သွေးစွန်းနေသော တံခါးပေါက်များ- ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြင်းထန်လာခြင်းသည် BRI – ပိုးလမ်းမစီမံကိန်း တိုးချဲ့မှုကို လမ်းခင်းပေးသည်။

09 October 2023

သွေးစွန်းနေသော တံခါးပေါက်များ- ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြင်းထန်လာခြင်းသည် BRI – ပိုးလမ်းမစီမံကိန်း တိုးချဲ့မှုကို လမ်းခင်းပေးသည်။

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက်။

ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်နိုင်ငံ (KWAT) သတင်းထုတ်ပြန်ချက်။

သွေးစွန်းနေသော တံခါးပေါက်များ- ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြင်းထန်လာခြင်းသည် BRI – ပိုးလမ်းမစီမံကိန်း တိုးချဲ့မှုကို လမ်းခင်းပေးသည်။

ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) ၏ ဤအစီရင်ခံစာသစ်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခွင့်အရေးချိုးဖောက်မှုများ ပြင်းထားလာမှုအခြေအနေများသည် တရုတ်နိုင်ငံ BRI-ပိုးလမ်းမ စီမံကိန်း တိုးချဲ့ရေးအတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို လုံခြုံရေးပေးရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုနှင့် ဆက်စပ်ပုံကို ချိတ်ဆက်ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၅ လနှင့် နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူ ၂၀၀ နီးပါးနှင့် လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရသူ ရွာသူရွာသားဦးရေမှာ ၂၂၁ ဦးထိ သိသိသာသာ တိုးမြင့်လာကြောင်းကို အစီရင်ခံစာမှ မှတ်တမ်းတင်ထားသည်။

KWAT မှ မှတ်တမ်းတင်ထားသော စစ်ကောင်စီမှ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသော အခြားချိုးဖောက်မှုများ ထဲတွင် အရပ်သား ၆၁ ကို ထိခိုက်သေဆုံးစေခဲ့သော လူနေထူထပ်သော ဒေသများသို့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၃၀ နှင့် ကချင်ဘာသာရေးအကြီးအကဲ ဒေါက်တာ ခလမ်ဆမ်ဆွန် အပါအဝင် လူပေါင်း ၄၄၁ ဦးအား မတရားဖမ်းဆီးခြင်းတို့လည်း ပါဝင်သည်။ ဖမ်းဆီးခံရသူများထဲမှာ ဒါဇင်ပေါင်းများစွာသည် ယနေ့ချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

မြေပုံများအရ စစ်ကောင်စီကျူးလွန်သော ချိုးဖောက်မှု အများစုသည် BRI-ပိုးလမ်းမ စီမံကိန်းအောက်ရှိ အခြေခံအဆောက်အအုံများ၏ အရေးကြီးသော တံခါးပေါက်များဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်းရှိ အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတစ်လျှောက်တွင် ဖြစ်ပွားသည်ကို ပြသနေသည်။ ၎င်းအခြေအနေသည် အဓိက သယ်ယူပို့ဆောင်ရေးသွေးကြောများထိန်းချုပ်မှုကို ကာကွယ်ရန် စုပေါင်းပြစ်ဒဏ်ပေးခြင်းကို ဗျူဟာတစ်ခုအနေဖြင့် စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု KWAT မှ လေ့လာသုံးသပ်သည်။

“ခုခံတော်လှန်ရေးတပ်တွေကို သမားရိုးကျ စစ်ဆင်ရေးရှုံးနိမ့်လာတော့ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ နည်းလမ်းကို ပိုပြီးသုံးလာကြတယ်ဟု KWAT ၏ပြောရေးဆိုခွင့်ရှိသူ” ဂျာအိန်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဖားကန့်မြို့ ဖျော်ဖြေပွဲတွင် ဖြစ်ပွားခဲ့သော လူပေါင်း ၁၇၀ ကျော် ထိခိုက်ခဲ့သည့် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုသည် ထိုတိုက်ခိုက်မှုမတိုင်မီ တစ်ရက်အကြိုတွင် ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ ကချင်ပြည်နယ်အရှေ့တောင်ဘက် တရုတ်နိုင်ငံသို့ အဓိက ကုန်သွယ်ရေး လမ်းစင်္ကြန်များကို အပေါ်စီးမှမြင်ရသည့် အမြင့်ဆုံးနေရာဖြစ်သော လုံဂျာတောင်ပေါ်ရှိ KIA စခန်းများကို သိမ်းယူကြိုးပမ်းမှုရာတွင် အကြီးအကျယ် အထိနာခဲ့မှုအတွက် တိုက်ရိုက်လက်တုံ့ပြန်မှုဖြစ်သည်ဟု KWAT မှ ဖော်ထုတ်ထားသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ IDP ၁၀၇,၀၀၀ ကျော်နေထိုင်သော ရှိရင်းစွဲ

စစ်ဘေးရှောင်စခန်း များကို ပိတ်သိမ်းရန် အစီအစဉ်များ ဆက်လက် တွန်းအားပေးလုပ်ဆောင်နေသော်လည်း လွန်ခဲ့သော ၁၅ လအတွင်း တိုက်ခိုက်မှုများနှင့် အခွင့်အရေးချိုးဖောက်မှုများကြောင့် နောက်ထပ် ရွာသူရွာသားပေါင်း ၁၄,၀၀၀ နီးပါးကို နေရပ်စွှန့်ခွာ ထွက်ပြေးစေခဲ့သည်။

KWAT အနေဖြင့် စစ်ကောင်စီ၏ မြန်မာနိုင်ငံတဝှမ်းရှိ အရပ်သားများအပေါ် ပစ်မှတ်ထားသော ပြင်းထန်သည့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် ၎င်းတို့အပေါ် သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ တိုးမြှင့်ပေးရန်နှင့် အလှူရှင်နိုင်ငံအနေများဖြင့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများကို ဦးစားပေးကာ ရှိရင်းစွဲနှင့် နောက်ထပ် တိုးပွားလာသော IDP များအတွက် အကူအညီများ တိုးမြှင့်ပေးရန် အရေးပေါ် တောင်းဆိုလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ BRI-ပိုးလမ်းမ စီမံကိန်းတိုးမြှင့်လုပ်ဆောင်မည့် အစီအစဉ်များကိုလည်း ရပ်တန့်ရန် KWAT မှ တောင်းဆိုထားသည်။

“တရုတ်နိုင်ငံဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး BRI-ပိုးလမ်းမ စီမံကိန်းတွေကို ရှေ့တိုးလုပ်ဆောင်ခြင်းအားဖြင့် ကြီးမားတဲ့ အန္တရာယ်တွေကို ယူနေတယ်”ဟု ဂျာအိန် ကပြောသည်။ “စီမံကိန်းတွေအတွက် ဘာလုံခြုံရေးအာ မခံချက်မှလည်း မရှိဘူး။ ပြီးတော့ စီစဉ်ထားတဲ့ စီမံကိန်းတွေနဲ့ ဆက်နွယ်နေတဲ့ တိုးမြင့်လာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲမှာပဲ တရုတ်နိုင်ငံကပါ ကြံရာပါ ဖြစ်လာလိမ့်မည်။”

ဆက်သွယ်ရန်
Email: [email protected]
ဖုန်း + ၆၆ (၀) ၆၄၉၇၀၉၆၂၅


သတင်းထုတ်ပြန်ချက် PDF ဖိုင်ယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ

အစီရင်ခံစာ PDF ဖိုင်ယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia