03 September 2023
ခင်ဘုန်းမို့။ ။
ဗြိတိန်နိုင်ငံအခြေစိုက် Phan Foundation က နှစ်စဉ်ချီးမြှင့်တဲ့ ၂၀၂၂ခုနှစ်အတွက် ပဒိုမန်းရှာလူငယ် ခေါင်းဆောင်ဆုကို ကော် သူးလေ တောင်ငူခရိုင် ၊ ထောတထူမြို့နယ်မှာရှိတဲ့ ထိုလွီဝါး ကရင်လူထုအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမတစ်ဦး ဖြစ်တဲ့ နော်ဟေသီဂျူးကရရှိခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာ လုပ်ကြံခံခဲ့ရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေ ထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလဖန်းအတွက်အမှတ်တရအနေနဲ့ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို နှစ်တိုင်း ပေး အပ်ချီးမြှင့်နေတာဖြစ်ပါတယ်။
ဒီဆုဟာ မိမိအဖွဲ့အစည်းနဲ့အမျိုးသားရေးတွေမှာ ပညာရေး၊ကျန်းမာရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးအစရှိတဲ့ လူထုအကျိုးပြု လုပ်ငန်းတွေမှာ ကိုယ်ကျိုးမကြည့်ဘဲ ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကိုရွေးချယ် ပေးအပ်တာဖြစ်တယ်။
ဒီဆုရဖို့အတွက်ဝင်ပြိုင်ရတာမျိုးမဟုတ်ဘဲ လုပ်ဆောင်မှုတွေကိုအသိအမှတ်ပြုပေးတဲ့ အဖွဲ့အစည်းတစ်ခုခုက အဆိုတင်သွင်း ရတာဖြစ်တယ်။ အဲဒီအဆိုကို ဖန်းဖောင်ဒေးရှင်းက သေချာစိစစ်ရွေးချယ်ပေးတာဖြစ်တယ်။ နော်ဟေသီဂျူးကို ကရင်ကျောင်း သားကွန်ရက်အဖွဲ့က အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
ဆုနဲ့ထိုက်တန်တဲ့ ကရင်လူငယ်တွေအများကြီးရှိသလို အဆိုတင်သွင်းခံရတဲ့လူငယ်တွေထဲက ရွေးချယ်ခံခဲ့ရတဲ့အတွက် ဖန်း ဖောင်ဒေးရှင်းကို ကျေးဇူးတင်တယ်လို့ နော်ဟေသီဂျူးက ဝမ်းမြောက်စွာပြောပါတယ်။
“ ကျွန်မ ဒီဆုရဖို့အတွက် လုပ်နေတာတော့မဟုတ်ပါဘူး။ ကျွန်မတို့နေထိုင်တဲ့အဖွဲ့အစည်း၊ ကျွန်မတို့ လူမျိုးရင်ဆိုင်နေရတဲ့ ဖိနှိပ်ခံရမှုတွေက နေလွတ်မြောက်ဖို့ပြီးရင် ကျွန်မတို့လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့်အရာတွေ အများကြီးရှိတယ် ဆိုတာကိုတွေ့မြင်နေရတော့ ကိုယ်တတ်နိုင်တဲ့အရာတွေကနေ စတင်ပါဝင်လုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ ” လို့ နော်ဟေ သီဂျူးကပြောပါတယ်။
ဂုဏ်ပြုချီးမြှင့်ခံရတဲ့ ဆုငွေတွေကို ပညာရေး၊ ကျောင်းစာကြည့်တိုက်အတွက်နဲ့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားဖို့ (ပလပ်စတစ် သုံးစွဲမှု လျှော့ချရေး) လှုပ်ရှားမှုတွေမှာ သုံးသွားဖို့ရည်ရွယ်ထားပါတယ်။
သင်ကြားရေးနဲ့ အုပ်ချုပ်ရေးဖြတ်သန်းမှု
ငယ်စဉ်ကတည်းက သင်ကြားရေးအပိုင်းကိုစိတ်ဝင်စားခဲ့တဲ့ နော်ဟေသီဂျူးဟာ ၂၀၁၅ ခုနှစ်မှာ ထိုလွီဝါးကရင် လူထုအထက် တန်းကျောင်းမှာ ကျောင်းဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ပထမကျောင်းအုပ်ကအနားယူသွားတော့ နော် ဟေသီဂျူးက ကျောင်းအုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။
နော်ဟေသီဂျူးကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့တဲ့ လက်ထက်မှာ ထိုလွီဝါးအထက်တန်းကျောင်းကို အငယ်တန်းကောလိပ် အဖြစ် ၂၀၁၈ ခုနှစ်မှာ တိုးချဲ့နိုင်ခဲ့တယ်။
ထိုလွီဝါးကရင်လူထုအထက်တန်းကျောင်းက ကျောင်းသား၊ကျောင်းသူတွေဟာ အထက်တန်းအောင်ပြီးတဲ့အခါ ကရင် ပညာ ရေးနဲ့ ယဉ်ကျေးမှုဌာနအောက်မှာရှိတဲ့ ကရင်ကောလိပ်ကျောင်းတွေကိုသာတက်လို့ရတာဖြစ်တယ်။
နယ်စပ်ဘက်တွေမှာသွားရောက်တက်ရတဲ့အခါ ရပ်ဝေးဖြစ်တာနဲ့လမ်းခရီးအခက်အခဲ၊ မိဘတွေရဲ့စိတ်မချမှုတွေကြောင့် ကျောင်းသား အားလုံးဟာ ကောလိပ်တွေတက်ရောက်နိုင်ဖို့မဖြစ်နိုင်ပါဘူး။
ဒါကြောင့်ကရင်ပညာရေးအဖွဲ့အစည်း၊ခရိုင်ခေါင်းဆောင်တွေ အလှူရှင်တွေနဲ့ဆွေးနွေးပြီး သူတို့ရဲ့ထောက်ပံ့ကူညီမှုနဲ့ အငယ် တန်းကောလိပ်အထိဖွင့်ဖို့စီစဉ်ခဲ့ကြတာဖြစ်တယ်။
“ အခက်အခဲကတော့ ကျောင်းဆရာလိုအပ်ချက်တွေ၊ ကောလိပ်အဆင့်သင်ကြားပေးနိုင်တဲ့အရည်အချင်းပြည့်မီတဲ့ ဘာသာရပ် ဆရာတွေ အခုချိန်ထိလိုအပ်နေဆဲဖြစ်တယ်။” လို့ နော်ဟေသီဂျူးက ဆိုပါတယ်။
ဒါ့အပြင်ကျောင်းဆရာတွေကို သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်ဖို့ ပညာရပ်ပိုင်းနဲ့သင်ကြားရေးပိုင်းမှာ အတွေ့အကြုံ များတဲ့ နိုင်ငံတကာရောက် ကရင်လူငယ်တွေဆီကအကူအညီနဲ့သင်တန်းတွေလုပ်ပေးတာ၊နွေရာသီကျောင်းပိတ်ရက်တွေမှာ ကွန်ပျူတာနဲ့ English သင်တန်းဖွင့်ပေးတာတွေပြုလုပ်ပါတယ်။
ရွာတွေမှာလည်း နွေရာသီ English စာသင်တန်း၊ကရင်စာပေသင်တန်းတွေလုပ်တဲ့အခါ ဆရာလိုအပ်ရင်ပို့ပေးသလို နော် ဟေသီဂျူးကိုယ်တိုင်လည်း သွားရောက်သင်ကြားပေးခဲ့တယ်။
ကျောင်းအုပ်ချုပ်ရေးအပိုင်းအပြင် ကလေးတွေအတွက်လူထုအကျိုးပြုလုပ်ငန်းတွေ၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေဆောင်ရွက်ဖြစ်ခဲ့တယ်။
“ ဘာကြောင့်ဒီလိုလုပ်ဖို့ စိတ်အားထက်သန်လဲဆိုရင်တော့ လုပ်ဖို့လိုအပ်တယ်လို့မြင်လို့ပါ။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ဆိုရင်လူတွေရဲ့ မဆင်မခြင်လောဘတွေကြောင့်အတော်ပျက်စီးနေပြီ။ ဒီအချိန်မှာပြန်လည်ထိန်းသိမ်းမှုတွေ မလုပ်ဘူးဆို စစ်ဘေးကြောင့်ပဲ ကျွန်မတို့ဒုက္ခရောက်မှာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ရဲ့ဒဏ်ကြောင့် ကျွန်မတို့ရင်ဆိုင်ရမယ့် ဒုက္ခတွေ အများကြီးရှိလာမှာ။” လို့ နော်ဟေသီဂျူးက သူ့ခံယူချက်ကိုပြောပါတယ်။
ရွာတွေကိုကိုယ်တိုင်သွားပြီး သစ်ပင်စိုက်တာ၊ အမှိုက်စနစ်တကျစွန့်ပစ်တာ၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနဲ့ပတ်သက်တဲ့ အသိပညာပေးအစီအစဉ်တွေဆောင်ရွက်ခဲ့တယ်။
အမျိုးသမီးကျောင်းအုပ်ဆရာမအတွက်စိန်ခေါ်မှု
နော်ဟေသီဂျူးအနေနဲ့ အမျိုးသမီးကျောင်းအုပ်ဆရာမအဖြစ်တာဝန်ယူရတဲ့အခါ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရပါတယ်။
ကျောင်းသား၊ကျောင်းသူကလေးတွေကိုစည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး လမ်းညွှန်ပြုပြင်ရတဲ့အခါ တချို့လိုက်နာတဲ့ကလေးတွေ လည်းရှိသလို ပြောင်းလဲမှုမရှိတဲ့ကလေးတွေလည်းရှိတယ်။အဲ့ဒီအခါမှာ တချို့ကကျောင်းအုပ်က အမျိုးသမီးဖြစ်တဲ့အတွက် ကလေးတွေကိုဆုံးမတဲ့အခါမှာ ပျော့ပြောင်းနေလို့ ကျောင်းအုပ်ကအမျိုးသားဆိုရင်ပိုကောင်းမယ်ဆိုတဲ့ ထင်မြင်ချက်တွေရှိကြ တာကို နော်ဟေသီဂျူးတစ်ယောက် ကြုံတွေ့ရတယ်။
“ ကျွန်မကဒီအမြင်ကိုလက်မခံဘူး။ အမျိုးသားတွေကပိုတော်လို့ ကလေးတွေကြောက်တာလား၊ ကြမ်းလို့ကြောက်တာလား။ ကလေးတွေကိုကိုင်တွယ်တဲ့အခါ ကြမ်းတဲ့နည်းကိုသုံးမှဖြစ်မှာလား။” လို့ နော်ဟေသီဂျူးကမေးခွန်းထုတ်ပါတယ်။
ပညာသင်တဲ့အခါမှာလည်း ခွဲခြားဆက်ဆံတဲ့သင်ကြားမှု မဖြစ်အောင်သတိထားတာ၊ စာရိတ္တပိုင်းနဲ့ဆိုင်တဲ့ကိစ္စရပ်တွေဆို သူတို့ ဖြတ်သန်းလာခဲ့ရတဲ့အခြေအနေတွေ၊ အခက်အခဲတွေကိုလေ့လာပြီး အများကြီးသတိထားသင်ကြားပေးတယ်လို့ နော်ဟေသီ ဂျူးက ဆိုတယ်။
“ ကျွန်မတို့က ကောင်းတဲ့ကလေးတွေကိုပဲ လက်ခံသင်ကြားပေးရမယ်ဆို ကျောင်းသား၊ကျောင်းသူရှိတော့မှာ မဟုတ်ဘူး။ ကျောင်းတက်ဖို့ ရောက်လာတဲ့ကလေးအားလုံးကို လက်ခံပေးတယ်။” လို့ သူကပြောပါတယ်။
နောက်ခံမတူညီတဲ့ မိသားစု၊ ဒေသပေါင်းစုံကလာတဲ့ ကလေးတွေဖြစ်တဲ့အတွက် စည်းကမ်းတစ်ခုအောက်မှာထိန်းရတဲ့အခါ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရမှာလို့ သူကလက်ခံထားပါတယ်။
ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်ဖို့အတွက် ကိုယ်တိုင်ပိုကြိုးစား ပိုလေ့လာပြီး ကိုယ့်ရဲ့အလုပ်မှာလိုအပ်တဲ့ စွမ်းရည် မြှင့်တင် ဖို့ လိုအပ်တဲ့သင်တန်းတွေရှိရင် လေ့လာတာတွေပြုလုပ်ပါတယ်။
ဒါ့အပြင်လူငယ်ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ ကိုယ်လုပ်ချင်တဲ့ပုံစံကို လုပ်ခွင့်မရသေးတဲ့ အနေအထားတွေလည်း ကြုံ တွေ့ရတယ်။
သင်ကြားရေး၊ကလေးတွေနဲ့ ဆရာ၊ဆရာမတွေကို အုပ်ချုပ်တဲ့အခါလုပ်ပိုင်ခွင့်အပြည့်အဝရှိပေမယ့် လူကြီးတွေနဲ့ အမြင် မတူတဲ့ တချို့ကျောင်းလုပ်ငန်းဆောင်ရွက်တဲ့ကိစ္စတွေရှိတဲ့အခါလည်းကြုံရတယ်။ အဲလိုအချိန်တွေဆို ကိုယ့်အမြင်ကို ပြန်လည်ချေပ ရင် လူကြီးတွေကိုမလေးစားရာရောက်မလားဆိုတဲ့စိတ်နဲ့ မပြောဆိုရဲတာမျိုးတွေရှိတယ်လို့ သူကဆိုပါတယ်။
“ ဒါကယဉ်ကျေးမှုနဲ့ဆိုင်တယ်ပြောရမလား။ ငယ်ငယ်ကလူကြီးတွေကို ပြန်ခံမပြောရဘူးဆိုတဲ့အသိက စွဲနေတာကြောင့်လည်း ဖြစ်မယ်။” လို့ သူကဆိုပါတယ်။
တစ်ဖက်မှာလည်း အမျိုးသမီးတစ်ယောက် ဒီလိုစွမ်းဆောင်နိုင်တဲ့အပေါ် ချီးကျူးကြတာတွေလည်းရှိပါတယ်။
ပညာဆည်းပူးရင်းကုန်ဆုံးခဲ့တဲ့ငယ်ဘဝ
ကော်သူးလေ တောင်ငူခရိုင်၊ ထောတထူမြို့နယ်ရဲ့ အညတရ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တဲ့နော်ဟေသီဂျူးဟာ မွေးချင်းရှစ် ယောက်မှာအကြီးဆုံးသမီးဖြစ်ပါတယ်။
အဖေက ကရင်အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတစ်ယောက်ဖြစ်ပြီး အမေက တော့ အခက်အခဲပေါင်းမြောက်များစွာကြားကနေ သားသမီးတွေ ပညာသင်ခွင့်ရအောင် ကြိုးစားရုန်းကန်ပေးတဲ့ အိမ်ထောင် ရှင်မကြီး တစ်ယောက်ဖြစ်ပါတယ်။
သူငယ်တန်းကနေ ၁၀ တန်းအထိမြန်မာပြည်မှာ ကျောင်းတက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းပြီးတဲ့အခါမှာတော့ မယ်လဒုက္ခ သည်စခန်းကို မိသားစုနဲ့အတူရွှေ့ပြောင်းနေထိုင်ခဲ့ကြတယ်။ Leadership and Management Training College (LMTC) လို့ခေါ်တဲ့ ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှု လေ့ကျင့်ပေးတဲ့ကောလိပ်မှာ လေးနှစ်တက်ပြီး Student and Youth Congress of Burma (SYCB) ကဖွင့်တဲ့ Women Leadership and Management Program (LMP)မှာ အမျိုးသမီးတွေအတွက် ခေါင်း ဆောင်မှု စွမ်းရည်သင်တန်းကို တစ်နှစ်ဆက်တက်ဖြစ်ပါတယ်။
သင်တန်းပြီးတော့ ဒုက္ခသည်စခန်းမှာ လုပ်အားပေးအနေနဲ့တစ်နှစ်လောက်စာပြန်သင်ပေးခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ဒုက္ခ သည်စခန်းနဲ့ရွှေ့ပြောင်းလူငယ်တွေအတွက် ထိုင်းနယ်စပ်မှာဖွင့်တဲ့ Australia Catholic University (ACU)မှာ ကျောင်းထပ် တက်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ မြန်မာပြည်ကိုပြန်လာပြီး ထိုလွီဝါးကရင်လူထုအထက်တန်းကျောင်းမှာ ကျောင်းဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။
ငယ်ဘဝရဲ့အချိန်တော်တော်များများကို ကျောင်းတက်ရင်းကုန်ဆုံးခဲ့တယ်။ ကျောင်းတက်တာ၊ ဘုရားကျောင်းမှာ ပါဝင်ဆပ် ကပ်တာ၊ အသင်းတော်ကဖွင့်တဲ့နွေရာသီ ကရင်စာပေသင်တန်းတွေမှာပါဝင်တာ၊ အသင်းတော်ဘုရားကျောင်က ပြိုင်ပွဲတွေ ဝင်ပြိုင်တာစတာတွေလုပ်ရင်းဖြတ်သန်းခဲ့တယ်။
စာဖတ်ရတာဝါသနာပါပြီး စာအုပ်တွေမြတ်နိုးသူလည်းဖြစ်တယ်။ ငယ်ငယ်ကတည်းက ရုပ်ပြစာအုပ်တွေ၊ ဝတ္ထုတွေနဲ့ ကြီးပြင်း ခဲ့ပြီး ကျောင်းသူဘဝရောက်တော့လည်း ထမင်းစားချိန်တွေမှာစာကြည့်တိုက်သွား စာအုပ်တွေဖတ်ကာအချိန်ကုန်ခဲ့တယ်။ ကျောင်ေမဂ္ဂဇင်းအတွက် ဝတ္တုတိုရေးတာ၊အက်ဆေးပြိုင်ပွဲတွေလည်းဝင်ပြိုင်ဖူးခဲ့တယ်။
စာအုပ်စာပေတွေအပြင် အနုပညာတွေမှာလည်းစိတ်ဝင်စားခဲ့သူဖြစ်တယ်။ ပန်းချီဆွဲတာ၊သီချင်းဆိုတာ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ရတာနှစ်သက်ပေမယ့် အနုပညာလုပ်ငန်းလုပ်ဖို့တော့ စိတ်ကူးမကြီးမားခဲ့ဘူး။
ငယ်ငယ်ကတော့ ဆော့ကစားတိုင်း စာသင်တမ်းဆော့တာ၊ဆရာလုပ်ချင်တာစတဲ့ အမူအကျင့်လေးတွေတော့ရှိခဲ့တယ်။
“ ကြီးလာရင်ကျောင်းဆရာလုပ်မယ်ဆိုပြီးတော့ တွေးထားတာတော့မရှိဘူး။ ကျောင်းတက်နေရင်းကျောင်းပြီးရင် လူထုကို အကျိုးပြုမယ့် အရာတွေကိုလုပ်ချင်တယ်။ အထူးသဖြင့် ကျွန်မသင်ယူလေ့လာရတဲ့ အရာတွေကိုပြန်ဝေမျှချင်တယ်။ လူထုကို အသိပညာတွေပေးချင်တယ်။ အဲ့လိုစိတ်ကူးအိပ်မက်ပဲရှိခဲ့တယ်။” လို့ နော်ဟေသီဂျူးက သူ့စိတ်ကူးကိုပြောပါတယ်။
လူငယ်အမျိုးသမီးတွေကိုလည်း လှပတဲ့ရိုးရာယဉ်ကျေးမှုတွေ၊ဓလေ့ထုံးတမ်းတွေကို မြှင့်တင်ဖို့လိုရင်မြှင့်တင်ဖို့ တစ်ဖက်မှာ လည်း အမျိုးသမီးတွေကိုဆွဲချနေတဲ့အရာ၊နိမ့်ကျစေတဲ့၊ခွဲခြားစေတဲ့အရာဆိုရင်တော့ ပြောင်းလဲဖို့လိုအပ်ရင်ပြောင်းပေးရမယ် လို့ သူကအကြံပြုပါတယ်။
“ ကိုယ့်ယဉ်ကျေးမှုမပပျောက်အောင် တဖက်မှာနိုင်ငံတကာစံချိန်နဲ့လည်းသွားရမယ်။ ကိုယ်ကိုတိုင်ကလည်း အမျိုးသမီး အချင်းချင်းခွဲခြားတာ ဆွဲချတာလည်းမဖြစ်အောင်ကြိုးစားပြီး အမျိုးသမီးအချင်းချင်းဖေးမပါ။ အားပေးပါ။ ပြီးရင်လိုအပ်တဲ့ ပညာရပ်တွေကိုဆည်းပူးပါသင်ယူပါ။” လို့ တိုက်တွန်းပါတယ်။
အခုအချိန်မှာလည်း ကိုယ့်လူမျိုးအတွက် ဒေသအတွက် ကိုယ့်နိုင်ငံအတွက် မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ့်တိုင်းရင်းသား လူမျိုး အားလုံးကို မတရားအုပ်ချုပ်ခံရတဲ့စနစ်ကလွတ်မြောက်စေချင်ပြီး ဘဝတွေကိုတိုးတက်ကာ အသိအမြင်တွေပွင့်ကာ တန်းတူ ညီမျှတဲ့ အခွင့်အရေးတွေရစေချင်တယ်လို့ နော်ဟေသီဂျူးကဆိုပါတယ်။
“ ကျွန်မဒါတွေကိုတစ်ယောက်ထည်းလုပ်လို့မရဘူး။ ဒါပေမယ့်ကျွန်မတတ်နိုင်တဲ့အရာ၊ ကျွန်မစလုပ်နိုင်တဲ့အရာကနေ လုပ်ဖို့ ဆုံးဖြတ်ထားတယ်။” လို့ သူ့ဆုံးဖြတ်ချက်ကို ပြောပါတယ်။
ပညာရေးမှာလည်း ကလေးတွေကိုလွတ်လပ်စွာ၊လုံခြုံစွာပညာသင်ကြားခွင့်ရကာ ကောင်းမွန်တဲ့ပညာရပ်တွေကို သင်ကြားခွင့် ရအောင်ကြိုးစားပေးချင်တယ်လို့ သူကပြောပါတယ်။
တစ်နေ့မှာ သူတို့သင်ကြားလေ့လာရတဲ့ပညာရပ်တွေပြန်လည်အသုံးချပြီး မိမိတစ်ဦးတည်းအတွက်မရပ်တည်ဘဲ အများအကျိုး အတွက် လူထုအကျိုးသယ်ပိုးတဲ့တန်ဖိုးရှိတဲ့ကလေးတွေ လူငယ်တွေအနေနဲ့မြင်ချင်တာကတော့ နော်ဟေသီဂျူးရဲ့ဆန္ဒပါပဲ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.