10 March 2024
အမှတ် ၂/ ၂၄ မတ်လ ၁ဝ ရက်၊ ၂ဝ၂၄
အကြမ်းဖက်စစ်အုပ်စုသည် လက်နက်အားကိုး မတရားအာဏာလုယူပြီးနောက် နိုင်ငံတဝှမ်း ပြည်သူများကို နည်းလမ်းပေါင်းစုံဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိပြီး စစ်ရေးရှုံးနိမ့်မှုများ ရင်ဆိုင်နေရချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ အသုံးပြုလျက် ရှိပါသည်။
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အသက်သေဆုံးသူများ ရာနဲ့ချီလျက် ရှိပါသည်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မြေပြင်စစ်ရေး အသာစီးအရ ထိန်းချုပ်နယ်မြေများ ပိုမိုချဲ့ထွင်နိုင်ပြီး ပြည်သူများအတွက် လွတ်မြောက်နယ်မြေများ ပိုမိုဖြစ်ပေါ်လာစေရန် အတားအဆီးဖြစ်နေသည်မှာလည်း စစ်အုပ်စု၏ လေကြောင်းရန်ကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ၂ဝ၂၄ မတ်လ (၁၀) ရက်နေ့မှ စတင်၍ ပြည်တွင်းပြည်ပ ပြည်သူလူထု ပူးပေါင်း၍ သက်ဆိုင်ရာ နိုင်ငံတကာအစိုးရများ၊ ကုမ္ပဏီများကို ထိရောက်သည့် ပိတ်ဆို့မှုများဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီတင်ပို့ရောင်းချနေခြင်းနှင့် သယ်ယူပို့ဆောင်ရေးတွင် ရေကြောင်းအာမခံပေးနေမှုများကို ဖြတ်တောက်ပိတ်ဆို့ပေးရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ပြုလုပ်သွားမည် ဖြစ်ပါသည်။
လေယာဉ်ဆီဖြတ်တောက်ရေး လူထုလှုပ်ရှားမှုများအနေဖြင့် ပြည်သူတစ်ဦးချင်းစီ ပါဝင်နိုင်သော ဓာတ်ပုံကမ်ပိန်း၊ comment ကမ်ပိန်း၊ letter ကမ်ပိန်း၊ လက်မှတ်ထိုး (petition) ကမ်ပိန်း၊ Twitter ကမ်ပိန်းများ ပြုလုပ်ရန်ရှိပြီး အဖွဲ့အစည်းတစ်ဖွဲ့ချင်းစီတိုင်း ပါဝင်နိုင်သည့် အိတ်ဖွင့်ပေးစာ ကိုယ်တိုင်ပေးပို့ခြင်း၊ မြေပြင်လှုပ်ရှားမှုများများကို မတ်လ (၁၀) ရက်မှ စတင်၍ ပြည်တွင်း၊ ဒေသခံ၊ ပြည်ပ အဖွဲ့အစည်းများမှ နည်းမျိုးစုံဖြင့် ပါဝင် လှုပ်ရှားကြမည် ဖြစ်ပါသည်။
တော်လှန်ရေး (၃) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ စစ်ရေးအသာစီး ရနေသော်လည်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နယ်မြေစိုးမိုးနိုင်မှုများ အားနည်းနေပြီး ပြည်သူများ၏ အသက်အိုးအိမ်များလည်း နေ့စဉ် ထိခိုက်ပျက်စီးလျက် ရှိပါသည်။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုထံ နိုင်ငံတကာမှ လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှာတွင် ပြည်သူအားလုံးပါဝင်ရန် အထူး လိုအပ်နေပါသည်။
ပိုမိုသိရှိလိုပါက
[email protected]
သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign)
သတင်းနှင့် ပြန်ကြားရေးအဖွဲ့
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.