
အကြမ်းဖက်စစ်တပ်ကို တော်လှန်နေသော ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားသည့် ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းသည့်နည်းလမ်းဖြင့် အဖြေရှာကြပါရန် မေတ္တာရပ်ခံခြင်း
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်
၁။ Chin Civic Movement အနေဖြင့် ချင်းတော်လှန်ရေးအစုဖွဲ့များအကြား စစ်ရေးနှင့်နိုင်ငံရေး ပဋိပက္ခဆီသို့ ဦးတည်စေနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်ပါသဖြင့် လူထုပူးပေါင်းပါဝင်သည့် သဘောထား ကောက်ယူချက်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သတင်းမီဒီယာများမှတဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ် သည့်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းများသို့လည်း ပေးပို့ခဲ့ပြီးဖြစ်ပါသည်။
၂။ သို့ရာတွင် ယခုကဲ့သို့ ထိလွယ်ရှလွယ်သောကာလ၌ မရာဒေသအတွင်းရှိ ၉ မိုင်ကျေးရွာနှင့် အာရူလမ်းခွဲ အကြားတွင် ချင်းတော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲဖြစ်ပွားပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်ပွါးခဲ့ သည်ကို ဝမ်းနည်းဖွယ်ရာကြားသိရပါသဖြင့် အဆိုပါဖြစ်ရပ်ကို အမြန်ဆုံးရပ်တန့်နိုင်ရန်နှင့် ဆွေးနွေးသည့် နည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်သော အဖွဲ့အစည်းများကို ချင်းတော်လှန်ရေး အစုအဖွဲ့ အသီးသီးမှ ညီနောင်ရင်းချာ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီညှိနှိုင်းပေးနိုင်ကြပါရန် အရေးတကြီး လိုအပ်လျက်ရှိ သည်ဟု Chin Civic Movement အနေဖြင့် ရှုမြင်ပါသည်။
၃။ သို့ဖြစ်ပါ၍ Chin Civic Movement အနေဖြင့် ချင်းလူမျိုးအချင်းချင်းကြား ပဋိပက္ခများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုရန်၊ လက်ရှိဖြစ်ပွါးနေသော ပဋိပက္ခများကို အမြန်ဆုံးရပ်တန့်နိုင်ရန်နှင့် ချင်းလူမျိုးအချင်းချင်း အကြား ဖြစ်ပွားသည့် မည်သည့်ကိစ္စကိုမဆို ဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းကြပါရန် ချင်းလူမျိုးများ၏ အကျိုးကိုရှေ့ရှု၍ အလေးအနက်ထား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။