29 October 2023
အကြမ်းဖက်စစ်အုပ်စုထံ လက်နက်၊ ငွေကြေး၊ လေယာဉ်ဆီ ကုန်သွယ် ရောင်းချနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် စင်ကာပူအစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း နှင့် ကမ္ဘာလုံးဆိုင်ရာ လူထု လှုပ်ရှားမှု။
မီဒီယာ သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ။ အောက်တိုဘာလ ၂၉ရက်၊ ၂၀၂၃ ခုနှစ်။
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စုမှ အာဏာလုရန် ကြိုးစားနေသည့်ကာလ ရက်ပေါင်း (၁၀၀၀) တစ်ထောင် ပြည့်သည့် အောက်တိုဘာလ (၂၉) ရက်နေ့တွင် စင်ကာပူအစိုးရအား ပြည်သူ အယောက် ၂၇,၇၀၀ ကျော် (မြေပြင်မှ လက်မှတ်ကောက်ယူမှု ၁၃၁၄ဉီး အပါအဝင်) လက်မှတ်များနှင့်အတူ၊ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်း (၄၃၁) က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် အကြမ်းဖက် စစ်အုပ်စုမှ ပြည်သူလူထုအပေါ် သတ်ဖြတ်နှိပ်စက်နိုင်ရေးအတွက် လက်နက်နှင့် စစ်ဘက်-အရပ်ဘက်သုံး ကုန်ပစ္စည်းများ ကုန်သွယ်ရောင်းချပေးနေသော တတိယမြောက် အကြီးဆုံး နိုင်ငံဖြစ်ပါသည်။ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Mr. Vivian Balakrishnan သည် စင်ကာပူနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းအား တားမြစ်ထားသည် ဟုအတည်ပြု ပြောဆိုခဲ့သော်လည်း ၂၀၂၁ ဖေဖော်၀ါရီ အာဏာသိမ်းရန် ကြိုးစားချိန် မှစ၍ စင်ကာပူ အခြေစိုက် လက်နက်ကုမ္ပဏီ ၁၃၈ ခုမှ အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုးခန့် စစ်လက်နက်များ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို အကြမ်းဖက်စစ်တပ်ထံ ရောင်းချခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrew ၏ အစီရင်ခံစာ တွင် တိကျစွာ ဖော်ပြ ထားပါသည်။ စင်ကာပူ အစိုးရအနေဖြင့် အပြောနှင့် အလုပ် ထပ်တူကျအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ တောင်းဆိုသည်။
ယခု ပေးပို့သော အိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုးထားသော ပြည်သူများ၏ကိုယ်စား ကျွန်ုပ်တို့ သွေးစွန်းငွေဖြတ်တောက်ရေး အင်အားစုများ အနေဖြင့် “စင်ကာပူ အစိုးရသည် မြန်မာပြည်သူများ၏ သွေးများ စွန်းထင်းနေသော ငွေကြေးများမှ အကျိုးအမြတ် ရယူရန် ဆက်လက် ရွေးချယ်မည်လော (သို့မဟုတ်) သန့်ရှင်းစင်ကြယ်သော စီးပွားရေး လုပ်ငန်းများဖြင့် ဂုဏ်သက္ခာရှိစွာ ရပ်တည်မည်လော” ဟူ၍ မေးမြန်းလိုပါသည်။ စင်ကာပူအစိုးရမှ ထိုကဲ့သို့ထောက်ပံ့နေမှုများအားရပ်တန့်နိုင်သကဲ့သို့ ရပ်တန့်ရမည့်အချိန်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားအရံငွေ ဒေါ်လာ ၄.၆ ဘီလီယံ နီးပါးမှာလည်း စင်ကာပူဘဏ် (၉)ခုတွင် ရှိနေပါသည်။ စင်ကာပူ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (MAS)က စင်ကာပူဘဏ်များတွင် မြန်မာကုမ္ပဏီများနှင့် တစ်သီးပုဂ္ဂလလုပ်ငန်းများမှ သိသာထင်ရှားသော ငွေကြေးများ မရှိကြောင်းနှင့် အန္တရာယ်ဖြစ်စေနိုင်သော ငွေကြေးလွှဲပြောင်းမှုမှန်သမျှကို ဂရုတစ်စိုက် စောင့်ကြည့်နေတယ်လို့ ဖြေရှင်းကာ ကြေငြာထားပါသည်။ သို့သော်လည်း အကြမ်းဖက် စစ်အုပ်စု အတွက် လက်နက်နှင့် ဗုံးကြဲ လေယာဉ်ဆီ ဝယ်ယူပေးနေသူများသည် စင်ကာပူဘဏ်များကို ကျယ်ပြန့်စွာအသုံးပြုနေကြာင်း Tom Andrew မှ အတိအလင်း မီးမောင်းထိုးပြ ပြောဆိုထားပြီးဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သား ပြည်သူများအပေါ် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် လိုအပ်နေသည့် အရင်းအမြစ်များ အတွက် ငွေကြေးဗဟိုချက် အဖြစ် ရပ်တည်ပေးလျက်ရှိနေပါသည်။
စင်ကာပူ အစိုးရအနေဖြင့် အောက်ပါ တောင်းဆိုချက် (၃) ခုကို အမြန်ဆုံးလုပ်ဆောင်ပေးရန် တောင်းဆိုထားပါသည်။
၁) စစ်အုပ်စုထံ လက်နက်များ၊ အရပ်ဖက်-စစ်ဖက်သုံးကုန်ပစ္စည်းများ၊ နည်းပညာများ၊ လေယာဉ်ဆီများအပါအဝင် စစ်အုပ်စုနှင့် ဆက်စပ်သော ငွေကြေးလွှဲပြောင်းမှုများ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သောနည်းလမ်းဖြင့် လွှဲပြောင်း ရောင်းချနေခြင်းများ ရပ်တန့်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ပေးရန်။
၂) စင်ကာပူနိုင်ငံအတွင်းရှိ ငွေကြေးစနစ်များအားလုံးကို မြန်မာအကြမ်းဖက်စစ်တပ်မှ မည်သည့် နည်းနှင့်မျှ အသုံးပြုခွင့် မရစေရန်နှင့် စင်ကာပူနိုင်ငံပိုင် ဘဏ်များတွင် ထားရှိသည့် မြန်မာနိုင်ငံ၏ တရား၀င်အစိုးရသာလျှင် ပိုင်ဆိုင်သည့် နိုင်ငံခြား အရံငွေကြေးဖြစ်သော (ရံပုံငွေ) အမေရိကန် ဒေါ်လာ ၄.၆ ဘီလီယံ ကို တရားမဝင် စစ်အုပ်စု လုံးဝ သုံးစွဲခွင့် မရစေရန် အတွက် သေချာစေရန် ငွေကြေးခဝါချမှု၏ အရေးယူ ပြဌာန်းချက်များကို အသုံးပြုပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြလုပ်ရန်။
၃) စင်ကာပူနိုင်ငံမှတဆင့် စစ်အုပ်စုထံသို့ လက်နက်များ၊ စစ်ဘက် -အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများကို လွှဲပြောင်း ရောင်းချခြင်းတို့တွင် ပါဝင်ပတ်သက်သော စင်ကာပူအခြေစိုက် ကုမ္ပဏီများအား လူသိ ရှင်ကြား စုံစမ်းစစ်ဆေးမှုများကို ပိုမိုဆောင်ရွက်ရန်။
အကြမ်းဖက်စစ်အုပ်စုမှ အာဏာလုရန် ကြိုးပမ်းသည့် ရက်ပေါင်း (၁၀၀၀) အတွင်း အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာများအား ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း နှင့် ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အကြမ်းဖက်စစ်တပ် သတ်ဖြတ်ခြင်းကြောင့် ကလေးများအပါအဝင် အရပ်သား သေဆုံးသူ ၄,၀၀၀ ကျော်နှင့် မတရားဖမ်းဆီးခြင်းခံထားရသူ ၂၅,၀၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၂ သန်းခန့် ရှိပြီဖြစ်ပါသည်။
စင်ကာပူအစိုးရအနေဖြင့် ထိရောက်စွာလုပ်ဆောင်ပါ။
သွေးစည်းညီညွတ်စွာဖြင့်
Basic Education Students and Youth Association -BESYA Central
Blood Money Campaign
Burmese Canadian Network
Community Resource Centre foundation
CRPH SUPPORT GROUP, NORWAY
Democracy against Dictatorships – MILK TEA ALLIANCE
Democracy Movement Strike Committee – DDMSC
Democratic Youth Council -DYC
ETOs Watch Coalition
Finland Myanmar Society Ry
Friends Against Dictatorship -FAD
General Strike Committee of Nationalities -GSCN
General Strike Coordination Body -GSCB
Global Myanmar Spring Revolution-GMSR
Kachin State Civilian Movement-KSCM
Minority Affairs Institute-MAI
Myanmar Campaign Network
Myanmar Muslim Revolution Force-MMRF
National Alliance Bangkok
New Power Generation
OCTOPUS
Progressive Voice
Rangoon Scout Network -RSN
Save Myanmar USA
Student Union Representatives Committee-SURC
The Mekong Butterfly
Twitter Team for Revolution
For more information, please contact: Blood Money Campaign Coalition: [email protected]
https://www.facebook.com/BloodMoneyCampaignMM
Blood Money Campaign: [email protected]
CRPH Support Group Norway: [email protected]
Progressive Voice: [email protected]
Global Myanmar Spring Revolution: [email protected]
Myanmar Muslim Revolution Force (MMRF) – [email protected]
Rangoon Scout Network – RSN – [email protected]
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.