ့တွေ ရှိတယ်လေနော။ သူတို့တွေ လုပ်နေတာတွေက တောက်လျှောက် နှစ်နဲ့ချီပြီးတော့မှ လုပ်ပေးနေပြီ။ အရင်ကတည်းကလည်း တောက်လျှောက်လုပ်ခဲ့တယ်။ အခုကျန်ခဲ့တဲ့ ၃ နှစ်မှာလည်း စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်တာတွေ၊ ဗုံးကြဲတာတွေ ဒီလိုအခြေအနေကြားထဲမှာ ဒုက္ခအရောက်ရဆုံးဖြစ်တဲ့ ပြည်သူတွေ။
ဆိုတော့ ဒီလိုဒုက္ခအရောက်ရဆုံးဖြစ်တဲ့ ပြည်သူတွေကို ဒေသခံလူထုအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းတွေက ရှေ့တန်းကနေပြီးတော့မှ လူသားစာနာအကူအညီတွေကို သူတို့ရဲ့ လုပ်နိုင်စွမ်းအားတွေနဲ့ လုပ်ပေးနေတော့ အဲ့ဒါကို ထိုင်းအစိုးရက အကူအညီပေးသင့်တယ်ပေါ့နော။ နိုင်ငံတကာအလှူရှင်တွေကို ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီးတော့ ပြီးရင် NUG, EROs, ပြီးရင် ဒေသခံ တိုင်းရင်းသားအစိုးရတွေနဲ့ ပူးပေါင်းပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေ မြေပြင်မှာ လုပ်နေတာကို ထောက်ခံသင့်တယ်၊ ပံ့ပိုးသင့်တယ်။ အဲ့ဒီနည်းနဲ့ဘဲ လူသားစာနာ အကူအညီကို ဒုက္ခရောက်တဲ့ ပြည်သူဆီကိုပေးတာ အထိရောက်ဆုံးဖြစ်တယ်။ စစ်အုပ်စုနဲ့ မြန်မာ့ ကြက်ခြေနီကနေ ဖြန့်ပေးတဲ့ ဥစ္စာက စစ်အုပ်စုကို လူသားစာနာ အကူအညီကို လက်နက်သဖွယ် အသုံးပြုဖို့အတွက် ပိုပြီးတော့မှ လက်နက်တပ်ဆင်ပေးလိုက်သလို ဖြစ်သွားတယ်။ အဲ့ဒါက ကျင့်ဝတ်အရ မှားနေတယ်။ မမှန်ဘူး။ စစ်အုပ်စုကနေက လူသားစာနာ အကူအညီကို ဖြန့်ပေးတယ်ဆိုတာက သူက အကြမ်းဖက်ပြီး ဒုက္ခရောက်အောင် လုပ်နေတဲ့ ပြည်သူတွေဆီကို ဒီစစ်အုပ်စုကနေတဆင့် ဆန်ပေးဖို့၊ ဆီပေးဖို့ လုပ်နေတယ်ဆိုတဲ့ ဥစ္စာက လူ့ကျင့်ဝတ်အရ သိက္ခာအရ မှားယွင်းနေတယ်။ ဒါကတော့ မဖြစ်သင့်ဘူးဆိုတာကို တင်ပြခဲ့ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ ဆရာမရဲ့ ဆွေးနွေးချက်အပေါ် ထိုင်းဘက်က ဘယ်လို သဘောတရား တုံ့ပြန်မှု ရှိပါသလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ ကျမရဲ အဲ့ဒီဆွေးနွေးချက်အပေါ်မှာတော့ တက်ရောက်ကြတဲ့ လူတွေအားလုံးက သေသေချာချာတော့ သူတို့ နားထောင်ကြတယ်။ တော်တော်များများလည်း နားလည်မယ်၊ ဒီအခြေအနေပေါ်မှာ မြင်မယ်လို့ ကျမ သုံးသပ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စကားပြောပြီးတဲ့အချိန်မှာ ကိုယ့်ကို စကားလာပြောကြတဲ့သူတွေ၊ ထိုင်းက လွှတ်တော်အမတ်တွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလူတွေရော အရပ်ဖက်အဖွဲ့အစည်းတွေကရောပေါ့နော။ ဆိုတော့ အထူးသဖြင့် ထိုင်းရဲ့ လွှတ်တော်အမတ်တွေက ကျမရဲ့ တင်ပြချက်က ဘာကြောင့်လဲဆိုတာ၊ ပြီးတော့ ဒီစစ်အုပ်စုနဲ့ ပေါင်းလုပ်လို့ရှိရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်စေမယ်။ ထိုင်းကြက်ခြေနီရဲ့ ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်စေမယ်ဆိုတာကိုလည်း ကျမ တင်ပြတာကို သူတို့မြင်မယ်လို့ ကျမ သုံးသပ်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို နယ်စပ်ဖြတ်ကျော် ကူညီနိုင်မဲ့ အလားအလာတွေအပေါ် အတားအဆီး စိန်ခေါ်မှုတွေ ရှိလာနိုင်မလား။
ဒေါ်ခင်ဥမ္မာ ။ ။ ဒီလူသားစာနာ အကူအညီကို နယ်စပ်ဖြတ်ကျော်ပြီးတော့မှ အထူးသဖြင့် ကျမတို့ တိုင်းရင်းသားဒေသတွေ တော်လှန်ရေးလွတ်မြောက်နယ်မြေဒေသတွေကို တိုက်ရိုက်ပို့ဖို့ အနေအထားမှာတော့ တကယ်တမ်းလက်တွေ့အရ စိန်ခေါ်ချက်တော့ အများကြီး ရှိနေသေးတယ်ပေါ့နော်။ အထူးသဖြင့် ထိုင်းလွှတ်တော်က ဥပေဒပြုတယ်ဆိုပေမယ့် အစိုးရက မူဝါဒချပြီး အကောင်အထည်ဖော်တာ ဖြစ်တာကိုး။ ပြီးတော့ စစ်တပ်ပေါ့နော။ ဆိုတော့ ထိုင်းစစ်တပ်နဲ့ ထိုင်းအစိုးရက ဒီလိုမျိုး ချဉ်းကပ်ပုံဟာ လူသားလုံခြုံရေးအတွက် မြန်မာပြည်သူတွေကို ပိုပြီးတော့မှ အန္တရာယ်ကြီးစေတယ်လို့ သူတို့မြင်တယ်ဆိုရင်တော့ သူတို့ရဲ့ စစ်အုပ်စုနဲ့ ပေါင်းပြီးတော့ မြန်မာ့ကြက်ခြေနီက ဖြတ်ပြီးလုပ်မဲ့ကိစ္စကို ပြန်လည်စဉ်းစားသုံးသပ်ပြီးတော့မှ ပြန်ပြောင်းမယ်လို့တော့ ကျမ မျှော်လင့်တယ်ပေါ့နော။ ပြန်ပြောင်းပေးဖို့အတွက်ကိုလည်း ကျမတို့ တိုက်တွန်းနှိုးဆော်အကူအညီတောင်းရမှာပေါ့နော။
ကန္တာရဝတီတိုင်း(မ်) ။ ။ EROs, NUG, IEC Karenni စတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆရာမရဲ့ အကြံပြုချက်အပေါ် သူတို့ဘက်က သဘောတရား ဘယ်လိုရှိပါသလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ ဒီလိုမျိုး တိုင်းရင်းသားဒေသတွေကို တိုင်းရင်းသား အစိုးရတွေနဲ့ EROs တွေနဲ့ အတူတူ တိုက်ရိုက်တရားဝင် ပေါင်းပြီး ပူးပေါင်းဆောင်ရွက်တာ၊ အကူအညီတွေကို တိုင်းရင်းသားဒေသတွေမှာ ထိုင်းနိုင်ငံဖက်ကနေပြီးတော့မှ တိုက်ရိုက်ပေးတဲ့ဥစ္စာပေါ့နော။ အဲ့ဒီဥစ္စာက ထိုင်းနိုင်ငံအတွက်လည်း နိုင်ငံရေးအရရော၊ နောက်ပြီးတော့မှ စီးပွားရေးအရပါ အကျိုးအမြတ်ရှိစေတယ်။ နိုင်ငံရေးအရဆိုတာက ဥပမာ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာတယ်ဆိုတဲ့ သဘောလည်း ပြတယ်ပေါ့နော။ လူသားလုံခြုံရေးအတွက် မြန်မာနိုင်ငံပြည်သူတွေအတွက်ကို သူတို့က သေသေချာချာ ဂရုတစိုက်နဲ့ စီစဉ်ဆောင်ရွက်ပေးတယ်ဆိုတာ သူတို့လည်း ဂုဏ်သိက္ခာ တက်တာပေါ့နော။ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း နိုင်ငံတကာမှာ ပိုပြီးတက်တာပေါ့။ အဲ့ဒါလည်း သူတို့မြင်ဖို့အတွက်ကို ကျမတို့ မျှော်လင့်တာပေါ့နော။
ပြီးတော့ ဒီနယ်စပ်ကုန်သွယ်ရေးဆိုလို့ရှိရင်လည်း တိုင်းရင်းသားဒေသတွေနဲ့ နယ်စပ်ကုန်သွယ်ရေးကို တိုက်ရိုက်ပူးပေါင်းပြီး လုပ်ဆောင်တဲ့ဥစ္စာက နှစ်နိုင်ငံကြားထဲမှာ မြန်မာနိုင်ငံဘက်က ပြည်သူတွေအတွက်ကော ထိုင်းနိုင်ငံဘက်ကအတွက်ကော စီးပွားရေးအရလည်း လမ်းကြောင်းကောင်းတယ်ပေါ့နော။ အဲ့ဒီဟာလည်း သူတို့ ဒီနယ်စပ်ကုန်သွယ်ရေးကို ကရင်နီအစိုးရတွေနဲ့ဘဲ တိုက်ရိုက်လုပ်တာ ပိုပြီး လက်တွေ့ကျတယ်ဆိုတဲ့ပုံစံမျိုး တိုက်တွန်းခဲ့တယ်။ အဲ့ဒါလည်း စဉ်းစားပေးဖို့ ကျမ အနေနဲ့ မျှော်လင့်ပါတယ်။
ကျမ ခုနက တိုက်တွန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ဆိုတဲ့ဥစ္စာက သူတို့ရဲ့ လွှတ်တော်ရယ်၊ ပြီးလို့ရှိရင် ထိုင်းနိုင်ငံရဲ့လွှတ်တော်၊ အစိုးရ ပြီးတော့ ကာကွယ်ရေးကို ဆောင်ရွက်ရတဲ့ စစ်တပ်။ ပြီးရင်တော့ စီးပွားရေး business community စီးပွားရေး အဝန်းအဝိုင်းထဲက လူတွေက ပါဝင်လာတာပေါ့နော။ သူတို့အားလုံးရဲ့ မြန်မာနိုင်ငံ အခြေအနေကို နက်နက်နဲနဲ သုံးသပ်ပြီးတော့မှ သေသေချာချာ သူတို့ စဉ်းစားပြီးတော့မှ ဝေဖန်ပိုင်းခြား ဆုံးဖြတ်ပြီးတော့ လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိတာပေါ့နော။ ဒါပေမယ့် အဲ့ဒါက သူတို့ရဲ့ နိုင်ငံရေးဆန္ဒကလည်း ရှိဦးမှာဖြစ်တယ်ပေါ့နော။ အထူးသဖြင့် အစိုးရရဲ့ နိုင်ငံရေးဆန္ဒက ရှိဖို့လိုတော့ ထိုင်းအစိုးရရဲ့ နိုင်ငံရေးဆန္ဒရှိဖို့အတွက်ကို ကျမတို့ အများကြီး တိုက်တွန်းနှိုးဆော်ရဦးမယ်လို့ မြင်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ လက်ရှိမှာ ကရင်နီကို ကုန်သွယ်စီးဆင်းမှုတွေက ထိုင်းဖက်ကိုဘဲ မှီခိုရမှာ ဖြစ်လာတာကြောင့် ဒီနယ်စပ်ဖြတ်ကျော်ကူညီမှု အနေအထားက ကရင်နီလူထုတွေလည်း အရမ်းကို မျှော်လင့်ထားတာဖြစ်တာကြောင့် ဒီအကူအညီတွေကို ထိုင်းဘက်က အကောင်အထည်ဖော်ပေးဖို့ ဘယ်လောက်အထိ အရေးတကြီးလိုအပ်နေပြီလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ ကျမတို့လေ ထိုင်းစီးပွားရေးသမားတွေနဲ့လည်း အများကြီး ရင်းနှီးအောင် သေချာနီးစပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ရင်းနှီးမှုတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တည်ဆောက်ပြီးတော့မှ ကောင်းမွန်တဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ဖြစ်လာဖို့အတွက်ကိုလည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အတွက်ကိုလည်း တရားဝင်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ ကျမမြင်တယ်ပေါ့နော။ အဲ့ဒါက အရေးတကြီး လိုအပ်မယ်။ စီးပွားရေးနဲ့ လူသားစာနာ အကူအညီနဲ့က တွဲရက်ဖြစ်တယ်လေနော။ အခု ပြည်သူတွေဆီကို ဆန်ရောက်ဖို့ဆိုရင် ထိုင်းဖက်က ကျမတို့ ဆန်ဝယ်ရမယ်၊ ဆီဆိုလည်း ဆီဝယ်ရမယ် စသဖြင့်ပေါ့။ ဆိုတော့ ဒီကိစ္စတွေက ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက်ကော၊ ကျမတို့နိုင်ငံ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေ၊ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေအတွက် အဓိက လိုအပ်ချက် အရေးပေါ် လိုအပ်ချက်ကိုလည်း ကျမတို့ ဖြည့်ဆည်းနိုင်မယ်ပေါ့နော။ ကျမတို့ ဒါနှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ ကိစ္စတွေ ဖြစ်တယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ တရားဝင် ပူးပေါင်းဆောင်ရွက်ခွင့်ရဖို့ ဒီတော်လှန်ရေးအင်အားစုတွေဘက်က ဘာတွေပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။
ဒေါ်ခင်ဥမ္မာ ။ ။ ဆိုတော့ ကျမ မြင်တာက တရားဝင် ပူးပေါင်းဆောင်ရွက်ခွင့်ရဖို့အတွက်ကို တော်လှန်ရေးအင်အားစုတွေဘက်ကနေပြီးတော့မှ ထိုင်းလွှတ်တော်၊ ထိုင်းအစိုးရ၊ ထိုင်းစစ်တပ်၊ ပြီးလို့ရှိရင် ထိုင်းရဲ့ စီးပွားရေးအဝန်းအဝိုင်း၊ စီးပွားရေးသမားတွေ ပြီးရင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အနီးစပ်ဆုံး အနီးကပ်ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ရင်းနှီးမှုတွေတည်ဆောက်၊ အခြေအနေတွေကို နားလည်အောင် တင်ပြ ဖြစ်နိုင်ချေတွေကို အတူတူပူးပေါင်းဆွေးနွေးပြီးတော့မှ အဖြေရှာရင် ဖြေနိုင်ချေ ချက်ချင်း ကျမတို့ မရရင်တောင်မှ ရလာဖို့အတွက် ကျမတို့ လမ်းစတွေ ပွင့်လာမယ်။ အကုန်လုံးမရရင်တောင်မှ ကျမတို့ လိုချင်တဲ့ တချို့တဝက်တွေ ဖြစ်ချင်တဲ့ ဖြစ်စေချင်တဲ့ လမ်းကြောင်းတွေ ပေါ်လာမယ်ပေါ့နော။ ကျမတို့ဖက်က ပိုပြီးတော့မှ ထိတွေ့ဆက်ဆံမှုတွေ ရင်းနှီးမှုတွေ တည်ဆောက်ရမယ်။ အဖြေတူတူ ရှာဖို့ လုပ်ရမယ်လို့ မြင်ပါတယ်။
နောက်ပြီးတော့ ထိုင်းနိုင်ငံရဲ့ တာဝန်ရှိသူတွေအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိထိရောက်ရောက် လုပ်လာနိုင်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေရယ်၊ NUG ရယ်က ဒီထက်ပိုပြီးတော့မှ လက်တွေ့ကျပြီးတော့မှ အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ပြီဆိုရင် တိုင်းပြည်ကို ဘယ်လိုမျိုး၊ ဖက်ဒရယ်ကို ဘယ်လိုမျိုး လက်တွဲပြီးတော့မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနဲ့ အသွင်ကူးပြောင်းရေးကာလကို ဘယ်လိုစီမံအုပ်ချုပ်သွားမယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေကို ဘယ်လိုစီမံအုပ်ချုပ်မှုတွေနဲ့ လုပ်သွားမယ်ဆိုတဲ့ ဥစ္စာတွေကို တော်လှန်ရေးခေါင်းဆောင်တွေအားလုံးက စုစည်းပြီးတော့မှ အဖြေထုတ်သင့်ပြီ။ အဲ့ဒီအဖြေကို သေသေချာချာ Transition package အသွင်ကူးပြောင်းရေးကာလအတွက် အုပ်ချုပ်ရေးအစီအမံကို အခုချိန်မှာ သေချာပြင်ဆင်ပြီးတော့မှ တင်ပြသင့်ပြီလို့ မြင်ပါတယ်။
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.