04 March 2024
မြန်မာစစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေတာဟာ အာဆီယံဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထိခိုက်လာနိုင်တာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းယူနေတဲ့ Justice For Myanmar အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း လေးရာနီးပါးက အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးပြုပြီး လုပ်ဆောင်လာတာကို လုံခြုံရေးကောင်စီက တိကျစွာ အရေးယူဆောင်ရွက်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၉၇ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။
စစ်မှုထမ်းဖို့ လူငယ်တွေကို ဖိအားပေးမှုနဲ့ ပြန်ပေးဆွဲတာတွေရှိနေပြီး စစ်မှုထမ်းဖို့ကနေ လွတ်မြောက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးမှုတွေ ဖြစ်ပေါ်စေနိုင်မယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပိုမိုဆိုးရွားလာနေပြီး တိုင်းရင်းသားတွေအကြား ပဋိပက္ခတွေ ပိုတိုးလာဖို့နဲ့ ဘာသာရေးတင်းမာမှုတွေကို ဖြစ်ပေါ်လာအောင် အတင်းအကျပ် အကောင်အထည်ဖော်နေတယ်လို့ ရေးသားထားပါတယ်။ ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုမိုလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက အတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့ ဆောင်ရွက်နေတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၆ အရ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရမည်ဆိုတဲ့အချက်နဲ့ ဆန့်ကျင်နေတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ်ဆောင်ရွက်ဖို့ အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.