စစ်အုပ်စုထံ စီးဝင်မည့် သွေးစွန်းခွန်များအား တားဆီးနိုင်ရန် မိမိတို့ တတ်နိုင်သည့်နည်းလမ်းများဖြင့် ဘက်ပါင်းစုံမှ ပူးပေါင်းပါဝင်ပေးကြရန် ပြည်ပရောက် မြန်မာနိုင်ငံသားများ ထံသို့ “ပြည်ပသို့ ပေးစာ” အမည်ရှိသော တောင်းဆိုစာဖြန့်ဝေပေးပို့ခြင်း

08 January 2024

ဇန်နဝါရီလ (၈) ရက်၊ ၂၀၂၄ခုနှစ်။

မီဒီယာ သတင်း ထုတ်ပြန်ချက်
အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့တွင် အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ တစ်ရပ်အဖြစ် တရားမဝင်ပြဌာန်းခဲ့ပြီး၊ ၂ဝ၂၃ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ပြည်ပမှ ရရှိသည့် လစာဝင်ငွေ အပေါ် မူတည်ပြီး ဝင်ငွေခွန် စည်းကြပ် ကောက်ခံရမည်ဟု တရားမဝင် ကြေညာခဲ့ပါသည်။
ထိုတရားမဝင် ဥပဒေသည် ပြည်ပတွင် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသားများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ သံရုံးများတွင် ပတ်စ်ပို့စ် (Passport) သက်တမ်းတိုးချိန်၌ သွေးစွန်းခွန်များ ဆောင်မှသာလျှင် လက်ရှိရောက်ရှိနေသော နိုင်ငံများတွင် ဆက်လက် နေထိုင်ခွင့် ဗီဇာရရှိခြင်းနှင့် အမိမြန်မာနိုင်ငံသို့ ပြန်လာခွင့် ရရှိနိုင်ခြင်း စသည့် အကြပ်အတည်းဖြင့် ရင်ဆိုင်ကြုံတွေ့စေပါသည်။
ထိုအခွန်ငွေများသည် အကြမ်းဖက် စစ်အုပ်စုက ပြည်သူများကို ဆက်လက် သတ်ဖြတ်ရန် အသုံးပြုမည့် ကျည်ဆံဖိုးများ၊ လေယာဉ်ဆီဖိုးများ အဖြစ် စီးဆင်းသွားမည့် သွေးစွန်းခွန်များ ဖြစ်ပါသည်။
ထို့ကြောင့် ၂ဝ၂၄ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့ (တနင်္လာနေ့) တွင် ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုများ စုပေါင်း၍ အကြမ်းဖက် စစ်အုပ်စုထံ စီးဝင်မည့် သွေးစွန်းခွန်များအား တားဆီးနိုင်ရန် မိမိတို့ တတ်နိုင်သည့် နည်းလမ်းများဖြင့် ဘက်ပေါင်းစုံ မှ ပူးပေါင်းပါဝင်ပေးကြရန် ပြည်ပရောက် မြန်မာနိုင်ငံသားများ ထံသို့ “ပြည်ပသို့ ပေးစာ” အမည်ရှိသော တောင်းဆိုစာ တစ်စောင်ကို ဆိုရှယ်မီဒီယာများထံမှ တစ်ဆင့် ပေးပို့ ဖြန့်ဝေခဲ့ပါသည်။
နိုင်ငံတကာ အစိုးရများအနေဖြင့်လဲ အကြမ်းဖက် စစ်အုပ်စု၏ သွေးစွန်းခွန်များ ကောက်ယူခြင်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုများ နှင့် မတရားမှုများကို အားပေးနေခြင်းဖြစ်ပြီး ဒီမိုကရေစီအရေး တက်တက်ကြွကြွလှုပ်ရှားနေကြသော မြန်မာပြည်သူများအား ဖိနှိပ်ရာ ရောက်ပါသည်။
ထိုကြောင့် အကြမ်းဖက် စစ်အုပ်စု၏ သွေးစွန်းခွန် ကောက်ယူနေမှုများကို ပူးပေါင်းပါဝင်ခြင်း မပြုဘဲ မြန်မာပြည်သူများကို ကူညီပေးကြရန် တိုက်တွန်းအပ်ပါသည်။
ပိုမို သိရှိလိုပါက ဆက်သွယ်ရန် – [email protected]
Signal နံပါတ်များဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

+818041271487

+19025170242

+37281537129

+66658498734


Download Press Release

View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia