30 August 2023
သြဂုတ်၊ ၃၀
အာဏာသိမ်းစစ်ကောင်စီနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်တွေကို ပူးပေါင်းလုပ်ဆောင်နေတဲ့ အာဆီယံရဲ့ ဆောက်ရွက်ချက်ကို အာဆီယံ လူသားချင်စာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန(AHA ) ညွှန်ကြားရေးမှူးဟောင်းကဝေဖန်လိုက်ပါတယ်။
“စစ်အာဏာရှင်နဲ့ သွားပြီးအလုပ်မလုပ်ပါနဲ့။စစ်တပ်ဆီက ခွင့်ပြုချက်တောင်းစရာမလိုဘဲနဲ့ ပေးရမှာ။ ဖွဲ့စည်းပုံနဲ့ မညီတဲ့ မတရားအာဏာလုအဖွဲ့တွေကို အခြေပြုပြီး ချည်းကပ်တာတွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်” လို့ Ibu Adelina Kamal က ပြောပါတယ်။
Ibu Adelina Kamal ဟာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှာစတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံ လူသားချင်စာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA) မှာ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးတာဝန်နဲ့ ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမျိုးသမီးတဦးလည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ သြဂုတ်လ ၃၀ ရက်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ချဉ်းကပ်မှုနဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းများကို တုံ့ပြန်မှုအပေါ် ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ဆွေးနွေးပွဲ အစီအစဉ်မှာ သူက အခုလို ပြောသွားခဲ့တာပါ။
လူသားချင်းစာနာမှုအကူအညီတွေကို(စစ်ကောင်စီထက် ) မြန်မာလူထုက ယုံကြည်ကိုးစားတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နယ်ခံပြည်တွင်းအဖွဲ့တွေကနေတဆင့် နည်းလမ်းပေါင်းစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပေးဖို့ကိုလည်း AHA ကို တိုက်တွန်းခဲ့ပါတယ်။
“အကူအညီဆိုတာထက် ဘယ်လိုလမ်းကြောင်းကနေ ပေးတယ်ဆိုတာက အရေးပါတယ်” လို့ Ibu Adelina Kamal က ပြောပါတယ်။
အာဆီယံဘက်ကတော့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို AHA စင်တာကနေတဆင့် ပေးအပ်နိုင်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ၂၀၂၂ ခုနှစ်ကတည်းကနေ အခုအချိန်အထိ ပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံညှိနှိုင်းအစည်းအဝေးကို စစ်ကောင်စီ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ တက်ရောက်ခွင့်ရခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အဲဒီအစည်းအဝေးကို တက်ရောက်ခွင့်ရဖို့နဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့်နည်းလမ်းတွေကို ဆွေးနွေးနိုင်ဖို့ အာဆီယံတာဝန်ရှိသူတွေထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်တုံ့ပြန်တာမရှိဘူးလို့ နောက်တရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ထဲမှာတော့ အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီ တွေပေးဖို့ဆိုတာ ပါရှိပေမယ့်ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုပြီး ကန့်သတ်ထားတာတော့ မရှိပါဘူး။
Ibu Adelina Kamal ကတော့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ လူသားချင်းစာနာမှု အကူအညီတွေပူးပေါင်းပြီးလုပ်ဆောင်ရင်းစစ်ကောင်စီက သူတို့ကို ဝင်ခွင့်ပေးလာမယ်ဆိုပြီး စိတ်ကူးယဉ်နေတာလို့လည်း ဝေဖန်ပါတယ်။
” စစ်တပ်က ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ထားတဲ့ဒေသတွေဆီ သူတို့ကို ဝင်ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်နေတာက လုံးဝကို ဂယောင်ချောက်ချား စိတ်ကူးယဉ်နေတာ။ ရန်ကုန်လေဆိပ်ကနေတဆင့် အကူအညီတွေကို ပေးမယ်ဆိုတာက အိုဟောင်းနေတဲ့ အတွေးအခေါ်ဖြစ်နေပြီ။ ဒါအလုပ်ဖြစ်မှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် AHA စင်တာဟာလည်း သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေကို လူသားချင်းစာ နာ ထောက်ထားရေးအကူအညီပေးဖို့အတွက် ပြင်ဆင်ထားတဲ့ ယန္တရားသာဖြစ်တဲ့အတွက် အာဆီယံချာတာနဲ့ဆန့်ကျင်တဲ့ အာဏာရှင်တွေ ပြောရေးဆိုခွင့်မရသင့်ဘူးလို့လည်း ထောက်ပြပါတယ်။
” သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သဘောတူညီချက်က အိမ်ရှင်နိုင်ငံပါရမယ် ဆုံးဖြတ်ချက်ချတဲ့ နေရမှာ။ အခုက သဘာဝဘေးအန္တရာယ်မဟုတ်ဘူးလေ။ ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ ကျူးလွန်သူကိုပါ ဆုံးဖြတ်ခွင့်ပေးသလို ဖြစ်နေတာပေါ့” လို့ သူက ဆက်ပြောပါတယ်။
အာဆီယံရဲ့ မူဝါဒရေးရာမူဘောင်ထဲမှာ နိုင်ငံရေးအကျပ်အတည်းကြောင့်ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ဖြေရှင်းဖို့ မူဘောင်ရှိမလို့တဲ့အတွက် အာဆီယံရဲ့ မူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့လိုတယ်လို့လည်း Ibu Adelina Kamal က ယူဆပါတယ်။
” မြန်မာပြည်တွင်း လူသားချင်းစာနာမှု အကျပ်အတည်းတွေက အာဆီယံကို ပြန်ပြီးတော့ အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ သံချောင်းခေါက်သလိုဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.