ချင်းတစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံကဲ့သို့သော ကိစ္စရပ်များဆောင်ရွက်ရာတွင် ချင်းအမျိုးသားများအချင်းချင်းကြား သွေးမကွဲစေရေးအတွက် သက်ဆိုင်သည့်အစုအဖွဲ့များအကြား ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းခြင်း

20 January 2024

ချင်းတစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံကဲ့သို့သော ကိစ္စရပ်များဆောင်ရွက်ရာတွင် ချင်းအမျိုးသားများအချင်းချင်းကြား သွေးမကွဲစေရေးအတွက် သက်ဆိုင်သည့်အစုအဖွဲ့များအကြား ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းခြင်း

ချင်းတစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံကဲ့သို့သော ကိစ္စရပ်များဆောင်ရွက်ရာတွင် ချင်းအမျိုးသားများအချင်းချင်းကြား သွေးမကွဲစေရေးအတွက် သက်ဆိုင်သည့်အစုအဖွဲ့များအကြား ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းခြင်း

၁၉ ဇန်နဝါရီ ၂၀၂၄

၁။ ချင်းပြည်သူများအနေဖြင့် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို ဒူးမထောက်ဘဲ တွန်းလှန်လာခဲ့ ကြရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်တပ်၏ မတရားအာဏာ သိမ်းမှုနောက်ပိုင်း ပိုမိုအားကောင်းလာခဲ့ပြီး၊ ၂၁ ရာစု ပြည်သူ့အရေးတော်ပုံ (နွေဦးတော်လှန်ရေးကြီး) အဖြစ် တိုက်ပွဲဝင်ခဲ့ကြသည်မှာ များမကြာမီတွင် ၃ နှစ် ပြည့်တော့မည်ဖြစ်သည်။ ချင်းလူထုတစ်ရပ်လုံးပါဝင်သည့် နွေဦးတော်လှန်ရေးကို ထိခိုက်နစ်နာမှုအနည်းဆုံးဖြင့် အနိုင်ယူနိုင်ရေးမှာ အချင်းချင်း စည်းလုံးညီညွတ်မှု ဖြင့်သာ အောင်မြင်နိုင်ဖြစ်ကြောင်း တော်လှန်ရေးခေါင်းဆောင်များအနေဖြင့် သိရှိထားပြီး ဖြစ်သည်။ ပြည်သူ တစ်ရပ်လုံး ဆင်နွဲနေသည့် ဤအရေးတော်ပုံကြီးမှတစ်ဆင့် ချင်းမျိူးနွယ်စုအားလုံးကို ကိုယ်စားပြုပြီး စည်းလုံးစေမည့် အားလုံးပါဝင်အကျုံးဝင်သည့် နိုင်ငံရေးပဋိညာဉ်/ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တန်းတူညီမျှသည့် နိုင်ငံရေးစံနှုန်းများကို မျှော်လင့်ခဲ့ကြပါသည်။
၂။ သို့ရာတွင် Chinland Constitution 2023 ကို အတည်ပြုခဲ့ခြင်းနှင့် Chinland Council ဖွဲ့စည်းလိုက် သည့်အပေါ် ချင်းတော်လှန်ရေးအစုဖွဲ့များအကြား စစ်ရေးနှင့်နိုင်ငံရေး ပဋိပက္ခဆီသို့ ဦးတည်စေနိုင်သည့် အခြေအနေများကို တွေ့ရှိရသဖြင့် ချင်းပြည်သူလူထု၏ဆန္ဒနှင့် အာဏာရှင် စနစ်ဖြုတ်ချရေး ရည်မှန်းချက်ကို ရှေ့ရှုကာ စုပေါင်းအဖြေရှာ ညှိနှိုင်းကြစေရန်အတွက် အောက်ဖော်ပြပါအတိုင်း တိုက်တွန်းအပ်ပါသည်။
(က) ချင်းပြည်သူလူထု၊ ချင်းအရပ်ဘက်အဖွဲ့စည်းများနှင့် တော်လှန်ရေးအစုဖွဲ့အသီးသီးမှ ဝိုင်းဝန်း အားပြု ထောက်ကန်ပေးထားကြသည့် တော်လှန်ရေးအစုဖွဲ့အသီးသီး၏ သဘောထားကွဲလွဲမှု များသည် ချင်းမျိုးနွယ်စုနိုင်ငံရေးတွင် အကဲဆတ်ထိရှလွယ်ပြီး ပြည်တွင်းပြည်ပ ချင်းပြည်သူ လူထုအတွက် နိုင်ငံရေးဦးဆောင်လမ်းပြမှုကိုဝေဝါးစေသည်။ တဆက်တည်းတွင် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးနိုင်ငံရေး ပဋိပက္ခများကြောင့် ချင်းပြည်သူလူထုများ၏ အသက် အိုးအိမ်နှင့် စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်စီး ပြိုကွဲစေနိုင်သဖြင့် ဤတော်လှန်ရေးခရီးကြမ်းကိုလည်း ပိုမိုကြန့်ကြာ စေနိုင်ကြောင်း သတိချပ်ရန် လိုအပ်သည်။
(ခ) ချင်းတော်လှန်ရေးခေါင်းဆောင်များ၊ လူမျိုးနွယ်စုအစည်းအရုံးများ၊ အမျိုးသမီးအဖွဲ့အစည်း များ၊ တော်လှန်ရေးအစုဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုရေးအစုအဖွဲ့များအားလုံး မျှော်လင့် တောင့်တကြသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှုများကို ချမှတ်ပြဋ္ဌာန်းပေးနိုင်မည့် ဖွဲ့စည်းပုံရေးဆွဲခြင်းနှင့် အတည်ပြုခြင်း ကဲ့သို့သောကိစ္စရပ်များကို ဂုဏ်သိက္ခာရှိစွာ ညှိနှိုင်းဆောင်ရွက်သည့်နိုင်ငံရေးစနစ်ကို မျိုးစေ့ချ အကောင်ထည်ဖော်ဆောင် ကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။
(ဂ ) စစ်အာဏာရှင်စနစ်အပါဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟု ကြွေးကြော်ထားကြ သည့်အတိုင်း အနာဂတ် ချင်းနိုင်ငံရေး ပုံဖော်တည်ဆောက်မှု အဆင့်ဆင့်တိုင်းတွင်လည်း လက်နက်အင်အားနှင့် လူအင်အားကိုအခြေခံပြီး အချင်းချင်းအကြား မတူညီသည့်အင်အားစုများကို ဖယ်ကျဉ် ချန်လှပ် ထားခြင်း၊ နိုင်ငံရေးအရလက်ဦးမှုရယူခြင်း ထက် ချင်းအင်အားစုများ အကြား အချင်းချင်း ညှိနှိုင်း၊ အသိမှတ်ပြုတန်ဖိုးထား ဦးထိပ်ထားမှုသည် အရေးကြီးကြောင်း သတိပေး ပန်ကြားအပ်ပါသည်။
(ဃ) ချင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ချင်းပြည်သူလူထုများအနေဖြင့် လက်ရှိနိုင်ငံရေး အကြပ် အတည်းကာလကိုဖြတ်ကျော်ရန်နှင့် အနာဂတ်ချင်းပြည်သစ် တည်ဆောက်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ရေးဆွဲရာတွင်ဖြစ်စေ၊ ချင်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်မူဝါဒများ ချမှတ်ရာတွင်ဖြစ်စေ အဆင့်တိုင်းတွင် ပါဝင်သင့်ပါဝင်ထိုက်သည့်ကိုယ်စားပြုမှုများ၊ ချင်းပြည်သူ လူထု၏အမြင်သဘောထားများကို ထည့်သွင်းစဉ်းစားပေးရမည့်အပြင် အထူးသဖြင့် အမျိုးသမီး များ၏ပါဝင်မှုကို အလေးထားသင့်ကြောင်း တိုက်တွန်းအပ်ပါသည်။
ဤထုတ်ပြန်ချက်တွင် အောက်ဖော်ပြပါ အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ် (၅၄၅)ဦးတို့မှ ထောက်ခံလက်မှတ်ထိုး ထားပြီး လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပြည်တွင်းလုံခြုံရေး အခြေအနေများကြောင့် အဖွဲ့အစည်း (၆)ဖွဲ့ အနေဖြင့် အမည်ဖော်ပြခြင်း မပြုနိုင်ပေ။
1. Chin Future Forward Union- CFFU
2. Chin Land Affair Network
3. Chin Pawlpi Canada
4. Chin Relief Fund Program (CRFP)
5. Chin Resources Center
6. Chin Women Development Organization – Kanpetlet
7. Chin Youth Network
8. Chinland Natural Resources Watch Group
9. Eco-Civic Harmony Alliance (ECHA)
10. General Strike Committee of Nationalities (Chin)
11. Generations Of Mindat
12. Halkha Thar Nu Bu
13. India For Myanmar
14. Institute of Chin Affairs Inc.
15. Institute of Chinland Studies – ICS
16. International Mindat K’cho Organization
17. K’Cho Ethnic Association Australia
18. K’Cho Ethnic Association Europe
19. K’Cho Ethnic Association of America (CEAA)
20. Latsinu Women Agency
21. Laytu Chin Community
22. Maraland Vision International
23. Menrihei
24. Modern Group
25. Mwetaung Area Development Group
26. Sami Chin Women Organization
27. The Ladies
28. The Mizo Times
29. Women Indigenous Network
30. Zomi Siamsin Kipawlna
31. Zomi Student and Youth Organization
32. မရာလုံးဆိုင်ရာကျေးရွာ(မြို့)နှင့် တိုက်နယ်ကော်မတီများအသင်း
33. သက်ဆက်ရာသွေးလှုရှင်များအသင်း (မင်းတပ်)
ဆက်သွယ်ရန် –

Chin Civic Movement

[email protected]

Signal: +66936233036


Download statement in PDF

View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia