28 February 2024
ဤ လမ်းညွှန်ချက်များကို EUROJUST (European Union Agency for Criminal Justice Cooperation), Genocide Network (The European Network for investigation and prosecution of genocide, crimes against humanity and war crimes), International Criminal Court တို့မှ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ငန်းစဉ်ကို ရည်ရွယ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေ သော အရပ်ဖက်အဖွဲ့အစည်းများအတွက် ပြုစုထားသည့် လမ်းညွှန်ချက်များဖြစ်သည်။
ယနေ့ ကမ္ဘာတဝှမ်းတွင် လက်နက်ကိုင်ပဋိပက္ခများ၊ အားကြီးသူများက အားနည်းသူတွေကို အနိုင်ကျင့် စော်ကားမှုများကြောင့် ကျူးလွန်ခံရသူများမှာ ဆိုးရွားစွာထိခိုက်နာနာမှုများ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ကျူးလွန်သူအများစုမှာမူ အပြစ်ပေးရေးယူခံရ ခြင်းမှ ကင်းလွတ်နေဆဲပင်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်စစ်အုပ်စုမှ လက်နက်အားကိုးဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများစသည့် ကြီးမားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက်ရှိသည်ကိုတွေ့မြင်နေရသည်။
ထို့ကြောင့် တရားမျှတမှုကို လိုလားသူများသည် အမှန်တရားဖော်ထုတ်ရေးနှင့် တရားမျှတမှု ဖော်ဆောင် မြှင့်တင်ရေးတွက် လူ့အခွင့်အရေးချိုးဖောက်သူများ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများအား တာဝန် ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် ကွန်ရက်များ ချိတ်ဆက်ကာ ရှာဖွေဖော်ထုတ်လျှက်ရှိကြသည်။ တဘက် တွင်လည်း ကျူးလွန်ခံရသူများအား ကာကွယ်စောင့်ရှောက်ရန်၊ ဂုဏ်သိက္ခာ ပြန်လည်မြှင့်တင်သည့် လုပ်ငန်းစဉ်များကို ရှာဖွေဆောင်ရွက်လျှက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မှတ်တမ်းကောက်ယူခြင်း၊ မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်သည် အလွန်အရေးပါ သော လုပ်ငန်းစဉ်တခု ဖြစ်သည်။
ဤလမ်းညွှန်ချက်များသည် အရပ်ဘက်အဖွဲ့အစည်းများ မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်တွင် တိကျခိုင်မာ သော သက်သေခံအထောက် အထားများ ရရှိရန်နှင့် စနစ်တကျမှတ်တမ်းတင် ဖော်ထုတ်နိုင်ရန်အတွက် ရည်ညွှန်းထားသည်ကို တွေ့ရသည်။
မှတ်တမ်းတင်ရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်း ကျင့်သုံးသင့်သည့် ယျေဘုယျ မူဝါဒများ၊ ကြိုတင် ပြင်ဆင်မှုများ၊ ထိလွယ်ရှလွယ် ရှိသူများအတွက် ယျေဘုယျစဉ်းစားချက်များ၊ မှတ်တမ်းများရယူခြင်း အဆင့်ဆင့်နှင့် သတိပြုလိုက်နာသင့်သည်များ၊ သတင်းအချက်အလက်များကို ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း စသဖြင့် ကဏ္ဍများခွဲ၍ အသေးစိတ် ပြုစုလမ်းညွှန် ထားပါသည်။
လမ်းညွှန်ချက်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်လုပ်ဆောင်နေသည့် အရပ်ဘက် အဖွဲ့အစည်းများအတွက် မရှိမဖြစ် လက်ကိုင်ထားသင့်သည့်လမ်းညွှန်ချက်များ ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းမှ ဘာသာပြန်ဆို၍ ထပ်ဆင့်ဖြန့်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ဤလမ်းညွှန်ချက်လက်စွဲစာအုပ်ကို အချိန်မီ လိုအပ်သူများလက်ထဲရောက်ရှိစေရန် ကြိုးစားဆောင်ရွက်ခဲ့ရာ တွင် ဘာသာပြန်ဆိုရန် ခွင့်ပြုခဲ့သည့် မူရင်းရေးသားသူများ၊ ဘာသာပြန်ဆိုသူ၊ တည်းဖြတ်သူနှင့် ဤလုပ်ငန်း စဉ်ကြီးတခုလုံးအတွက် ကုန်ကျစရိတ်အား ထောက်ပံ့ကူညီပေးခဲ့သည့် International Republican Institute (IRI) အဖွဲ့တို့အား မိမိတို့အေအေပီပီမှ ကျေးဇူးမှတ်တမ်း တင်အပ်ပါသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများအား တိကျခိုင်မာသည့် သက်သေခံမှတ်တမ်းများမှတဆင့် ကျူးလွန်သူများ ပြစ်ဒဏ်မှကင်းလွတ်ခွင့် ရနေသည့်အပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်အဝရှိစေပြီး ကျူးလွန်ခံရသူများ အား ကာကွယ်ပေးရန်နှင့် ၎င်းတို့၏ ဂုဏ်သိက္ခာများ ပြန်လည်မြှင့်တင်ပေးနိုင်ရမည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.