18 October 2023
ကုလသမဂ္ဂအထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေအရ ဖြစ်နိုင်ချေရှိတဲ့လမ်းကြောင်းအားလုံးကနေ အချိန်မဆိုင်းဘဲ ပြတ်သားစွာ အရေးယူဆောင်ရွက်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၄၄၀ တို့က တောင်းဆိုလိုက်ပါတယ်။
စစ်အုပ်စုရဲ့ ပိုမိုဆိုးရွားလာနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခိုင်မာတဲ့ သက်သေအထောက်အထားတွေနဲ့ ဖော်ပြခဲ့တဲ့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ အခုလို အိတ်ဖွင့်ပေးစာ ပေးပို့တာ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့ ၄၄၀ မှာပါတဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ စီမံကိန်း ဒါရိုက်တာ နိုင်အဲမွန်က ရှင်းပြပါတယ်။
“စစ်အုပ်စုက နိုင်ငံတကာရာဇဝတ်မှုခုံရုံးကို တိုက်ရိုက်လွှဲပြောင်းပေးရမယ့် အနေအထားအထိကို ရောက်နေတယ်။” လို့ ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။
စစ်ရာဇဝတ်မှုလို လူသားမျိုးနွယ်အပေါ်မှာ မျိုးတုန်းသတ်ဖြတ်မှုပုံစံ ဖြစ်နေတဲ့ ကိစ္စတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ပိုက်ကြည့်နေလို့ မသင့်ဘူးဆိုတဲ့ ဖိအားပေးတာမျိုး ဖြစ်လို့ ဒီတကြိမ်ဖိအားပေးမှုက တော်တော်လေး ပြင်းထန်တယ်လို့ မြင်ကြောင်းနိုင်အဲမွန်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့လက ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလမဟာမင်းကြီး Volker Turk က မြန်မာ့အရေးကို ICC ကို လွှဲပြောင်းဖို့ တောင်းဆိုခဲ့သလို မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ တာဝန်ဟာ နိုင်ငံတကာအပေါ် မူတည်နေတာကြောင့် အခုပဲ စတင်လုပ်ဆောင်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မြန်မာ့အရေးအတွက် ကုလလုံခြုံရေးကောင်စီက UNSC ဆုံးဖြတ်ချက်အမှတ် ၂၆၉၉ ကို ချမှတ်ခဲ့ပေမယ့် အဲဒီဆုံးဖြတ်ချက်မှာပါတဲ့ မြန်မာ့အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းပေးရမယ့် တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ အခုအိတ်ဖွင့်ပေးစာထဲမှာ ရေးသားထားပါတယ်။
တနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားချိန်ကစပြီး မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၉၆၅ ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ပမာဏ ၁၅၀ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ယင်းစာထဲမှာ ဖော်ပြထားပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ စီမံကိန်း ဒါရိုက်တာ နိုင်အဲမွန်က “ ကျနော်တို့ အရပ်ဘက်လူထုအဖွဲ့အစည်းဆိုတာ ပြည်သူတွေရဲ့ အသံ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ၊ ဖြစ်ရပ်တွေမှာ ရရှိတဲ့ ကိန်းဂဏန်း အချက်အလက်တွေအပေါ် အခြေခံပြီးတော့ သူတို့အသံတွေကို မြှင့်ပြီးတော့ သူတို့ ဆန္ဒတွေကို ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်တွေမှာ ပြောပေးရမှာ ဖြစ်တယ်။“ လို့ ဆိုပါတယ်။
UN ဟာ မြန်မာနိုင်ငံဘက်ပေါင်းစုံ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကျရှုံးနေတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် နောက်ကွယ်မှာ ပုန်းအောင်းနေတာကို ရပ်တန်းကရပ်ပြီး တိကျခိုင်မာတဲ့ လုပ်ဆောင်ချက်တွေနဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးရေး တာဝန်ကို ဆောင်ရွက်ရမယ်လို့ အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံဖြတ်ချက်တစ်ခု ချမှတ်နိုင်ဖို့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြံပြုတိုက်တွန်းကြဖို့ တောင်းဆိုထားပြီး မြန်မာအခြေအနေကို ICC သို့ လွှဲပြောင်းပေးဖို့ (သို့) အထူးခုံရုံးတစ်ခု တည်ထောင်ပေးဖို့၊ စီးပွားရေးအရ ထိရောက်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချပေးဖို့၊ စစ်အုပ်စုဆီ လေယာဉ်၊ လေယာဉ်ဆီ၊ စစ်လက်နက်နဲ့ စစ်ဘက် – အရပ်ဘက်သုံး ပစ္စည်းတွေ စီးဆင်းနေမှုကို အဆုံးသတ်နိုင်ဖို့ လက်နက်တင်ပို့ရောင်းချနေတာတွေကို ပိတ်ပင်ဖို့ စတဲ့ တောင်းဆိုမှုတွေကိုလည်း အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့တဲ့ အဆိုပါ အိတ်ဖွင့်ပေးစာထဲမှာတော့ မြန်မာပြည်သူတွေဟာ လူဦးရေ အနည်းဆုံး ၄၁၄၉ ဦး သတ်ဖြတ်ခံထားရပြီး လူပေါင်း ၁ ဒသမ ၇ သန်းကျော်တို့ဟာ နေရပ် စွန့်ခွါထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.