စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီကို အရပ်ဘက်အဖွဲ့ ၄၀၀ ‌နီးပါးအိတ်ဖွင့်စာပို့

02 March 2024

စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီကို အရပ်ဘက်အဖွဲ့ ၄၀၀ ‌နီးပါးအိတ်ဖွင့်စာပို့

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့၃၉၇ ဖွဲ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ကို မတ်လ ၁ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အဲဒီစာထဲမှာ အဓိက အချက် ၃ ချက်ဖော်ပြထားပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မစစ်သားစုဆောင်းမှုဟာ မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေရဲ့ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူထုလုံခြုံမှုအပေါ် အန္တရာယ်ရှိလာနိုင်တဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ UNSC အနေနဲ့ ချက်ချင်းအရေးယူပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။

စာထဲမှာ ၂၀၂၄ ခုနှစ် မတ်လမှာ UNSC ရဲ့ ဥက္ကဋ္ဌဖြစ်လာမယ့် ဂျပန်နိုင်ငံအနေနဲ့ စစ်ကောင်စီအုပ်စုကို လက်နက်တင်ပို့ရောင်းချတာတွေ အားလုံးပိတ်ဆို့ဖို့နဲ့ စစ်ကောင်စီအပေါ်မှာ စီးပွားရေးအရ ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့ပေးဖို့ ပြောထားတာတွေ့ရပါတယ်။

နောက်တစ်ချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် အရေးပေါ်ခုံရုံးတစ်ခုတည်ထောင်ပေးဖို့ဆိုပြီးလည်း ပြောထားပါတယ်။

ဒါအပြင် UNSC အနေနဲ့ အာဆီယံကို ခိုင်မာတဲ့ အကူအညီတွေပေးအပ်ပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုမထမ်းချင်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေထဲ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တရားဝင်ကာကွယ်စောင့်ရှောက်မှုတွေ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ဖို့ တောင်းဆိုဖော်ပြထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia