14 September 2023
စက်တင်ဘာ ၁၄ ၊ ၂၀၂၃ – ယနေ့တွင် EarthRights International နှင့် မြန်မာနိုင်ငံအရပ်ဖက်အဖွဲ့အစည်း တစ်ခုတို့မှ ကနေဒါနိုင်ငံမှ MIT Energy ကုမ္ပဏီသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်း (OECD) အဖွဲ့မှချမှတ်ထားသည့် လမ်းညွှန်ချက်များကို ချိုးဖောက်ကာ အကျင့်ပျက်ခြစားမှုနှင့် မြန်မာနိုင်ငံတွင်းရက်စက်ကြမ်းကြုတ်သည့် လူ့အခွင့်ချိုးဖောက်မှုများကို ပံ့ပိုးကူညီမည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်နေကြောင်း ကနေဒါနိုင်ငံ နှင့် ယူကေနိုင်ငံရှိ National Contact Points (NCPs) ထံသို့ ကန့်ကွက်စာ တစ်စောင်ပေးပို့ခဲ့ပါသည်။
OECD လမ်းညွှန်ချက်များသည် တစ်ကမ္ဘာလုံးရှိ နိုင်ငံတကာရင်းနှီးမြုပ်နှံ့မှုကော်ပိုရေးရှင်းများမှ ၎င်းတို့၏ လူ့အခွင့်ရေး၊ အဂတိတိုက်ဖျက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအလေ့အထများကို မှန်ကန်ထိရောက်စေရန် အသုံးပြုနေသည့် နိုင်ငံတကာထိပ်တန်းစံနှုန်းတစ်ခုဖြစ်သည်။ ကနေဒါ နှင့် ယူကေနိုင်ငံအစိုးရအပါအဝင် OECD အဖွဲ့ဝင်နိုင်ငံအစိုးရအများစုသည် လမ်းညွှန်ချက်များကို ချိုးဖောက်ခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုကို လက်ခံသည့် National Contact Points (NCPs) ရုံးကိုထားရှိကြပါသည်။
ယူကေနှင့် ကနေဒါနိုင်ငံတို့သည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ငွေကြေးထောက်ပံ့ရန် အတွက် မြန်မာစစ်တပ်မှ ခိုးယူထားသော သဘာဝသယံဇာတအခွန်ငွေများကို အသုံးပြုနေခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထပ်ခါတလဲလဲ ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်သည်။ MTI Energy သည် အာဏာသိမ်းပြီး အစောပိုင်းတွင် စစ်တပ်က စီးနင်းသိမ်းယူခဲ့သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တဆင့် စစ်အစိုးရနှင့် လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျှက်ရှိသည်။
MTI Energy သည် ကနေဒါနိုင်ငံတွင်လုပ်ငန်းမှတ်ပုံတင်ထားသော်လည်း ယခုဝယ်ယူမှုကို ဘာမြူဒါ (Bermuda) တွင်မှတ်ပုံတင်ထားသည့် လက်အောက်ခံကုမ္ပဏီတစ်ခုမှတစ်ဆင့်ဝယ်ယူရန် ဆောင်ရွက်နေသည်။ ဘာမြူဒါသည် ဗြိတိန်နိုင်ငံ၏ပင်လယ်ရပ်ခြားပိုင်နက်တစ်ခုဖြစ်ပြီး ယူကေနိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကို အကောင်ထည်ဖေါ်ဆောင်ရွက်ရပါသည်။ MTI Energy သည် Chevron ထံမှ လုပ်ငန်းလက်လွှဲယူရန်ရှိနေပြီး စစ်အစိုးရကိုလစဉ် ဒေါ်လာသန်းပေါင်းများစွာ ရှာပေးနေသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်း၏ အကြီးဆုံး အစုရှယ်ယာရှင် ဖြစ်လာမည်ဖြစ်သည်။ ထိုကုမ္ပဏီမှာ ၎င်း၏စီမံခန့်ခွဲမှုဩဇာအာဏာကိုအသုံးပြုကာ စစ်အစိုးရ၏အကြမ်းဖက်လုပ်ငန်းများကို ငွေကြေးထောက်ပံ့မည့် မြန်မာနိုင်ငံတော်ပိုင်ပစ္စည်းများကို ၎င်းနှင့်စစ်အစိုးရမှ ရောင်းချနိုင်ရန်အတွက် သေချာစေရန်ဆောင်ရွက်ပေးရန်ရှိနေသည်။ ဤသည်မှာ MTI Energy မှ OECD လမ်းညွှန်ချက်များကို ချိုးဖောက်ရာရောက်နေပါသည်။
“MTI Energy သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကြောင့် တိုက်ရိုက်ထိခိုက်မည့် မြန်မာနိုင်ငံရှိ ရပ်ရွာလူထုများ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိသေးပါ” ဟု လုံခြုံရေး အကြောင်းပြချက် ကြောင့် အမည်မဖော်လိုသော အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် John Doe က ဆိုပါသည်။ “သူတို့တိုင်ပင်ဆွေးနွေးခဲ့မယ်ဆိုရင် သူတို့ရဲ့ဓါတ်ငွေ့ပိုက်လိုင်းက ပြည်တွင်းစစ်ကြောင့် မွစာကြဲနေတဲ့ ရပ်ရွာတွေ ကိုဖြတ်သွားတာ၊ အဲ့ဒါကို သူတို့ကတစ်ဖက်ကနေငွေကြေးထောက်ပံ့နေတာ။ စစ်အစိုးရက ကျနော်တို့အစိုးရ မဟုတ်ဘူး၊ ပြီးတော့ ရပ်ရွာလူထုကို ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲဖို့ ဓါတ်ငွေ့ရောင်းရငွေတွေကို အသုံးပြု နေတယ်။”
MTI Energy သည် မြန်မာနိုင်ငံအစိုးရနှင့် စာချုပ်ချုပ်ဆိုခြင်းဖြင့်သာ မြန်မာ့ဓာတ်ငွေ့ကဏ္ဍသို့ ဝင်ရောက် လုပ်ကိုင်နိုင်ပါမည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက စစ်အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘဲ ငြင်းဆိုခဲ့ပြီး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ ကိုယ်စားပြုကြောင်း ပြောထားသည်။
“ဇန်နဝါရီလအတွင်းက ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီး Robert Rae က စစ်အစိုးရက ဘာကြောင့် တရားဝင်အစိုးရ မဟုတ်တာလဲဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ချိန်မှာ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ MTI Energy သည် မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ တင်ပို့မှုမှ အကျိုးအမြတ်ရရှိနိုင်စေရန် စစ်အစိုးရကို တရားဝင်အစိုးရကဲ့သို့ သဘောထားကာ စစ်အစိုးရကို အသိအမှတ်ပြုသည့်အနေဖြင့် ထိုသို့လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်တယ်” ဟု EarthRights၏ မဟာဗျူဟာနှင့် စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ Keith Slack က ဆိုပါသည်။
OECD ၏ National Contact Points ထံ ကန့်ကွက်စာတွင် စစ်အစိုးရထံမှ သဘာဝဓာတ်ငွေ့ အကျိုးအမြတ်ငွေများကို လမ်းလွှဲရန် MTI Energy မှ ၎င်း၏ဩဇာကို တစ်ဦးတည်း သို့မဟုတ် အခြားရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍ အသုံးပြုနိုင်ပြီး သေချာဆောင်ရွက်ခြင်း အပါအဝင် OECD လမ်းညွှန်ချက်များကို လိုက်နာရန် MTI Energy အားတောင်းဆိုထားပါသည်။ ထိုသို့မဆောင်ရွက်နိုင်ပါက စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို အထောက်အကူဖြစ်စေပါလိမ့်မည်။
“ကနေဒါရဲ့ National Contact Point ဟာ Global Affairs Canada (GAC) ရုံးခန်းမှာ ရုံးထိုင်နေပါတယ်။ GAC အနေနဲ့ နောက်ဆုံးမှာ ဥရောပသမဂ္ဂဦးဆောင်မှုနောက်လိုက်ပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေလုပ်ဖို့စဉ်းစားနေချိန်မှာ NCP ဝန်ထမ်းတွေလည်း လမ်းမှန်ပေါ်ရောက်လာပြီး စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဗုံးကြဲဖို့ငွေကြေးထောက်ပံ့ပေးမယ့် စစ်အစိုးရနဲ့ ဖက်စပ်လုပ်ငန်းကို MTI Energy ကလုပ်ဆောင်နေတဲ့အကြောင်း မီးမောင်းထိုးပြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Keith Slack က ထပ်မံဆိုပါသည်။
ယခုလထဲမှာ ကရင်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းနှင့် ဘုရားကျောင်းတစ်ကျောင်းကို စစ်အစိုးရက ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ကျောင်းသား ၄ ဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ရပါသည်။ “MTI Energy က စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကို ပံ့ပိုးပေးနေတဲ့ လုပ်ငန်းသို့ ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် OECD လမ်းညွှန်ချက်များအောက်က ၎င်း၏တာဝန်များကို လုံး၀ လျစ်လျူရှုရာရောက်ပါတယ်။ MTI က ယခုအချိန်အထိ မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် ငြင်းဆိုထားပြီး၊ OECD NCP တွေအနေနဲ့ MTI ရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ လေးနက်တဲ့စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းရန် လမ်းစတစ်ခု ပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ MTI ရဲ့ မြန်မာနိုင်ငံအတွင်းသို့ တာဝန်မဲ့ဝင်ရောက်မှုက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့ ယူကေ နှင့် ကနေဒါအစိုးရများရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်ပေါ် လာရတာပါ၊ စစ်အစိုးရထံ ဂက်စ်အခွန်ငွေများစီးဆင်းမှုကို ပိတ်ဆို့အရေးယူဖို့ အခုကျနော်တိုက်တွန်းလိုပါတယ်” ဟု John Doe ကပြောဆိုထားပါသည်။
ဆက်သွယ်ရန်
Kate Fried, EarthRights International
(202) 257.0057
[email protected]
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.