သို့
H.E. Mr. Suharso Monoarfa, Co-Chair, GPEDC
H.E. Mrs. Judith Suminwa Tuluka, Co-Chair, GPEDC
Ms. Marie Ottosson, Co-Chair, GPEDC
Mr. Vitalice Meja, Non-Executive Co-Chair, GPEDC
Yuko Suzuki Naab, Development Cooperation Effectiveness Group, UNDP
Wouter Coussement, Development Co-operation Directorate, OECD
Thomas Boehler, Joint Support Team Contact
Yumna Rathore, Joint Support Team Contact
Park Jin, Minister for Foreign Affairs, Republic of Korea
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်
အကြောင်းအရာ၊ မြန်မာစစ်အုပ်စုကို ၂၀၂၃ ခုနှစ် ဘူဆန် ကမ္ဘာ့မိတ်ဖက်ဖိုရမ် (2023 Busan Global Partnership Forum) သို့ ဖိတ်ကြားချက်ကို ရုပ်သိမ်းရန် တောင်းဆိုခြင်း
လေးစားအပ်ပါသော GPEDC ခေါင်းဆောင်များ
နိုင်ငံတကာတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုပိုင်ခွင့်ကို ကာကွယ်ရန် အတူတကွ ဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စား ဤအိတ်ဖွင့်ပေးစာကို ရေးသားပေးပို့ လိုက်ပါသည်။ လာမည့် ၂၀၂၃ ဘူဆန် ကမ္ဘာ့မိတ်ဖက် ဖိုရမ် (2023 Busan Global Partnership Forum) သို့ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်အား ဖိတ်ကြားချက်ကို ပြန်လည်ရုပ်သိမ်းရန်နှင့် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ (၅) ရက်နှင့် (၆) ရက်တို့တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် ဘူဆန် ကမ္ဘာ့မိတ်ဖက်ဖိုရမ်သို့ တရားမဝင် မြန်မာစစ်တပ်ကိုယ်စားလှယ်အား ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ကမ္ဘာ့မိတ်ဖက်အဖွဲ့ (Global Partnership for Effective Development Cooperation – GPEDC) မှ ဖိတ်ကြားထားကြောင်း မကြာသေးမီက ကျွန်ုပ်တို့ သိရှိခဲ့ရပါသည်။
GPEDC နှင့် ကိုရီးယားအစိုးရ နိုင်ငံခြားရေး၀န်ကြီးဌာနမှ စစ်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး၀န်ကြီးဌာနသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး၀န်ကြီး ကံဇော်သည် မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုကို ခံထားရသူဖြစ်သည်။ မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်တိုက်ကျူးလွန်နေသောစစ်အုပ်စု၏ နိုင်ငံခြားငွေများကို စီးဆင်းနိုင်အောင် ဆောင်ရွက်ပေးမှုကြောင့် ပိတ်ဆို့အရေးယူခံရခြင်းဖြစ်သည်။
ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေကို သတိပြုမိစေချင်ပါသည်။ အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ မဲဆန္ဒရှင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တောင်ပြိုကမ်းပြို အနိုင်ရအောင် မဲပေးရွေးချယ်ခဲ့ကြသည်။ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ဤရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ရလဒ်သည် မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုသည်ဟု တညီတညွတ်တည်း ကောက်ချက်ချခဲ့ကြသည်။[i] [ii] [iii]
သို့သော် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ တရားမဝင်၊ ဥပဒေနှင့်မညီသော စစ်အုပ်စုသည် ပြည်တွင်း ဝန်ကြီးဌာနများနှင့် ပြည်ပသံရုံးများ အပါအဝင် အစိုးရ အဖွဲ့အစည်း အများအပြားကို သိမ်းပိုက်ခဲ့ပြီး မြန်မာနိုင်ငံ အစိုးရအဖြစ် ဟန်ဆောင်ရန် ကြိုးပမ်းခဲ့သည်။ စစ်အုပ်စုသည် မိမိကိုယ်ကို “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စကစ)” ဟု ရည်ညွှန်းသည်။ ၎င်းတွင် အစိုးရရာထူးကို ကျင့်သုံးရန် အခွင့်အာဏာ မရှိသလို၊ ဒီမိုကရေစီ တော်လှန်ရေး လှုပ်ရှားမှုနှင့် တိုင်းရင်းသား အုပ်ချုပ်ရေး အဖွဲ့အစည်းများ လက်အောက်တွင် ရှိနေသော မြန်မာနိုင်ငံ၏ နယ်မြေအများစုကိုလည်း ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခြင်း မရှိပေ။[iv]
စကစ ဟူသော အယောင်ဆောင်မှုအောက်တွင် စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်ရန် ကြိုးစားအားထုတ်မှုအဖြစ် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျူးလွန်သော စစ်ဆင်ရေး ကမ်ပိန်းတစ်ခုကို စတင် လုပ်ဆောင်ခဲ့သည်။ ယနေ့အထိ စစ်တပ်သည် လူပေါင်း ၄၁၅၄ ဦးကို သတ်ဖြတ်ခဲ့ပြီး နောက်ထပ် ၁၉,၆၁၀ ဦးအား အကျဉ်းချခဲ့သည်။[v] စစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အရပ်ဘက်-စစ်ဘက် မခွဲခြားသော လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ ဖြစ်ခြင်းကို အခြေပြုသော အကြမ်းဖက်မှုများနှင့် အစုလိုက်အပြုံလိုက် မီးရှို့မှုများ ကျူးလွန်ထားသည်။ အဆိုပါ ရာဇ၀တ်မှုများကြောင့် လူပေါင်း (၂) သန်း နီးပါးသည် အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်မှစ၍ ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ကြရပြီး[vi] နောက်ထပ် ထောင်သောင်းနှင့်ချီသော ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြရသည်။ ထိုသို့သော ရက်စက်ယုတ်မာမှုများသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ မြောက်သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးတို့ ရှေ့မှောက်တွင်သာမက အာဂျင်တီးနားနိုင်ငံတွင် နိုင်ငံတကာ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်အရ စွဲဆိုသော ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ကြီးလေးသော ပြစ်မှုများဖြင့် စွပ်စွဲခံနေရသော တစ်ခုတည်းသော စစ်တပ်ကပင် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် စစ်အုပ်စုကို ဖိတ်ခေါ်ခြင်းသည် ဒီမိုကရေစီနှင့် မြန်မာပြည်သူလူထုကိုပါ စော်ကားရာ ရောက်ပေလိမ့်မည်။
မြန်မာစစ်တပ်၏ အာဏာရယူခြင်းနှင့် အာဏာထိန်းထားနိုင်ခြင်းသည် အကြမ်းဖက်မှု၊ အကျပ်ကိုင်မှု၊ ရန်ပုံငွေ၊ လက်နက်နှင့် အခြားအရင်းအမြစ်များကို ရယူသုံးစွဲနိုင်မှုအပေါ် မူတည်ပြီး အရေးကြီးသည်မှာ ရှိသင့်သည်မှာ ကြာပြီဖြစ်သည့် တရားမျှတမှုနှင့် တာဝန်ခံမှု မရှိခြင်းကြောင့် တရားဥပဒေအရ အပြစ်ပေးအရေးယူခံရခြင်းမှ စိတ်ကြိုက် ကင်းလွတ်ခွင့်လည်း ရနေသည့်အပေါ် မူတည်သည်။ ထို့အပြင် စစ်အုပ်စုကို အစိုးရတစ်ရပ်ကဲ့သို့ နိုင်ငံခြားအစိုးရများနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများမှ ထိတွေ့ဆက်ဆံသည့်အခါ၊ မြန်မာပြည်သူလူထုများအပေါ် သိသာထင်ရှားသော ထိခိုက်နစ်နာမှုများကို ဖြစ်ပေါ်စေသည်။၎င်းတို့မှာ –
ထို့အပြင် မြန်မာစစ်အုပ်စုသည် ကျယ်ပြန့်သော စနစ်တကျ အကျင့်ပျက် ခြစားမှုများတွင် ပါဝင်ပတ်သက်နေသည့် ရာဇ၀တ်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယခင်စစ်အုပ်စုလက်ထက်တွင် စစ်တပ်သည် စွမ်းအင်၊ ကုန်ကြမ်း၊ အစားအသောက်၊ အဖျော်ယမကာ၊ အရက်၊ ဆေးလိပ်၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ အိမ်ခြံမြေနှင့် နိုင်ငံတကာ ကုန်သွယ်မှုဈေးကွက်များ စသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသော နိုင်ငံပိုင်နှင့် စစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေး လုပ်ငန်းများ၏ အလွန် ကြီးမားသော ကွန်ရက်ကြီးတစ်ခုဖြင့် မြန်မာနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းကဏ္ဍများကို ထိန်းချုပ်ရန် စုစည်းချုပ်ကိုင်ထားသည်။[vii] ယင်းတို့သည် စီးပွားရေးစနစ်မှ ဘီလီယံနှင့်ချီသော ဝင်ငွေများကို ပေးအပ်ပြီး စစ်အုပ်စုအား မြန်မာပြည်သူပြည်သားများအပေါ် အကြမ်းဖက်ဝါဒကမ်ပိန်းများ လုပ်ရန် အကျင့်ပျက်ခြစားသည့် နည်းဖြင့် ငွေကြေးထောက်ပံ့မှု ပေးစွမ်းနိုင်ခဲ့သည်။ မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် အဓိကစီးပွားရေးလုပ်ငန်းသည် လက်ရှိတွင် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂတို့မှ အစိုးရတစ်ရပ် သို့မဟုတ် အစိုးရများမှ ပိတ်ဆို့အရေးယူမှုများ အားလုံး ခံရလျက်ရှိသည်။[viii]
ဆိုးလ်မြို့မှ ၂၀၂၃ခုနှစ်၊ ဘူဆန် ကမ္ဘာ့ မိတ်ဖက် ဖိုရမ် ကျင်းပရန် စီစဉ်ထားသည့်နေရာဖြစ်သည့် လော့တေးဟိုတယ် Lotte Hotel ကို Lotte Corporation[ix] မှ ပိုင်ဆိုင်ပြီး ယင်းသည် မြန်မာစစ်တပ်၏ အကျင့်ပျက်စီးပွားရေးကွန်ရက်တွင် ဖက်စပ်လုပ်ငန်းတစ်ခုမှတဆင့် ပါဝင်သက်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။[x] အရပ်ဘက်အဖွဲ့အစည်းများ၏ သုတေသနပြုချက်အရ Lotte Corporation သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လော့တေးဟိုတယ်နှင့် ဝန်ဆောင်မှုပါသော တိုက်ခန်းများ လုပ်ငန်း Lotte Hotel and Serviced Apartments complex တွင်လည်း ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဤအဆောက်အအုံကို build-operate-transfer သို့ BOT စနစ် ခေါ် တည်ဆောက်၊ လုပ်ငန်းဆောင်ရွက်၊ လွှဲပြောင်းသည့် စာချုပ်အရ မြန်မာစစ်တပ်၊ ကာကွယ်ရေးဦးစီးချုပ်၏ စစ်ထောက်ချုပ်ရုံးမှ ငှားရမ်းထားသော မြေပေါ်တွင် တည်ဆောက်ထားသည်။ ဤစာချုပ်အရ စစ်တပ်သည် နှစ် (၇၀) ကြာ အငှားချထားပြီးနောက် ထိုအဆောက်အအုံကို ထိန်းချုပ်မည်။ တစ်ချိန်တည်းတွင် Lotte Hotel အဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံသူများသည် စစ်ထောက်ချုပ်ရုံးသို့ အခကြေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပေးဆောင်လျက်ရှိသည်။[xi] Lotte Corporation သည် မြန်မာ့ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၏ ညီအစ်ကိုဖြစ်သလို နှစ်ရှည် မြန်မာစစ်တပ်၏ ခရိုနီတစ်ဦးဖြစ်သော နေအောင် ပိုင်ဆိုင်သည့် Spirit Paradise Services လုပ်ငန်းနှင့်အတူ ဤအဆောက်အအုံတွင် ပူးတွဲ ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ နေအောင်သည် – မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို စစ်တပ်ကျူးလွန်ခဲ့သည့်အပေါ် ငွေကြေးပံ့ပိုးပေး သည့်အတွက် ဥရောပသမဂ္ဂမှ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စီးပွားရေး ပိတ်ဆို့ အရေးယူခံခဲ့ရသော ကုမ္ပဏီများအဖြစ် အရေးယူခံရသည့် IGE လုပ်ငန်းစု၏ ပိုင်ရှင်လည်း ဖြစ်သည်။[xii] [xiii] ထို့ကြောင့် ၂၀၂၃ ခုနှစ် ဘူဆန် ကမ္ဘာ့ မိတ်ဖက်ဖိုရမ်ကို လော့တေးဟိုတယ်တွင် ကျင်းပခြင်းအားဖြင့် မြန်မာစစ်တပ်၏ အကျင့်ပျက်စီးပွားရေးကွန်ရက်ကို ထောက်ပံ့နေသော၊ ယင်းကွန်ရက်မှ အကျိုးဖြစ်ထွန်းနေသော ကုမ္ပဏီတစ်ခုအား ငွေကြေးပံ့ပိုးမှုပေးလိမ့်မည်။ [xiv] ဤသို့ လုပ်ဆောင်ပါက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်[xv], ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများ[xvi] နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (အိုအီးစီဒီ) ခေါ် OECD လမ်းညွှန်ချက်များ၏ အကြံပြုချက်များ[xvii] နှင့် ဆန့်ကျင်ဘက် ပြု၍ ဆောင်ရွက်ခြင်း ဖြစ်ပေမည်။
ထို့အပြင် နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီနှင့် အရေးပေါ်ရန်ပုံငွေများကို စစ်အုပ်စု အသုံးပြုမှုနှင့်ပတ်သက်၍ အရေးကြီးသော မေးခွန်းများ ကျန်ရှိနေသေးသည်။ ဥပမာ စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ၂၀၂၁ခုနှစ်အတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund မှ မြန်မာနိုင်ငံသို့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့် များပြားသော ချေးငွေအမေရိကန်ဒေါ်လာ ၁၇၁ သန်း ပျောက်ဆုံးသွားခဲ့သည်။[xviii] မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူမှ မြန်မာစစ်အုပ်စုက အကူအညီများကို လက်နက်သဖွယ် အသုံးချမည့် အန္တရာယ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို သတိပေးထားပါသည်။[xix] စစ်အုပ်စုသည် အကြီးစား အကျင့်ပျက်ခြစားများတွင် ပါ၀င်ပက်သက်မှုရှိသလို အကူအညီရန်ပုံငွေများကိုလည်း အလွဲသုံးစားပြုနိုင်သည့် အခြေအနေတွင်ရှိသည်။ ဤအခြေအနေတွင် “နိုင်ငံအဆင့် လုပ်ဆောင်ချက်ကို တွန်းအားပေးရန် ပိုမိုကောင်းမွန်စွာ အတူတကွ ပေးအပ်ခြင်း – လက်ရှိ အကျပ်အတည်းများကို ကိုင်တွယ် ဖြေရှင်းရန် ထိရောက်သော ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ခြင်းကို အားပြုအသုံးပြုရေး” ဟူသော ခေါင်းစဉ်အောက်တွင် ကျင်းပသော နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်ရန် စစ်အုပ်စုကို ဖိတ်ကြားခြင်းမှာ ရှေ့နောက်မညီသလို အင်မတန်ဆိုးရွားလှပေသည်။
အထက်ပါအချက်များအား ထည့်သွင်းစဉ်းစားလျက် ၂၀၂၃ ဘူဆန် ကမ္ဘာ့ မိတ်ဖက်ဖိုရမ် သည် မြန်မာစစ်အုပ်စုအား နိုင်ငံရေး ထောက်ခံမှုနှင့် မှားယွင်းသော တရားဝင်မှုကို မပေးရန် ကျွန်ုပ်တို့ မေတ္တာရပ်ခံပါသည်။
အထူးသဖြင့် ဤပွဲနှင့် အခြား GPEDC အစည်းအဝေးများနှင့် ပွဲများအားလုံးအတွက် အောက်ပါအချက်များကို ထောက်ခံရန် တောင်းဆိုပါသည်။ –
၁။ မြန်မာပြည်သူလူထုအား ၎င်းတို့၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရဖြစ်သည့် အမျိုးသား ညီညွတ်ရေး အစိုးရကို ကိုယ်စားပြုခွင့်ပေးရန်၊
၂။ မြန်မာနိုင်ငံ၏ အစိုးရဌာန အများအပြားကို လက်ရှိတွင် ဥပဒေမဲ့ သိမ်းပိုက်ထားသည့် တရားမ၀င် စစ်အုပ်စုကို တားမြစ်ပိတ်ပင်ရန်၊
၃။ လော့တေးဟိုတယ်များကို ဧည့်သည်များအတွက် အစည်းအဝေးကျင်းပရန် နေရာများ သို့မဟုတ် တည်းခိုရန် နေရာထိုင်ခင်းအဖြစ် အသုံးမပြုရန်။
ဤတောင်းဆိုချက်သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူ၏ အကြံပြုချက်ကို ထင်ဟပ်သည်။ ယင်းအကြံပြုချက်တွင် “လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် မြန်မာပြည်သူများ၏ ဆန္ဒများကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ၏ အစိုးရဖြစ်ကြောင်း မှားယွင်းသော အဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ် ပြုရန်” တိုက်တွန်းထားသည်။
ဤသည်မှာ မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို နက်နက်နဲနဲ လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်နှင့်အညီလည်း ဖြစ်သည်။ အိမ်ခြံမြေသည် မြန်မာစစ်တပ်အတွက် အဓိက ၀င်ငွေလမ်းကြောင်းတစ်ခုဖြစ်ကြောင်း မစ်ရှင်မှ တွေ့ရှိခဲ့ပြီး မြန်မာစစ်တပ်နှင့် မည်သည့် စီးပွားရေးလုပ်ငန်းမျိုးတွင်မဆို စတင် လုပ်ကိုင်ခြင်း သို့မဟုတ် ဆက်လက် လုပ်ဆောင်နေခြင်း မပြုရန် အခိုင်အမာ အကြံပြုထားသည်။[xx]
မြန်မာပြည်သူများကို ကိုယ်စားပြုသူသည် တရားမဝင် စစ်အုပ်စုမဖြစ်စေရပဲ၊ ၎င်းတို့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကိုယ်စားလှယ်ဖြစ်စေရန် အတွက် လူကြီးမင်းတို့၏ ဆုံးဖြတ်ချက်သည် ၂၀၂၂ ခုနှစ် တွင် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတက်ရောက်ရန် မြန်မာစစ်အုပ်စုကို ဖိတ်ကြားထားခဲ့ခြင်းကို ရုပ်သိမ်းခဲ့သည့် ဆွဇ်ဇာလန်နိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် ကိုက်ညီလိမ့်မည်။ ထို့အပြင် အထွေထွေညီလာခံတွင် မြန်မာစစ်အုပ်စုအား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မပြုရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်[xxi] သာမက မကြာသေးမီက စစ်အုပ်စု၏ ကိုယ်စားလှယ်များအား အဆင့်မြင့် အစည်းအဝေးများသို့ မဖိတ်ကြားရန် အာဆီယံ၏ ဆုံးဖြတ်ချက်အချို့နှင့်လည်း ကိုက်ညီမည်။[xxii] [xxiii]
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေး အစိုးရအား ၎င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည့် အသေးစိတ် အချက်အလက်များမှတဆင့် ဆက်သွယ်နိုင်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကို ၎င်း၏ တရားဝင် Facebook စာမျက်နှာမှ တဆင့် ဆက်သွယ်နိုင်သည်။ အကယ်၍ ၎င်းနှင့် ဆက်ဆံရေးမတည်ဆောက်ရသေးပါက၊ ဆက်ဆံရေးထူးထောင်ရန် တိုက်တွန်းပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်ရှိအခြေအနေ၊ သတင်းအချက် အလက်များနှင့်၊ တရားမဝင် စစ်အုပ်စု ကိုယ်စားလှယ်နှင့် တရားဝင်အစိုးရ ကိုယ်စားပြုသူများအား ခွဲခြားသတ်မှတ်ရာတွင် အကူအညီလိုအပ်ပါက ကူညီဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ အသင့်ရှိနေပါသည်။
သင်တို့၏လုပ်ရပ်များသည် မြန်မာပြည်သူလူထုကို ထောက်ခံခြင်းလား၊ သို့မဟုတ် ရက်စက်ပြီး တရားမ၀င်သော စစ်အုပ်စု၏ လုပ်ရပ်များကို ထောက်ခံခြင်းလား ကျွန်ုပ်တို့ ဆက်လက်စောင့်ကြည့်သွားမည်။
လေးစားစွာဖြင့်
Naw Aung
Defend Myanmar Democracy
+66 816 490 228 (Signal)
[email protected]
ဤ အိပ်ဖွင့်ပေးစာကို အမည်မထုတ်ဖော်လိုသည့် အဖွဲ့အစည်း ၂၇၂ ဖွဲ့အပါအ၀င်အဖွဲ့အစည်းစုစု ပေါင်း ၆၆၀ ဖွဲ့ လက်မှတ် ရေထိုးထောက်ခံသည်။
လက်မှတ် ရေးထိုးထောက်ခံသည့် အဖွဲ့အစည်းအမည်စာရင်း (အမည်ထုတ်ဖော်သည့်အဖွဲ့ စုစုပေါင်း ၃၈၈ ဖွဲ့ )
[i] Domestic Election Observer Organizations, Joint Statement by Domestic Election Observer Organizations, 29 January 2021, https://drive.google.com/file/d/1eLc0m-nFWorVCbucKBa8E9E2IsZo4_uW/preview
[ii] Reiner M. Antiquerra, John; Buenaobra, Maribel; Chung Lun, Lee & Vier, Amaël, The 2020 Myanmar General Elections: Democracy Under Attack – ANFREL International Election Observer Mission Report, Asian Network for Free Elections, 2021, https://anfrel.org/anfrel-releases-2020-myanmar-general-elections-final-observation-mission-report/
[iii] The Carter Center, Election observation mission, Myanmar, general election, November 8, 2020, Preliminary Statement, 10 November 2020, https://www.cartercenter.org/resources/pdfs/news/peace_publications/election_reports/myanmar-preliminary-statement-112020.pdf
[iv] Briefing Paper: Effective Control in Myanmar, Special Advisory Council for Myanmar, 5 September 2022, https://specialadvisorycouncil.org/2022/09/briefing-effective-control-myanmar/
[v] Assistance Association For Political Prisoners (Burma), Daily briefing, 23 October 2023, https://aappb.org/?p=26518
[vi] United Nations Office for the Coordination of Humanitarian Affairs, Myanmar Humanitarian Update No. 33, 2 October 2023, https://reliefweb.int/report/myanmar/myanmar-humanitarian-update-no-33-2-october-2023
[vii] United Nations, The economic interests of the Myanmar military – Independent International Fact-Finding Mission on Myanmar, (report addressed to the 42nd session of the United Nations Human Rights Council), August 5 2019, https://www.ohchr.org/Documents/HRBodies/HRCouncil/FFMMyanmar/EconomicInterestsMyanmarMilitary/A_HRC_42_CRP_3.pdf
[viii] United Nations, The Billion Dollar Death Trade: The International Arms Networks that Enable Human Rights Violations in Myanmar, (Conference room paper of the Special Rapporteur on the situation of human
rights in Myanmar), 17 May 2023, https://www.ohchr.org/sites/default/files/documents/countries/myanmar/crp-sr-myanmar-2023-05-17.pdf
[ix] Lotte Corporation, Tourism/Service/Finance – Lotte Hotel, 2023, https://www.lotte.co.kr/global/en/business/compDetail.do?compCd=L423#none
[x] Reporters Without Borders, ‘Stop funding Myanmar’s generals, RSF tells 10 multinationals’, 8 April 2021, https://rsf.org/en/stop-funding-myanmar-s-generals-rsf-tells-10-multinationals
[xi] Justice For Myanmar, Developing a Dictatorship – how governments and international organisations are supporting the illegal Myanmar military junta – and what must be done to stop this, January 2023, https://www.justiceformyanmar.org/stories/developing-a-dictatorship
[xii] European Union, Council implementing regulation (EU) 2022/239 of 21 February 2022 implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/Burma, https://eur-lex.europa.eu/legal-content/EN/TXT/?uri=uriserv%3AOJ.L_.2022.040.01.0010.01.ENG&toc=OJ%3AL%3A2022%3A040%3AFULL
[xiii] European Union, Council implementing regulation (EU) 2022/243 of 21 February 2022 amending Decision 2013/184/CFSP concerning restrictive measures in view of the situation in Myanmar/Burma, Official Journal of the European Union, Volume 65, https://eur-lex.europa.eu/legal-content/EN/TXT/?uri=uriserv%3AOJ.L_.2022.040.01.0028.01.ENG&toc=OJ%3AL%3A2022%3A040%3AFULL
[xiv] International Entrepreneur Group, Our Management, 2022, https://www.ige.com.mm/our-management
[xv] United Nations, The economic interests of the Myanmar military – Independent International Fact-Finding Mission on Myanmar (report addressed to the 42nd session of the United Nations Human Rights Council), 5 August 2019, https://www.ohchr.org/Documents/HRBodies/HRCouncil/FFM-Myanmar/EconomicInterestsMyanmarMilitary/A_HRC_42_CRP_3.pdf
[xvi] United Nations, Guiding Principles on Business and Human Rights, 2011, https://www.ohchr.org/sites/default/files/Documents/Publications/GuidingPrinciplesBusinessHR_EN.pdf
[xvii] Organisation for Economic Cooperation and Development, OECD Guidelines
for Multinational Enterprises – 2011 edition, https://www.oecd.org/daf/inv/mne/48004323.pdf
[xviii] Visser, Anrike, ‘Myanmar’s Missing Millions’, The Diplomat, 3 November 2021, [accessed online], https://thediplomat.com/2021/11/myanmars-missing-millions/
[xix] Thomas Andrews, Report of the Special Rapporteur on the situation of human rights in Myanmar, Thomas H. Andrews, [Advance unedited version of the report to the 49th session of the United Nations Human Rights Council, A/HRC/49/76], April 2022, https://documents-dds-ny.un.org/doc/UNDOC/GEN/G22/378/17/PDF/G2237817.pdf?OpenElement
[xx] United Nations, The economic interests of the Myanmar military – Independent International Fact-Finding Mission on Myanmar (report addressed to the 42nd session of the United Nations Human Rights Council), 5 August 2019, https://www.ohchr.org/Documents/HRBodies/HRCouncil/FFM-Myanmar/EconomicInterestsMyanmarMilitary/A_HRC_42_CRP_3.pdf
[xxi] United Nations, General Assembly defers decision on Afghanistan and Myanmar seats, 6 December 2021, https://news.un.org/en/story/2021/12/1107262
[xxii] Radio Free Asia, Cambodia Postpones First ASEAN Meeting Amid Differences Among Members, Voice of America, 13 January 2022, https://www.voanews.com/a/cambodia-postpones-first-asean-meeting-amid-differencesamong-members-/6395847.html
[xxiii] The Straits Times/Asia News Network, Myanmar junta snubbed at Asean defense chiefs’ meet, The Inquirer, 23 November 2022, https://globalnation.inquirer.net/208753/myanmar-junta-snubbed-at-asean-defense-chiefsmeet